နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ထိပ်တန်း တိုက်စစ်မှူး တစ်ဦး ခေါ်ယူသွားဖို့ ရှိနေတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အသင်းကို အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်သွားဖို့ ရှိနေဆဲ ဖြစ်ကြောင်း သိရပါတယ်။ ဂန်းနားတွေဟာ သူတို့ အသင်းရဲ့ အဓိက လိုအပ်ချက် ဖြစ်တဲ့ တိုက်စစ်ပိုင်း အတွက် ထိပ်တန်း ကစားသမားသစ် တစ်ဦး ခေါ်ယူဖို့ အဓိကထား စီစဉ်နေတာလည်း ဖြစ်ကြောင်း သိရပါတယ်။

အာဆင်နယ်က လက်ရှိမှာ ဂျာမနီ တိုက်စစ် ကစားသမား ကိုင် ဟာဗက်ဇ်ကို အဓိက တိုက်စစ်မှူး အဖြစ် အသုံးပြုလျက် ရှိနေပြီး ခြေစွမ်းပြကာ ဂိုးတွေလည်း သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်က အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် တိုက်စစ်မှူးစစ်စစ် တစ်ဦး ထပ်မံ အင်အားဖြည့်တင်းဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၅ ဂိုး ရရှိထားပြီး ပေးဂိုး ကတော့ ၆ ဂိုး ရရှိထားပါတယ်။
တိုက်စစ်မှူး ခေါ်ယူဖို့ အတွက် ပေါင်သန်း ၅၀ အသုံးပြုသွားမယ့် အာဆင်နယ်

အာဆင်နယ်ဟာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အတွက် ပြီးခဲ့တဲ့ နွေရာသီကတည်းက ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင် ဖြစ်ခဲ့ရတဲ့ အတွက် လာမယ့် ဇန်နဝါရီလမှသာ ထပ်မံ ကြိုးပမ်းသွားဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင်တော့ အာဆင်နယ်ရဲ့ လက်ရှိ တိုက်စစ်မှူး ပစ်မှတ်တွေထဲမှာတော့ စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးယက်စ်၊ ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်နဲ့ ဂါလာတာဆာရေးမှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်တို့ ပါဝင်နေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် လစ်ဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူးညက်ဇ် ကိုလည်း စိတ်ဝင်စားနေသေးတာ ဖြစ်ပါတယ်။ ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး ဒါဝင် နူညက်ဇ် ကတော့ လက်ရှိ ကလပ် လစ်ဗာပူးလ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီးတော့ ပုံမှန် ပွဲထွက်ခွင့်လည်း ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ မီခဲလ် အာတေးတားရဲ့ အသင်းက အထောင်တိုက်စစ်မှူးစစ်စစ် မရှိပေမယ့် တိုက်စစ်ပိုင်းက ဂိုးတွေ ပုံမှန် ရရှိနေပြီး တစ်သင်းလုံး နေရာစုံ ကနေ ဂိုးတွေ ရရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ Set Piece ကနေ ဂိုးတွေ အများဆုံး ရရှိနေပြီး ဒီရာသီမှာ ဂိုးမသွင်းနိုင်တဲ့ ပွဲစဉ် ကတော့ အတ္တလန္တာနဲ့ ချန်ပီယံလိဂ် ပွဲစဉ် တစ်ပွဲသာ ရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၅ ဂိုး ရရှိထားပြီး ပေးဂိုး ကတော့ ၆ ဂိုး ရရှိထားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အာဆင်နယ်ဟာ မန်စီးတီးနဲ့ ချဲလ်ဆီး ပြီးရင် သွင်းဂိုး ရရှိမှု အများဆုံး ဖြစ်ပြီး လစ်ဗာပူးလ် ပြီးရင်တော့ ပေးဂိုး အနည်းဆုံးလည်း ဖြစ်နေခဲ့တာပါ။

လက်ရှိမှာ အာဆင်နယ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက လစ်ဗာပူးလ်နဲ့ ၁ မှတ် အကွာ၊ မန်စီးတီးနဲ့တော့ ရမှတ်တူ အခြေအနေမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ လာမယ့် အောက်တိုဘာ ၁၉ ရက်နေ့မှာတော့ ဘုန်းမောက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာလည်း ဖြစ်ပြီး အရေးပါတဲ့ ပွဲစဉ်လည်း ဖြစ်လာဦးမှာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်