နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပီအက်စ်ဂျီနဲ့ အဆင်မပြေ ဖြစ်နေတဲ့ မူအာနီကို စိတ်ဝင်စားနေတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် အာဆင်နယ် ကတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဂန်းနားတွေက ထိပ်တန်း အဆင့် ရှိတဲ့ တိုက်စစ် ကစားသမား တစ်ဦး ရှာဖွေလျက် ရှိပြီး ပစ်မှတ်ထားနေတဲ့ ကစားသမားတွေလည်း များစွာ ရှိနေခဲ့ပါတယ်။ အခု နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရတော့ အာဆင်နယ်က ပီအက်စ်ဂျီရဲ့ ပြင်သစ် တိုက်စစ်မှူး ရန်ဒဲလ် ကိုလို မူအာနီကို စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပြန်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်း အတွက် ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးရဲ့ တောင်ပံ ကစားသမား ရာဟင်းမ် စတာလင်ကို အငှားနဲ့ ခေါ်ယူထားခဲ့ပါတယ်။ ဒါပေမယ့်လည်း စတာလင်ကို ခေါ်ယူခဲ့တာက အသင်း အတွက် အကျိုးပြုတဲ့ ခေါ်ယူမှု တစ်ခု ဖြစ်မနေခဲ့တာကြောင့် လာမယ့် ဆောင်းရာသီ ဈေးကွက်မှာ တိုက်စစ် ကစားသမား တစ်ဦး မဖြစ်မနေ အင်အား ဖြည့်တင်းဖို့ လိုအပ်နေခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်က ခေါ်ယူချင်နေတဲ့ တိုက်စစ် ကစားသမား တွေထဲ မှာတော့ နယူးကာဆယ်က ဆွီဒင် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်က ထိပ်ဆုံး ကနေ ပါဝင်နေပြီး ဂျူဗင်တပ်စ်ရဲ့ ဆာဘီးယား တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ် ကိုလည်း ချိန်ရွယ်နေကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါ့အပြင် အာဆင်နယ်က အခုနောက်ဆုံး မှာတော့ အိဆက်ခ်နဲ့ ဗလာဟိုဗစ် တို့ အပြင် ပီအက်စ်ဂျီမှာ အဆင်မပြေ ဖြစ်နေတဲ့ တိုက်စစ် ကစားသမား ရန်ဒဲလ် ကိုလို မူအာနီ ကိုပါ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူးက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာပဲ ပီအက်စ်ဂျီ ကနေ ထွက်ခွာရဖို့ ရှိနေတဲ့ ကစားသမား စာရင်းမှာ ပါဝင်နေသူ ဖြစ်ပါတယ်။ မူအာနီဟာ အထောင်တိုက်စစ်နဲ့ တောင်ပံ နှစ်ဖက်စလုံးမှာ ကစားနိုင်သူ ဖြစ်ပြီး ပီအက်စ်ဂျီနဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မူအာနီက ဒီရာသီမှာ ပီအက်စ်ဂျီ အတွက် ပွဲထွက်ခွင့် မရသလောက် ဖြစ်နေသလို နည်းပြ လူးဝစ် အင်းနရစ်ခ် သိပ်ပြီး သဘောမကျတဲ့ ကစားသမားလည်း ဖြစ်နေပါတယ်။

သတင်းတွေ အရ ဆိုရင် မူအာနီကို ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကလည်း အငှားနဲ့ ခေါ်ယူသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိမှာ အာဆင်နယ် ကလည်း အားနည်းနေတဲ့ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် မူအာနီ ကိုပါ ပစ်မှတ်ထားလာတာကြောင့် အပြိုင်အဆိုင်တော့ ကြိုးပမ်းရဖို့ ရှိနေပါတယ်။ လက်ရှိ ပြောင်းရွှေ့ကြေးတွေ အရ ဆိုရင်တော့ မူအာနီရဲ့ တန်ကြေးက အလက်ဇန္တား အိဆက်ခ်နဲ့ ဒူဆန် ဗလာဟိုဗစ် တို့ထက် သက်သာနိုင်ဖို့တော့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်