နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နိုင်ပွဲနဲ့ ရာသီသိမ်းနိုင်ခဲ့ပေမယ့် ချန်ပီယံဆုနဲ့ လွဲချော်ခဲ့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

အာဆင်နယ် ၂-၁ အဲဗာတန်

ပရီးမီးယားလိဂ် ပွဲစဉ် (၃၈) ရဲ့ စိတ်ဝင်စားစရာ ပွဲကောင်း နှစ်ပွဲထဲက တစ်ပွဲ အဖြစ် အာဆင်နယ်နဲ့ အဲဗာတန်တို့ အမ်းမရိတ်စ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အာဆင်နယ် အတွက် ချန်ပီယံ ဖြစ်ရေး နိုင်ပွဲ ရဖို့ လိုအပ်သလို တစ်ဖက်က မန်စီးတီး-ဝက်စ်ဟမ်းပွဲ အဖြေကလည်း အရေးပါခဲ့တာပါ။

အာဆင်နယ်တို့ ပြိုင်ဘက်ရဲ့ ပွဲအဖြေကို မကြည့်ခင် ကိုယ့်အလုပ်ကိုယ် အကောင်းဆုံး လုပ်နိုင်ဖို့ ပြင်ဆင်လာခဲ့ပြီး အဲဗာတန်ကို အတောင့်တင်းဆုံး လူစာရင်းနဲ့ ရင်ဆိုင်သွားခဲ့ပါတယ်။ ဒဏ်ရာရနေတဲ့ ဆာကာ နေရာမှာ မာတင်နယ်လီ ပွဲထွက်လာခဲ့ပြီး ထရော့ဆက်ဒ်၊ ဟာဗက်ဇ်၊ ရိုက်စ်၊ ပါတေး၊ အိုဒီဂတ်၊ ဆလီဘာ၊ ဂါဘရီရယ်၊ တိုမီယာဆု၊ ဝှိုက်နဲ့ ရာယာတို့ ပါဝင်လာခဲ့ပါတယ်။ အဲဗာတန် ဘက်မှာတော့ ပစ်ခ်ဖို့ဒ်၊ တာကောစကီး၊ ဘရန့်ဝိတ်သ်၊ ယန်း၊ ကိုးလ်မန်း၊ အိုနာနာ၊ ဂီရီ၊ ဂါနာ၊ မက်နီးလ်၊ ဒူကိုရေးနဲ့ ကဲလ်ဗတ်-လီဝင်း တို့ ပွဲထွက်လာခဲ့ပါတယ်။

အာဆင်နယ်ဟာ ပွဲစကတည်းက တရစပ် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းချက်တွေကြောင့် ဂိုးရဖို့တော့ ခက်ခဲခဲ့ပါတယ်။ ဘောလုံး ပိုင်ဆိုင်မှု၊ ဂိုးပေါက် ခြိမ်းခြောက်မှုတွေမှာ အပြတ်အသတ် အသာရနေသည့် တိုင်အောင် ဂိုးရဖို့တော့ တော်တော်လေး ခက်ခဲခဲ့ပါတယ်။ ပွဲချိန် မိနစ် ၄၀ မှာလည်း အဲဗာတန်ကို ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီး ဂီရီ က တိုက်ရိုက် ဖရီးကစ် ကနေ တဆင့် သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့‌နောက် ၃ မိနစ် အကြာ မှာတော့ တိုမီယာဆုက အာဆင်နယ် အတွက် ချေပဂိုးကို အဝေးကနေ သွင်းယူပေးခဲ့လို့ ၁-၁ ရလဒ်နဲ့ ပထမပိုင်း ပြီးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ‌တော့ အာဆင်နယ်တို့ ကစားအား ပိုတင်လာခဲ့ပြီး အနိုင်ဂိုး ရရှိရေး အားထုတ်ခဲ့ပေမယ့် အဲဗာတန်က ခံစစ်လုံးဝ ပိတ်ကစားနေလို့ ကျော်ဖြတ်ဖို့ ခက်ခဲခဲ့ပါတယ်။ တစ်ရာသီလုံး နီးပါး မမြင်တွေ့ခဲ့ရတဲ့ ဂျူရီယန် တင်းဘား ဝင်ရောက်လာခဲ့ပြီး ဇင်ချန်ကို၊ စမစ်သ် ရိုးဝ်၊ ဂျေဇုစ် တို့ ဝင်ရောက်လာချိန်မှာတော့ အာဆင်နယ်ရဲ့ ကစားပုံ ပိုကောင်းလာခဲ့ပါတယ်။ အဲ့နောက် ပွဲချိန် ၈၉ မိနစ် မှာတော့ လူစားဝင် တိုက်စစ်မှူး ဂျေဇုစ်ရဲ့ အကွက်မြင်မြင် ဖြတ်ဆွဲသွားပြီး အိုဒီဂတ်ဆီက တဆင့် ပြန်ချိုးပေးလိုက်တာကို ဟာဗတ်ဇ်က အပိုင်ပိတ်သွင်းခဲ့လို့ အာဆင်နယ်တို့ အနိုင်ရသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း တစ်ဖက်မှာ မန်စီးတီးက ဝက်စ်ဟမ်းကို ၃-၁ ရလဒ်နဲ့ အနိုင်ရထားတာကြောင့် အာဆင်နယ် အတွက် ပရီးမီးယားလိဂ် ချန်ပီယံ အိမ်မက်က ရင်ခုန်စရာ မရှိတော့ပဲ အဆင့် ၂ နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ မီခဲလ် အာတေးတားရဲ့ အသင်း အနေနဲ့ နောက်ထပ် တစ်ရာသီ မန်စီးတီးရဲ့ အနောက် ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပေမယ့် တစ်ရာသီထက် တစ်ရာသီ ပိုပြီး တိုးတက်လာတဲ့ ခြေစွမ်းတွေ မြင်တွေ့နေရသလို အနာဂတ်ကောင်း ရှိနေတယ် ဆိုတာလည်း မြင်သာပါတယ်။ လာမယ့် အပြောင်းအရွှေ့မှာ လိုအပ်နေတဲ့ ကစားသမား တချို့ ထပ်ပေါင်း ထည့်နိုင်ပြီ ဆိုရင်တော့ လာမယ့်ရာသီ အာဆင်နယ်ဟာ မန်စီးတီး အတွက် အနီးကပ် ပြိုင်ဘက် ဖြစ်လာဦးမယ့် သဘော ရှိပါတယ်။

အာဆင်နယ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ မဖြစ်ခဲ့သလို အခြားသော ဆုဖလားတွေလည်း မရခဲ့ပေမယ့် အပေါင်း လက္ခဏာဆောင်တဲ့ အခြေအနေ တစ်ခု ရှိလာပြီ ဖြစ်တာကြောင့် ဂုဏ်ငယ်စရာတော့ မရှိခဲ့ပါဘူး။ ပရိသတ်‌တွေက အစ တာဝန်ကြေခဲ့ပြီ ဖြစ်သလို စံချိန်တွေလည်း တင်နိုင်ခဲ့တဲ့ ရာသီ ဖြစ်လို့ မီခဲလ် အာတေးတားနဲ့ အာဆင်နယ် အတွက် မေ့မရတဲ့ ရာသီ တစ်ခု ဖြစ်ခဲ့ပြီလို့ပဲ ဆိုရပါမယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်