နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Olympics 2024 Daily Missions July to August – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာဖြစ်ချင်မှန်းမသိတဲ့ ကစားပုံနဲ့ ဝက်စ်ဟမ်းကို ဂိုးပြတ် အရှုံးပေးလိုက်ရတဲ့ အာဆင်နယ် | ခရာဘောင်ဖလား ပွဲပြီးသုံးသပ်ချက်

မနေ့ညက ကစားခဲ့တဲ့ နောက်ထပ် ခရာဘောင်ဖလား စတုတ္ထအဆင့် ပွဲစဉ်မှာတော့ အာဆင်နယ်တို့ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ၃-၁ ရလဒ်နဲ့ အပြတ်အသတ် ရှုံးပြီး ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဝက်စ်ဟမ်းတို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး အဂူရက်ဒ်၊ ဆိုချက်ခ်၊ ဆိုဖယ်၊ ဘန်ရားမား၊ ပက်ကေးတား၊ ကူဒုစ်၊ ဘိုဝင် တို့ ပါဝင်လာခဲ့ပါတယ်။ အာဆင်နယ် ကတော့ ဆာကာ နေရာမှာ နဲလ်ဆင်၊ ရိုက်စ် နေရာမှာ ဗီအဲရာ တို့ ပါဝင်လာခဲ့ပြီး ဂျော်ဂျင်ဟို၊ ဟာဗက်ဇ်၊ အန်ကတ်တီးယား၊ ကီဗီယော၊ ဝှိုက်၊ ဂါဘရီရယ်၊ ဇင်ချန်ကို၊ ရမ်းစ်ဒေးလ် တို့လည်း ပွဲထွက်ခဲ့ပါတယ်။ 

ပွဲမတိုင်ခင် ကျနော်တို့ မျှော်လင့်ခဲ့ကြတဲ့ အတိုင်းပဲ အာဆင်နယ်တို့ ပွဲကို အရှုံးနဲ့ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ဘာဖြစ်ချင်မှန်းမသိတဲ့ ကစားပုံကြောင့် ဝက်စ်ဟမ်းရဲ့ နှိပ်ကွပ်တာ ခံခဲ့ရတယ်လို့ အလွယ်တကူ ပြောလို့ ရပါတယ်။ ဝက်စ်ဟမ်း အတွက် ဂိုးတွေ ကိုတော့ ဝှိုက် (OG)၊ ကူဒုစ်နဲ့ ဘိုဝင် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် အတွက် တစ်လုံးထဲသော ချေပဂိုး ကိုတော့ လူစားဝင်လာတဲ့ မာတင် အိုဒီဂတ်က ၉၀’+၄ မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်း ကတော့ ဒီနိုင်ပွဲကြောင့် ၄ ပွဲဆက် ရလဒ်ဆိုးနေမှု အောက်ကနေ ရုန်းထွက်နိုင်ခဲ့ပြီး ခရာဘောင်ဖလား ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါပြီ။
လာမယ့် ရက်မှာ နယူးကာဆယ်နဲ့ အရေးကြီးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရမယ့် အာဆင်နယ်

အာဆင်နယ်ရဲ့ ပထမပိုင်း ကစားဟန် မဆိုးခဲ့ပေမယ့် ဒုတိယပိုင်း ခြေစွမ်းကတော့ ပြတ်သားတဲ့ ဦးတည်ချက်မျိုး ကင်းမဲ့ခဲ့ပါတယ်။ နည်းပြ မီခဲလ် အာတေးတား အနေနဲ့ ပြိုင်ပွဲ ကြီးတွေကို အသေအချာ အာရုံစိုက်ချင်လို့ ဒီပွဲကို ရှော်လိုက်တယ်လို့တောင် ထင်မိပါတယ်။ တချို့သော ပရိသတ်တွေ ကတော့ ဒီပွဲကို ရှုံးအောင် ကန်ဖို့တောင် လိုလားခဲ့ကြတာကြောင့် အရမ်းကြီး ခံစားနေစရာ မလိုတဲ့ အရေးနိမ့်မှုမျိုး ဖြစ်ပေမယ့်လည်း သဘောမကျမိတဲ့ အမှားများစွာတော့ ရှိခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် အာတေးတား ကိုယ်တိုင် ကလည်း ပွဲအပြီးမှာ အခုလိုပဲ ဝန်ခံခဲ့ပါတယ်။

