နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လစ်ဗာပူးလ်နဲ့ သရေကျပြီး ၈ မှတ်ဖြတ် ဦးဆောင်နိုင်မယ့် အခွင့်အရေး ဆုံးရှုံးခဲ့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

အာဆင်နယ်က ဒီကနေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ လစ်ဗာပူးလ်နဲ့ ဂိုးမရှိ သရေကျသွားခဲ့ပါတယ်။ အာဆင်နယ်က ဒီပွဲမှာ အနိုင်ရရင် အနီးဆုံး ပြိုင်ဘက် မန်စီးတီးနဲ့ ဗီလာကို ၈ မှတ် ဖြတ်နိုင်မှာ ဖြစ်ပေမယ့် ဒီအခွင့်အရေး ကိုတော့ အသုံးချနိုင်ခြင်း မရှိခဲ့ပါဘူး။

 

ပွဲစဉ်အကျဉ်း

ဒီပွဲမှာ အာဆင်နယ်က အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီးတော့ လစ်ဗာပူးလ် မှာတော့ အစ်ကီတီကေး၊ အိဆက်ခ်၊ ဆာလာ၊ အန်ဒိုတို့ မပါဝင်ခဲ့ပါဘူး။ ပထမပိုင်းရဲ့ ပွဲကစားချိန် အများစုကို အာဆင်နယ်တို့ အသာစီးရယူ စိုးမိုး ကစားနိုင်ခဲ့ပါတယ်။ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၂၀ ကျော်ကနေ ၂၉ မိနစ် ဝန်းကျင်လောက် အတွင်း အာဆင်နယ်တို့ ကစားပုံ ပျက်နေခဲ့ပြီး ခံစစ်က ဆလီဘာ နဲ့ ရာယာ တို့ နားလည်မှု လွဲခဲ့ရာ ကနေ ဘရက်ဒ်လေက အခွင့်ကောင်းယူ ကန်သွင်းခဲ့ပေမယ့် ဂိုးဘားတန်း ထိမှန်ခဲ့လို ဂန်းနားတို့ သက်သာရာ ရခဲ့ပါတယ်။ ဆာကာ အနေနဲ့ ပထမပိုင်းမှာ ခြေစွမ်းပြခဲ့သလို ပြိုင်ဘက် ခံစစ်ကြောင်း အကြိမ်ကြိမ် ဖြတ်ကျော်ကာ ဖန်တီးမှုတွေနဲ့ ထိုးဖောက်မှု‌တွေ အကြိမ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ထရော့ဆက်ဒ်ရဲ့ ဘယ်ခြမ်း တိုက်စစ် ကလည်း ထိထိရောက်ရောက် ကစားနိုင်ခဲ့ပေမယ့် ဟင်ကပ်ပီယေ ကတော့ ဒီနေ့ပွဲမှာ လမိုင်းမကပ်ခဲ့ပါဘူး။

ဒုတိယပိုင်း မှာတော့ အာဆင်နယ်ရဲ့ ကစားပုံက တော်တော်လေး အားနည်းသွားခဲ့ပြီး အဓိက ကတော့ နိုင်လိုစိတ် ပျောက်ဆုံးနေခဲ့သလိုမျိုး မြင်တွေ့ခဲ့ရပါတယ်။ ၀-၀ ရလဒ် ဖြစ်နေပေမယ့် အာဆင်နယ်က Risk ယူပြီး ပွဲကို ဖြတ်ရမယ့် အစား ပွဲကို ထိန်းသွားခဲ့တာကြောင့် လစ်ဗာပူးလ်တို့ အခွင့်အရေးတချို့ ပြန်ရခဲ့ပါတယ်။ မီခဲလ် အာတေးတား အနေနဲ့ Risk ယူပြီး ၈ မှတ် သို့မဟုတ် ၅ မှတ် ဖြတ်ဖို့ထက် ပိုပြီး သေချာမယ့် ၆ မှတ် ဆက်လက် ဖြတ်ထားနိုင်မယ့် အခြေအနေကိုပဲ ရွေးချယ်ခဲ့တယ်လို့ပဲ မြင်ပါတယ်။ ဒီဆုံးဖြတ်ချက်က အာဆင်နယ် ပရိသတ်တွေ အတွက် ကျေနပ်စရာ မဟုတ်ပေမယ့် တစ်ဖက်က ပြန်ကြည့်ရင်တော့ အရမ်းကြီးလည်း မမှားတဲ့ ဆုံးဖြတ်ချက်မျိုး ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကတော့ ၂၀၁၀ ခုနှစ် မတ်လက ဝီဂန်နဲ့ ကစားခဲ့တဲ့ပွဲ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲမှာ ဂိုးပေါက် တည့်မှု တစ်ကြိမ်မျှ မရှိခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ ၁၄ မှတ် အထိ ပြတ်တောက်နေဆဲ လစ်ဗာပူးလ်

