နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ရာသီမှာ ဂန်းနားတွေ ဆုဖလား ပြန်ရလိမ့်မယ်လို့ ယုံကြည်နေတဲ့ အာဆင်နယ် အသင်းခေါင်းဆောင် မာတင် အိုဒီဂတ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းရဲ့ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ် ကတော့ သူတို့ အသင်းဟာ မကြာခင်မှာ ဆုဖလားတွေ ကိုင်မြှောက်နိုင်လိမ့်မယ်လို့ ရဲရဲတင်းတင်းပဲ ဟောကိန်းထုတ် ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နှစ်ရာသီ ဆက်တိုက် အဓိက ပြိုင်ဘက် မန်စီးတီးကို ပရီးမီးယားလိဂ် ချန်ပီယံလုပွဲမှာ အရှုံးပေးခဲ့ရပြီး ဒုတိယလူ အဖြစ်နဲ့ပဲ ကျေနပ်နေခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နှစ်ရာသီစလုံး ရာသီအစမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အမှတ်ပေးဇယား ထိပ်မှာ ဦးဆောင်နိုင်ခဲ့ပေမယ့် ရာသီသိမ်းချိန်မှာတော့ ချန်ပီယံဆုကို မန်စီးတီး အသင်းဆီ ထိုးအပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ချန်ပီယံဆုကို ၄ နှစ်ဆက်တိုက် ရယူနိုင်ခဲ့တဲ့ အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

အာဆင်နယ်ဟာ မီခဲလ် အာတေးတားရဲ့ လမ်းညွှန်မှု အောက်မှာ တစ်ရာသီထက် တစ်ရာသီ တိုးတက်လာခဲ့ပေမယ့် ရှုံးပွဲ မရှိ ရွှေဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ ၂၀၀၃/၂၀၀၄ ဘောလုံးရာသီ နောက်ပိုင်း ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းခေါင်းဆောင် အိုဒီဂတ် ကတော့ သူတို့ အသင်းရဲ့ ပြီးခဲ့တဲ့ စွမ်းဆောင်ရည်တွေ အတွက် ဂုဏ်ယူရမှာ ဖြစ်သလို မကြာခင်မှာလည်း ဆုဖလား အောင်မြင်မှုတွေ ရရှိတော့မယ်လို့ ယုံကြည်နေခဲ့တာ ဖြစ်ပါတယ်။

မာတင် အိုဒီဂတ်က မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ “ကျွန်တော်တို့ အရင်က ပြောခဲ့သလိုပဲ သမိုင်းသစ်တွေ ဖန်တီးခဲ့နိုင်ခဲ့ပြီး အဲဒီအရာတွေ အတွက်လည်း ဂုဏ်ယူရပါမယ်။ အနိုင်ရဖို့ မလုံလောက်ဘူး။ ကျွန်တော်တို့ ချန်ပီယံ ဖြစ်ချင်ခဲ့ပါတယ်။ ဒီလောက်အထိ နီးကပ်နေပြီးမှ ကျွန်တော်တို့ မျှော်လင့်သလို မဖြစ်ခဲ့လို့ အားလုံး စိတ်ပျက်ခဲ့ကြပါတယ်။ ဒါပေမယ့် ဘောလုံးမှာ အနားသတ်တွေက သေးသေးလေးပဲ။ တစ်ပွဲတည်း အတွက်က လွယ်ကူပေမယ့် တစ်ရာသီလုံး အတွက် ကြည့်ရပါမယ်။ အဲ့ဒီမှာ အခြေအနေ တစ်ခုက ခပ်ပါးပါးလေး ခြားနားသွားတာပါ။ ကျွန်တော်တို့ အနိုင်ရဖို့ မလုံလောက်ခဲ့ပါဘူး။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး အိုဒီဂတ်က “ကျွန်တော်တို့ အဲဒါကို ရအောင်ယူရမယ်။ ကျွန်တော်တို့ တိုးတက်လာတယ် ဆိုတာ သိပါတယ်၊ ပိုကောင်းလာမယ် ဆိုတာလည်း သိပါတယ်။ အဲဒီ အတွက် အခု ကျွန်တော်တို့ ကြိုးစားနေပါတယ်။ သေးငယ်တဲ့ အနားသတ်တွေနဲ့ ပွဲရဲ့ အသေးစိတ် အချက်လေးတွေက အစ ရာသီရှည်ကြီး တစ်ခုလုံးကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာပါပဲ။ အရမ်းနီးစပ်နေပြီ ဖြစ်ပြီး ကျွန်တော်တို့ ပိုပိုပြီး သန်မာလာတာတော့ သေချာပါတယ်။ ကျွန်တော်တို့ အားလုံး အနိုင်ရချင်ပါတယ်၊ ဒါက ကျွန်တော်တို့ အားလုံး အတူတူ လိုချင်တဲ့ အရာပါ။ ဝန်ထမ်းတွေ၊ ကစားသမားတွေ၊ အားပေးသူတွေ၊ လူတိုင်းက တူညီတဲ့ လမ်းကြောင်း အတွက် တွန်းအားပေးနေကြတာ ဆိုတော့ လှုံ့ဆော်မှုတွေကို ရှာဖွေရတာ လွယ်ကူမယ် ထင်ပါတယ်။ တဖြည်းဖြည်း ပိုကောင်းလာဖို့ နေ့တိုင်း ဒီအသေးအမွှားလေးတွေက အစ လုပ်နေဖို့ပဲ လိုအပ်တာပါ။ နောက်ဆုံးမှာ ဆုဖလားတွေ ချီးမြှင့်ခံရမယ် ဆိုတာ သေချာပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာ အာဆင်နယ်က ပရီးမီးယားလိဂ် ရာသီသစ် မစတင်ခင် ဦးစွာ ကစားသစ်တွေ ခေါ်ယူအားဖြည့်ဖို့ လုပ်ဆောင်နေပြီး အရည်အသွေးမြင့် ကစားသမား တချို့ကိုလည်း ပစ်မှတ်ထားလျက် ရှိပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်