နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လန်ဒန်ဒါဘီ နိုင်ပွဲနဲ့ အတူ ၃ ပွဲဆက် အရှုံးကနေ အကောင်းဆုံး ရုန်းထပြခဲ့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ချဲလ်ဆီး ၂-၄ အာဆင်နယ်

ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ ပွဲကျန် အဖြစ် ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ် တို့ရဲ့ လန်ဒန်ဒါဘီ ကတော့ အပြန်အလှန် သွင်ဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့ပြီး ဧည့်သည် အာဆင်နယ်က ၂-၄ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ နှစ်သင်းလုံးရဲ့ ခြေစွမ်းပိုင်း အားရစရာ မရှိခဲ့ပေမယ့် ခံစစ် အမှားတွေကြောင့်သာ သွင်းဂိုးတွေ များသွားခဲ့တာ ဖြစ်ပြီး တန်ပြန် တိုက်စစ် ကောင်းခဲ့တဲ့ အာဆင်နယ်တို့ ဂိုးပြတ် အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ထုံးစံ အတိုင်း ချဲလ်ဆီးတို့ ၃-၄-၁-၂ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး ဂိုးမှာ မန်ဒီ၊ ခံစစ်မှာ ဆား၊ ခရစ္စတန်ဆန်၊ ရိစ်ဂျိမ်းစ်၊ ကွင်းလယ်မှာ ကန်တေ၊ လော့ဖ်တပ်စ်ချိခ်၊ အလွန်ဆိုနဲ့ အက်ဇ်ပီလီကွယ်တာ၊ တိုက်စစ်မှာ မောင့်၊ ဗာနာနဲ့ လူကာကူတို့ ပါဝင်လာခဲ့ပါတယ်။ အာဆင်နယ် ကလည်း ဒီနေ့ပွဲမှာ ၃ ယောက်တန်း ခံစစ်နဲ့ ကစားသွားခဲ့ပြီး ဂိုးမှာ ရမ်းစ်ဒေးလ်နဲ့ ခံစစ်မှာ ဘန်ဝှိုက်၊ ဟိုးလ်ဒင်း၊ ဂါဘရီရယ် တို့ ပါဝင်လာခဲ့ပါတယ်။ Full Back တွေ အဖြစ် နူနို တာဗာရက်စ်နဲ့ ဘူကာယို ဆာကာတို့ ကစားခဲ့ပြီး ကွင်းလယ် မှာတော့ ချာကာနဲ့ အယ်နီနီ၊ တိုက်စစ် မှာတော့ စမစ်ရိုးဝ်၊ အိုဒီဂတ်နဲ့ အန်ကတ်တီးယားတို့ ဦးဆောင်လာခဲ့ပါတယ်။

စပါးကို ၅ မှတ် ဖြတ်ထားသည့် တိုင်အောင် ၁ ပွဲပို ကစားထားသလို လက်ကျန် ပွဲစဉ်တွေ မှာလည်း အသင်းကြီးတွေနဲ့ ကစားဖို့ ကျန်ရှိနေသေးလို့ ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် အဆင့် ၃ နေရာမှာ ဆက်လက် တည်မြဲနိုင်ရေး အတွက် စိုးရိမ်စရာ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့တဲ့ ချဲလ်ဆီး