ဒုတိယပိုင်းမှာ အာဆင်နယ်က လစ်ဗာပူးလ် ဂိုးပေါက်ကို ၃ ကြိမ်သာ ခြိမ်းခြောက်နိုင်ခဲ့ပြီး ဂိုးပေါက် တည့်မှု ကလည်း ၂ ကြိမ်သာ ရှိခဲ့ပါတယ်။ လစ်ဗာပူးလ် ကလည်း ဒုတိယပိုင်းမှာ ဘောလုံး ပိုင်ဆိုင်မှု အသာပြန်ရခဲ့ပေမယ့် ဂိုးပေါက် ကန်ချက် ၅ ကြိမ် ရှိခဲ့သည့် တိုင်အောင် ဂိုးပေါက် တည့်မှုတော့ မရှိခဲ့ပါဘူး။

ပွဲချိန်အတွင်း မာတင်နယ်လီ အနေနဲ့ ဒူးဒဏ်ရာရသွားတဲ့ ဘရက်ဒ်လီကို တွန်းထုတ်ဖို့ ကြိုးစားခဲ့တာကြောင့် နှစ်ဖက်အသင်းကြားမှာ တင်းမာမှုတွေ ရှိခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီပွဲ ရလဒ်ကြောင့် ၅ ပွဲ ဆက်တိုက် အနိုင်ရရှိမှု ရပ်တန့်သွားခဲ့ပေမယ့် မန်စီးတီးနဲ့ အက်စတွန်ဗီလာ တို့ကို ၆ မှတ် ဖြတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ကတော့ ၃ ပွဲဆက် သရေကျခဲ့တာကြောင့် ဦးဆောင်သူ အာဆင်နယ်နဲ့ ၁၄ မှတ် ပြတ်နေဆဲပါ။

 

ပွဲစဉ်ရဲ့ ထူးခြားချက်များ

စိတ်ဝင်စားစရာ ဒီထိပ်တိုက် တွေ့ဆုံမှုက အများစု မျှော်လင့်ထားတဲ့ အတိုင်း ရလဒ် ထွက်ပေါ်ခဲ့ခြင်းတော့ မရှိပါဘူး။ ဒီနှစ်သင်းဟာ ၂၀၁၅ ခုနှစ် ဩဂုတ်လ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ပထမဆုံး အကြိမ် အဖြစ် ဂိုးမရှိ သရေကျခဲ့တာ ဖြစ်ပါတယ်။ နှစ်သင်းပေါင်း မျှော်လင့်ဂိုး (xG) ၀.၉၃ ဂိုးသာ ရှိခဲ့ပြီး အာဆင်နယ်က ၀.၅၇ xG ၊ လစ်ဗာပူးလ်က ၀.၃၆ xG သာ ရှိခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ ၂၀၁၀ ခုနှစ် မတ်လက ဝီဂန်နဲ့ ကစားခဲ့တဲ့ပွဲ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲမှာ ဂိုးပေါက် တည့်မှု တစ်ကြိမ်မျှ မရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ကြိုးကြာနီတွေ အတွက် ပွဲ ၆၀၀ အကြာမှ ရင်ဆိုင်ခဲ့ရတဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်လည်း ဖြစ်ပါတယ်။

တစ်ဖက် မှာလည်း အာဆင်နယ်က ပရီးမီးယားလိဂ် နောက်ဆုံး ၃၂ ပွဲမှာ ၂ ပွဲသာ ဂိုးမသွင်းနိုင်ခဲ့ဘဲ လစ်ဗာပူးလ်နဲ့ တွေ့ဆုံချိန်တွေမှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ လိဂ်ဦးဆောင်သူ အဖြစ် လစ်ဗာပူးလ်နဲ့ ရင်ဆိုင်ရာမှာ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲစလုံးကို အနိုင်မရခဲ့ဘဲ (၄ ပွဲသရေ၊ ၁ ပွဲရှုံး) ရလဒ်ကိုသာ ရရှိထားခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

အာဆင်နယ်က ဇန်နဝါရီ ၁၁ ရက်မှာ ပို့စ်မောက်နဲ့ အက်ဖ်အေဖလား တတိယအဆင့် ကစားရမှာ ဖြစ်ပြီး ၁၅ ရက်နေ့မှာ ချဲလ်ဆီးနဲ့ ခရာဘောင်ဖလား ဆီမီးဖိုင်နယ်၊ ၁၈ ရက်နေ့မှာတော့ နော့တင်ဟမ်ဖောရက်စ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ဆက်တိုက် ကစားရမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ကတော့ ၁၃ ရက်နေ့မှာ ဘန်စလေနဲ့ အက်ဖ်အေဖလား၊ ၁၇ ရက်နေ့မှာ ဘန်လေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ကစားရမှာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်