ားလိဂ် ချန်ပီယံဆုကို ပြန်လည် ရယူလိုနေပါတယ်။ ဒါကြောင့် အာတေးတားက သူ့ အသင်းသားတွေကို နှစ်သစ် ကျိန်စာဆိုးတွေကို အဆုံးသတ်ဖို့နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အရယူသွားဖို့ အသင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် နှစ်ကုန်ချိန်မှာ အမှတ်ပေးဇယား အဆင့် ၁ နေရာ ရပ်တည်နိုင်ခဲ့တာက ၅ ကြိမ် အထိ ရှိခဲ့ပေမယ့်လည်း အဲဒီ ၅ ကြိမ်စလုံး ဗိုလ်မစွဲခဲ့ပါဘူး။ အဲဒီ ၅ ကြိမ် ကတော့ ၂၀၀၃၊ ၂၀၀၈၊ ၂၀၁၄၊ ၂၀၁၆နဲ့ ၂၀၂၃ ခုနှစ်တွေမှာ ဖြစ်ပြီး နှစ်ကုန်ချိန်မှာ အဆင့် ၁ နေရာ မရခဲ့တဲ့ ၂၀၀၄ ခုနှစ် မှာတော့ တစ်ရာသီလုံး ရှုံးပွဲ မရှိစံချိန်နဲ့ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။
၂၀၂၂-၂၃ ရာသီတုန်းက အာဆင်နယ်တို့ အမှတ်ပေးဇယားထိပ်မှာ ၂၄၈ ရက်ကြာ ရပ်တည်ခဲ့ပေမယ့် ရာသီကုန်ဖို့ ၆ ပွဲ အလိုမှာ မန်စီးတီးရဲ့ ကျော်တက်ခြင်း ခံခဲ့ရပြီး အဆင့် ၂ နေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒါ့အပြင် အာဆင်နယ်က နောက်ဆုံး ၄ ရာသီ အတွင်း ၃ ကြိမ် ဒုတိယ ရရှိကာ တတိယ ၁ ကြိမ် ရရှိခဲ့ပါတယ်။ ဒီနှစ်မှာလည်း အာဆင်နယ်က မန်စီးတီးကို ၄ မှတ် ဖြတ်ကာ အဆင့် ၁ နေရာမှာ ရပ်တည်နေပြီး ဒီတစ်ကြိမ် မှာတော့ မီခဲလ် အာတေးတားက သူတို့ရဲ့ ကံကြမ္မာဆိုးကို အဆုံးသတ်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ဆယ်စုနှစ် ၂ ခု ကျော် အကြာ ဝေးကွာနေမှုကို သတင်းထောက်တွေက မီခဲလ် အာတေးတားကို မေးမြန်းရာမှာတော့ “ရိုက်ချိုးလိုက်ကြတာပေါ့။ အဲဒါကြောင့်ပဲ ကျွန်တော့်ရဲ့ ကစားသမားတွေက နေ့တိုင်းကို လေ့ကျင့်ခန်းအစီအစဉ်မှာ ဒါမှမဟုတ် ပွဲကစား ရဖို့ ရှိနေတဲ့အခါ အစွမ်းကုန် ကြိုးစားနေကြတာပါ။ သူတို့ ဘယ်လောက်အထိ စိတ်ဆန္ဒပြင်းပြနေလဲ ဆိုတာ သူတို့ အားထုတ်မှုကို ကြည့်ရင် မြင်တွေ့နိုင်ပါတယ်။ ကျွန်တော်တို့ လိုအပ်တာလည်း အဲဒီအချက်ပါပဲ။ ရာသီကုန်ဖို့က ၅ လလောက် လိုသေးတာကြောင့် ကျွန်တော်တို့ အနေနဲ့ တစ်ရက်ချင်းပဲ ကျော်ဖြတ်ရမှာပါ။”

“လက်ရှိ ကျွန်တော်တို့ ရောက်နေတဲ့နေရာက ကျေနပ်စရာ ကောင်းပြီး အဲဒီနေရာမှာ ဆက်လက် ရပ်တည်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ (အခု) ဘုန်းမောက်နဲ့ ပွဲကို အာရုံစိုက်ရပါမယ်။ မနက်ဖြန် ပွဲစဉ်က ဘယ်လောက် ခက်ခဲမယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အားလုံးက ဒီပွဲမှာ အပြည့်အဝ အာရုံစိုက်ကြမှာပါ။” လို့ အာတေးတားက ဆိုပါတယ်။
စပိန်သားက ရာသီဝက်မှာ သူ့အသင်းရဲ့ အနေအထားကို ကျေနပ်ပေမယ့် “အမြဲတမ်း ပိုကောင်းလာဖို့ လိုအပ်တယ်။” လို့လည်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။ “တိုးတက်အောင် လုပ်ရမယ့်အရာတွေ အများကြီး ရှိတယ် ဆိုတာ ထင်ရှားပါတယ်။ ကျွန်တော်တို့ သိတာက အမြဲတမ်း နောက်လာမယ့် ပွဲစဉ်ကို အကောင်းဆုံး ဆက်သွားဖို့ပါပဲ။ ပြိုင်ဘက်တိုင်း သူတို့ကို အနိုင်ယူဖို့ ဘယ်လောက် ခက်ခဲတယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။” အာဆင်နယ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အက်စတွန်ဗီလာကို ၄-၁ ရလဒ်နဲ့ အနိုင်ယူပြီး ၂၀၂၅ ကို အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ပါတယ်။ အာဆင်နယ်က လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာ ဘုန်းမောက်၊ လစ်ဗာပူးလ်၊ ဖောရက်စ်၊ မန်ချက်စတာယူနိုက်တက်၊ လိဒ်စ် တို့နဲ့ ကစားရမှာပါ။ ဒါ့အပြင် ကြားရက်တွေ မှာလည်း ပို့စ်မောက် (အက်ဖ်အေဖလား)၊ ချဲလ်ဆီး (ခရာဘောင်ဖလား)၊ အင်တာမီလန် (ချန်ပီယံလိဂ်)၊ ကိုင်ရတ် အဲလ်မာတီ (ချန်ပီယံလိဂ်) တို့လည်း ကစားရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