ပွဲစထဲက အပြန်အလှန် ရှိခဲ့ပြီး နှစ်သင်းလုံး အပြန်အလှန် ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် အိမ်ရှင် ချဲလ်ဆီး က ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပိုမို ပြုလုပ်နိုင်ခဲ့ပါတယ်။ အာဆင်နယ် ကတော့ တန်ပြန်တိုက်စစ်နဲ့ အခွင့်အရေး ချောင်းကစားခဲ့ပြီး ဒီနေ့ပွဲ မှာတော့ မီခယ် အာတေးတားရဲ့ နည်းဗျူဟာ အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်။ ပွဲချိန် ၁၃ မိနစ် မှာပဲ အာဆင်နယ်တို့ တန်ပြန် တိုက်စစ် ကနေ ဦးဆောင်ဂိုး ရသွားခဲ့ပြီး ချဲလ်ဆီး နောက်ခံလူ ခရစ္စတန်ဆန်ရဲ့ အမှားကနေ အက်ဒီ အန်ကတ်တီးယားက ကြားဖြတ် လုယူသွားပြီး ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၄ မိနစ် အကြာမှာပဲ ချာကာနဲ့ အာဆင်နယ် နောက်တန်းရဲ့ ပေါ့ဆမှု ကနေ တီမိုဗာနာက ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပါတယ်။ တီမို ဗာနာရဲ့ ကန်ချက်ကို ဘန်ဝှိုက်၊ ချာကာနဲ့ ဟိုးလ်ဒင်းတို့ ၃ ယောက်ဆင့် ကာခဲ့ပေမယ့် ဘောလုံးက ချာကာနဲ့ ထိပြီး လမ်းကြောင်းပြောင်းကာ ဂိုးထဲဝင်သွားတာကြောင့် ရမ်းစ်ဒေးလ် လည်း ဘယ်လိုမှ မတတ်နိုင်ပဲ ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲချိန် ၂၂ မိနစ်မှာ အိုဒီဂတ်ရဲ့ ပေးပို့မှုကနေ စမစ်ရိုးဝ်က အာဆင်နယ် အတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ၃၂ မိနစ် မှာတော့ မေဆန်မောင့်ရဲ့ ပေးပို့မှုကနေ အက်ဇ်ပီလီကွယ်တာက ချဲလ်ဆီး အတွက် ဒုတိယ ချေပဂိုး ထပ်မံ သွင်းယူပေးခဲ့လို့ ပထမပိုင်း အပြီးမှာတင်ပဲ ၂-၂ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်း မှာတော့ တူဟယ် အနေနဲ့ အမှားများနေတဲ့ ခရစ္စတန်ဆန် အစား သီယာဂို ဆေးလ်ဗားကို ထည့်ပြီး ခံစစ်ပိုင်း အားဖြည့်ခဲ့ပေမယ့် ၅၇ မိနစ် မှာ အာဆင်နယ်တို့ ဦးဆောင်ဂိုး ထပ်ရသွားခဲ့ပါတယ်။ ဒီတစ်ကြိမ် မှာလည်း မာလန်း ဆားနဲ့ ကန်တေရဲ့ အမှားကို အန်ကတ်တီးယားက ထပ်ပြီး အခွင့်ကောင်းယူ ကန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ချဲလ်ဆီးတို့ ချေပဂိုး ရဖို့ လိုက်ကစားခဲ့ပေမယ့် တိုက်စစ်က တီမိုဗာနာရဲ့ ကန်ချက်တွေ ဂိုးပေါက်နဲ့ လွဲချော်နေခဲ့သလို လူစားဝင်လာတဲ့ ဟာဗက်ဇ်နဲ့ ဇီယက်ချ်လည်း အာဆင်နယ် နောက်တန်းရဲ့ ထိန်းချုပ်ခြင်း ခံထားရလို့ အခွင့်အရေး မရခဲ့ပါဘူး။ အဲ့နောက် ၈၉ မိနစ်မှာ အာဆင်နယ် တို့ ပင်နယ်တီ ကန်ခွင့်ရခဲ့ပြီး ဘူကာယို ဆာကာက သူ့ကြောင့်ရတဲ့ ပင်နယ်တီကို သူကိုယ်တိုင်ပဲ အမှားအယွင်း မရှိ အဆုံးသတ်နိုင်ခဲ့လို့ ၂-၄ ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။

ပရီးမီးယား လိဂ်
ခရစ္စတယ်ပဲလေ့စ်
လိဒ် ယူနိုက်တက်
1X2 သရေ (Draw) @ 3.45
ဂိုးပေါ် 2.50 @ 1.86
ဂိုးပေါင်း 2-3 @ 1.93
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

