နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုဆင်မ်ဟန်လား။ ဆက်စ်ကိုလား။ ရွေးချယ်ရတော့မယ့် အာဆင်နယ် | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်း ကတော့ လာမယ့်ရာသီ အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး အရည်အသွေးမြင့် ကစားသမားတွေလည်း‌ ခေါ်ယူဖို့ စတင်ကြိုးပမ်းနေတာ တွေ့ရပါတယ်။ သူတို့ အသင်း အတွက် အဓိက လိုအပ်နေတဲ့ အထောင်တိုက်စစ်မှူး နေရာ အတွက် ကစားသမား တော်တော်များများနဲ့ ချိတ်ဆက်ထားပြီး ဒီထဲမှာ ဗစ်တာ အိုဆင်မ်ဟန်၊ ဘင်ဂျာမင် ဆက်စ်ကို၊ အလက်ဇန္တား အိဆက်ခ်၊ ဇီးယက်ခ်ဇီး စတဲ့ ကစားသမားတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

မနေ့က ရရှိတဲ့ သတင်းတွေ မှာတော့ ပရီးမီးယားလိဂ် ကလပ်ဟာ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်ဆစ်ကိုနဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ ဒီနေ့ ထွက်ပေါ်လာတဲ့ သတင်းတွေ မှာတော့ နာပိုလီ တိုက်စစ်မှူး အိုဆင်မ်ဟန် ကလည်း ချဲလ်ဆီးထက် အာဆင်နယ်ကိုသာ ပြောင်းရွှေ့လိုနေတယ်လို့ သိရပြန်ပါတယ်။ အီတလီ အခြေစိုက် သတင်းဌာနတွေရဲ့ အခိုင်အမာ ဖော်ပြချက်အရ အိုဆင်မ်ဟန်က ချဲလ်ဆီးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် သူတကယ် ပြောင်းချင်တာက မြို့ခံပြိုင်ဘက် အာဆင်နယ် အသင်းဆီ ဖြစ်ကြောင်း သိရပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီက အထောင်တိုက်စစ်မှူး စစ်စစ် မရှိပေမယ့် နေရာစုံက ကစားသမားတွေရဲ့ သွင်းဂိုးတွေနဲ့ အတူ ပရီးမီးယားလိဂ် မှာ ၃၈ ပွဲ ကစားပြီး ၉၁ ဂိုး အထိ ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အာတေးတား ကတော့ ရာသီသစ် အတွက် တိုက်စစ်ပိုင်းကို အဓိက အင်အားဖြည့်တင်းလိုနေပြီး ဒါပြီးရင်တော့ ကွင်းလယ်လူ တစ်ဦး ထပ်မံ ခေါ်ယူသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

အသက် ၂၅နှစ် အရွယ် နိုင်ဂျီရီးယား လက်ရွေးစင် တိုက်စစ် မှူး ဗစ်တာ အိုဆင်မ်ဟန်က လက်ရှိ စီးရီးအေရဲ့ အကောင်းဆုံး တိုက်စစ်မှူး ၅ ဦး ထဲမှာ ပါဝင်သလို ကမ္ဘာ့အဆင့် တိုက်စစ်မှူး တစ်ဦး ဖြစ်ကြောင်း အကြိမ်ကြိမ် သက်သေပြထားပြီး ဖြစ်ပါတယ်။ သူ့အနေနဲ့ နာပိုလီ အတွက် ပြိုင်ပွဲစုံမှာ ၁၃၃ ပွဲ ပါဝင် ကစားပေးထားရာမှာ ၇၆ ဂိုး သွင်းယူထား ပေးထားသလို ဂိုးဖန်တီးမှု ကလည်း ၁၈ ကြိမ် အထိ ရှိထားတာ ဖြစ်ပါတယ်။ နာပိုလီတို့ ဝေးကွာနေတဲ့ စီးရီးအေ ချန်ပီယံဆု ပြန်လည် ရရှိရာမှာလည်း အဓိက နေရာကနေ ပါဝင်ထားသူပါ။ 

အိုဆင်မ်ဟန်ဟာ ကြံ့ခိုင်မှု အသားပေးပြီး အတိုးအလှုပ် ရုန်းအား ကောင်းကောင်းနဲ့ ကစားတတ်သူ ဖြစ်တာကြောင့် အများစု ကတော့ ပရီးမီးယားလိဂ် နဲ့ အလျင်အမြန် အံဝင်နိုင်တဲ့ ကစားသမား အဖြစ် သုံးသပ်ထားကြပါတယ်။ ဂိုးသွင်းအား ကောင်းပြီး ကြံခိုင်မှုလည်း ကောင်းတဲ့ ဒီကစားသမား ကိုတော့ အာဆင်နယ်တို့ ရလိုက်ရင်တော့ အများကြီး အကျိုးရှိသွားနိုင်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ အခြေအနေအရ အာဆင်နယ် အနေနဲ့ အစောပိုင်းမှာ သဘောတူညီမှု ရထားတဲ့ ဆက်စ်ကို ကိုပဲ ဆက်ပြီး ကြိုးပမ်းမလား။ ဒါမှမဟုတ် အိုဆင်မ်ဟန် ကိုပဲ ထပ်ပြီး ကြိုးစားသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဆက်စ်ကိုနဲ့ အိုဆင်မ်ဟန် မှာ ဆိုရင် အိုဆင်မ်ဟန်က အတွေ့အကြုံ ပိုများသလို ပိုပြီး ပါးနပ်တဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဆက်စ်ကို အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ဝန်းကျင် အသုံးပြုရနိုင်ပေမယ့် နာပိုလီက အိုဆင်မ်ဟမ် အတွက်တော့ ပေါင်သန်း ၁၀၀ ဝန်းကျင် ပေးချေရဖွယ် ရှိပါတယ်။ နာပိုလီ ကလည်း သူတို့ရဲ့ အဖိုးတန် တိုက်စစ်မှူး အတွက် ပြောင်းရွှေ့ကြေး ယူနို သန်း ၈၀ ကျော် ရမှသာ ရောင်းထုတ်သွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ချဲလ်ဆီး ကတော့ အိုဆင်မ်ဟန် အတွက် လူကာကူ+ ယူရိုသန်း ၄၀ ပေးပြီး ကမ်းလှမ်းသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ တစ်ဖက်မှာ နာပိုလီ နည်းပြသစ် ဖြစ်လာတော့မယ့် ကွန်တီက လူကာကူကို ခေါ်ယူချင်နေတာကြောင့် အိုဆင်မ်ဟန် အနေနဲ့ ချဲလ်ဆီးကို ရောက်ရှိနိုင်ချေ ရှိနေပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်