“ဒီ စိတ်ပျက်စရာ ရှုံးပွဲ အတွက် ကျနော့်မှာ တာဝန်ရှိပါတယ်။ ကျနော် အရမ်းပဲ စိတ်ပျက် မိပါတယ် ၊ ဒီရှုံးပွဲ အတွက် ကျနော့်မှာ တာဝန်ရှိတယ် ဆိုတာလည်း ထင်ရှားပါတယ် ၊ ကျနော်တို့ ဒီဖလား ပြိုင်ပွဲက ထွက်ခွာခဲ့ရပါပြီ ၊ တကယ်တော့ ကျနော် တို့ဟာ အခုနဲ့ ခြားနားတဲ့ ကစားပွဲတစ်ခုကို ကစားပြချင်ခဲ့တာပါ ၊ ပြီးခဲ့တဲ့ (၄၈) နာရီ အတွင်း ကျနော်တို့ ဆွေးနွေးခဲ့ကြတဲ့ ပုံစံမျိုး နဲ့ ယှဉ်ပြိုင်ချင်ခဲ့တာပါ ၊ ဒါပေမယ့်လည်း ပွဲထဲမှာ ကျနော်တို့ ကစားသွားခဲ့တဲ့ ပုံစံက အဲ့ဒီအရာနဲ့ အရမ်းကို ခြားနားလွန်းပါတယ် ၊ ဘောလုံးမှာ အရေးကြီးဆုံးက ဒီကနေ့ ဘာလုပ်ပြနိုင်လဲ ဆိုတာပါပဲ ၊ လွန်ခဲ့တဲ့ (၃)ရက်က မင်း ဘာစွမ်းဆောင်နိုင်ခဲ့လဲ ဆိုတာက အသုံးမဝင်ပါဘူး ၊ မနက်ဖြန် ထရိန်နင်က ကျနော်တို့ အတွက် အရေးကြီးဆုံး ဖြစ်လာမှာပါ ၊ ဒီရှုံးပွဲကို အသုံးချပြီး လာမယ့် နယူးကာဆယ်နဲ့ ပွဲအတွက် အကောင်းဆုံး ပြင်ဆင် သွားရပါမယ်။”

ပရီးမီးယားလိဂ်
အဲဗာတန်
ဘရိုက်တန်
1X2 သရေ (Draw) @ 3.50
ဂိုးပေါ် 3.00 @ 2.00
ဂိုးပေါင်း 2-3 @ 2.06
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အာတေးတား ပြောသလိုပဲ အာဆင်နယ်တို့ ခရာဘောင်ဖလား ကနေ ထွက်ခွာခဲ့ရပေမယ့် လာမယ့် နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ်မှာတော့ မဖြစ်မနေ ရလဒ်ကောင်းဖို့ လိုအပ်နေပါပြီ။ နယူးကာဆယ်ဟာ ဝက်စ်ဟမ်း လိုပဲ ရုပ်ပိုင်းဆိုင်ရာ အသားပေး ကစားပြီး Mid Block ရော၊ Low Block ပါ ကောင်းတဲ့ အသင်း ဖြစ်တာကြောင့် အာဆင်နယ် တိုက်စစ်က ရှက်ဖီးလ်နဲ့ ပွဲတုန်းကလိုမျိုး ထက်မြတ်ဖို့တော့ အရေးကြီးပါတယ်။ 

အခုဆိုရင် အာဆင်နယ်တို့ ခရာဘောင်ဖလား ကနေ ထွက်ခွာခဲ့ရပြီ ဖြစ်တာကြောင့် ကျန်ပြိုင်ပွဲတွေ ဖြစ်တဲ့ ပရီးမီးယားလိဂ်၊ အက်ဖ်အေနဲ့ ချန်ပီယံလိဂ် တို့ကို အပြည့်အဝ အာရုံစိုက်နိုင်ပါပြီ။ ဒီဇင်ဘာ ပွဲကြပ်ကာလလည်း ရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် အကောင်းဆုံး ပုံစံ ရှိနေမှပဲ ချန်ပီယံဆုတွေကို မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ 

ဝက်စ်ဟမ်း ကတော့ ဒီနိုင်ပွဲကြောင့် ၄ ပွဲဆက် ရလဒ်ဆိုးနေမှု အောက်ကနေ ရုန်းထွက်နိုင်ခဲ့ပြီး ခရာဘောင်ဖလား ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါပြီ။ အဲ့ဒီ အဆင့်မှာတော့ ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ်နဲ့ တွေ့ဆုံနေလို့ လွယ်ကူနိုင်ဖို့တော့ မရှိပါဘူး။

ဝက်စ်ဟမ်းတို့ လာမယ့် နိုဝင်ဘာ ၄ ရက်နေ့မှာ လန်ဒန်မြို့ခံ ပြိုင်ဘက် ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး အာဆင်နယ် ကလည်း နယူးကာဆယ်ကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်