နှစ်သင်းလုံး အဓိက ကစားသမား တချို့ ပါဝင်ကစားနိုင်ခြင်း မရှိလို့ ခြေစွမ်းပိုင်းက သိပ်ပြီး အားရစရာ မရှိခဲ့သလို အမှားလည်း များခဲ့ကြပါတယ်။ ရူဒီဂါ မပါတဲ့ ချဲလ်ဆီး ခံစစ်က သိသိသာသာ အားနည်းခဲ့ပြီး တစ်ဖက်က အာဆင်နယ် ခံစစ် ကလည်း ထုံးစံ အတိုင်း အမှားတွေ များခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ချီးကျူးရမှာ အာဆင်နယ် တိုက်စစ်က အန်ကတ်တီးယား ဖြစ်ပြီး ချဲလ်ဆီး ခံစစ်ရဲ့ အမှား နှစ်ကြိမ်စလုံးကို အရေးပါတဲ့ သွင်းဂိုးတွေ အဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် စမစ်ရိုးဝ်နဲ့ ဆာကာ တို့လည်း ချဲလ်ဆီး ခံစစ်ကို ပွဲချိန် အများစုမှာ အလုပ်ရှုပ်စေခဲ့ပြီး နေရာလွတ်တွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သွင်းဂိုး ၁ ဂိုးစီ ရခဲ့တဲ့ နှစ်ဦးစလုံး ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၀ ဂိုး ပြည့်သွားခဲ့ပါတယ်။ ခြုံငုံသုံးသပ်ရရင်တော့ ဒီနေ့ပွဲမှာ နှစ်သင်းလုံး ခံစစ်ပိုင်း အားနည်းခဲ့ကြပေမယ့် တိုက်စစ် အဆုံးသတ် ပိုကောင်းခဲ့တဲ့ အာဆင်နယ်တို့ ဂိုးပြတ် နိုင်ပွဲနဲ့ အတူ အဖိုးတန် ၃ မှတ် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် အာဆင်နယ်တို့ ပရီးမီးယားလိဂ် ၃ ပွဲဆက် ရှုံးနိမ့်မှုကို အဆုံးသတ်နိုင်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာက တော့တင်ဟမ်ဟော့စပါးနဲ့ ရမှတ်တူ သွားခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် အိမ်မက် ပြန်လည် ရှင်သန်သွားခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးလို အသင်းကြီး တစ်သင်းကို အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ရခဲ့တာကြောင့်လည်း ယုံကြည်မှု ပြန်ရပြီး လူငယ် ကစားသမားတွေ အနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တော်တော်လေး မြင့်တက်သွားမှာ သေချာပါတယ်။ စတန်းဖို့ဒ်ဘရစ်က နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲ အထိ ရှုံးခဲ့တဲ့ ချဲလ်ဆီးရဲ့ အိမ်ကွင်း ခြေစွမ်း ကိုတော့ မေးခွန်းထုတ်စရာ ရှိပြီး တစ်ပွဲနဲ့ တစ်ပွဲ ခြေစွမ်း အတက်အကျ မတည်ငြိမ်မှုကို တူဟယ် အနေနဲ့ မဖြစ်မနေ ပြင်ဆင်ဖို့ လိုအပ်နေပါပြီ။ စပါးကို ၅ မှတ် ဖြတ်ထားသည့် တိုင်အောင် ၁ ပွဲပို ကစားထားသလို လက်ကျန် ပွဲစဉ်တွေ မှာလည်း အသင်းကြီးတွေနဲ့ ကစားဖို့ ကျန်ရှိနေသေးလို့ ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် အဆင့် ၃ နေရာမှာ ဆက်လက် တည်မြဲနိုင်ရေး အတွက် စိုးရိမ်စရာ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးတို့ ဧပြီလ ၂၄ ရက်နေ့မှာ လန်ဒန်မြို့ခံ ပြိုင်ဘက် ဝက်စ်ဟမ်းကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံ ယှဉ်ပြိုင်ရဖို့ ရှိပြီး အာဆင်နယ် ကတော့ ၂၃ ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်