နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးရဲ့ အိမ်ကွင်း ၅၇ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ စံချိန်ကို ကျိုးပျက်စေခဲ့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာစီးတီး ၀-၀ အာဆင်နယ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးနဲ့ အာဆင်နယ် တို့ရဲ့ ပွဲစဉ် ကတော့ တစ်ဖက်နဲ့ တစ်ဖက် ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ပဲ ၀-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ မန်စီးတီးဟာ ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း အာဆင်နယ်က ဂိုးမပေးရအောင် အကောင်းဆုံး စွမ်းဆောင်ပြသွားခဲ့ပြီး တန်ပြန် တိုက်စစ်တွေကနေ ခြိမ်းခြောက်မှုတွေလည်း ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲ ကိုတော့ မန်စီးတီး ဘက်က ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး အော့တီဂါ၊ ဒီးရာ့စ်၊ အေခီ၊ ဂဗာဒီယိုလ်၊ အာကန်ဂျီ၊ ကိုဗာချစ်၊ ဒီဘရွန်းနား၊ ရိုဒရီ၊ ဖိုဒန်၊ ဆေးလ်ဗား၊ ဟာလန်းတို့ ပါဝင်ကစားခဲ့ပါတယ်။ အာဆင်နယ် ကတော့ ၄-၃-၃ နဲ့ပဲ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး ရာယာ၊ ဂါဘရီရယ်၊ ဆလီဘာ၊ ဝှိုက်၊ ခီဗီယော၊ ဂျော်ဂျင်ဟို၊ ရိုက်စ်၊ အိုဒီဂတ်၊ ဂျေဇုစ်၊ ဆာကာ၊ ဟာဗက်ဇ် တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။

သာမန်ကြည့်ရင် ပွဲက ထင်သလောက် စိတ်လှုပ်ရှားစရာ မရှိခဲ့သလို ပျင်းဖို့လည်း ကောင်းခဲ့ပေမယ့် ပပ်နဲ့ အာတေးတား တို့ ဆရာ တပည့် နှစ်ဦးရဲ့ အားပြိုင်မှုကို မြင်တွေ့ခဲ့ရပါတယ်။ မန်စီးတီးက အာဆင်နယ် ဘက်ကို ပွဲချိန်ပြည့်နီးပါး တစ်ဖက်စောင်းနင်း ဖိကစားနိုင်ခဲ့ပေမယ့် အာဆင်နယ်က အခွင့်အရေး ရရင် ရသလို High Press၊ အဲ့ကနေမှ Mid Block၊ တိုက်ရိုက် တိုက်စစ်ဆင်မှုတွေနဲ့ ခပ်မြန်မြန်သွားခဲ့တာ တွေ့ရပါတယ်။ ဒီလိုမျိုး အာဆင်နယ်ရဲ့ တုန့်ပြန်မှုက မန်စီးတီး အတွက် အခက်တွေ့ခဲ့ရပြီး ဆလီဘာနဲ့ ဂါဘရီရယ်ဟာ မန်စီးတီး တိုက်စစ်က ဟာလန်းကို အိတ်ထဲ ကောက်ထည့်ထားနိုင်ခဲ့ပါတယ်။ ဟာလန်းဟာ ဆာလီဘာ-ဂါဘရီရယ် ခံစစ် အတွဲနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၃ ပွဲစလုံး ခြေစွမ်းမပြနိုင်ခဲ့ပဲ သွင်းဂိုးလည်း မရခဲ့တာ ဖြစ်ပါတယ်။ ဂျေဇုစ် ပါဝင်လာတဲ့ ဘယ်ခြမ်း တောင်ပံက မန်စီးတီး နောက်တန်းကို ဒုက္ခပေးနိုင်ခဲ့ပေမယ့် ထိရောက်တဲ့ ထိုးဖောက်မှုတွေတော့ မလုပ်နိုင်ခဲ့ပါဘူး။

မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား ကိုယ်တိုင်က အာဆင်နယ်ရဲ့ တုန့်ပြန်ပုံနဲ့ ပတ်သတ်ပြီး အခုလိုပဲ ဝန်ခံပြောကြားသွားခဲ့တာလည်း တွေ့ရပါတယ်။ ဆေးလ်ဗားက “တကယ်ကို ခက်ခဲခဲ့ပါတယ် ၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဟာ တကယ့် ထိပ်တန်း အသင်းတစ်သင်း နဲ့ ရင်ဆိုင်ခဲ့ရလို့ပါ ၊ အရမ်းကိုမှ စုစည်းမှု ကောင်းပြီး ပြိုင်ဆိုင်လိုစိတ် သိပ်ပြင်းပြခဲ့ကာ မြင့်မားတဲ့ ရစ်သမ်မျိုး နဲ့ ကစားသွားခဲ့တဲ့ အာဆင်နယ် အသင်းပါ ၊ အရိုးသားဆုံး ပြောရရင် ပွဲအတွင်းမှာ အခြေအနေက နှစ်မျိုး ဖြစ်ပျက်သွားနိုင်ခဲ့ပါတယ် ၊ ကျနော်တို့ ကစားပွဲကို စတင်ပုံ ကောင်းခဲ့ပေမယ့် ပွဲချိန်အတွင်းမှာတော့ သူတို့ ကစားတာ အရမ်း ကောင်းခဲ့ပါတယ် ၊ ကျနော်တို့ဟာ Control ပိုကောင်းခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှု ပိုရခဲ့ပေမယ့် သူတို့ (အာဆင်နယ်ဟာ) Set Pieces အခြေအနေတွေ နဲ့ တန်ပြန်တိုက်စစ်တွေမှာ သိပ်ကို အန္တရာယ်များခဲ့ပါတယ်

“ကစားရတာ အရမ်းကို ခက်ခဲ့တာပါ ၊ သူတို့ အနေနဲ့ High Pressing ကစားတဲ့အခါမှာ Man to Man Marking ယူခဲ့တယ် ၊ သူတို့ ခံစစ်တန်းကို Low အခြေအနေ ပြောင်းကစားချိန်မှာကျ သူတို့ရဲ့ တောင်ပံတိုက်စစ် ကစားသမားတွေက Full Backs တွေလို ကစားခဲ့ကြပါတယ် ၊ (6)ယောက်တန်း ခံစစ်လိုကို ကစားခဲ့တာပါ ၊ ဒီလောက် ခံစစ်ပိုင်း ကျစ်လစ်လွန်းတဲ့ အသင်း နဲ့ ကစားရတာ ဘယ်တော့မှ မလွယ်ကူပါဘူး ၊ သူတို့ အနေနဲ့ High Pressing ကနေ Defending Deep ကို ပြောင်းလဲ ကစားတာတွေ ကလည်း သိပ်ကို အချိတ်အဆက်မိလွန်းပါတယ်” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

နှစ်သင်းစလုံး အတွက် နှမြောစရာကောင်းတဲ့ အခိုက်အတန့် တချို့ ရှိခဲ့ပေမယ့် မျှတတဲ့ ရလဒ် တစ်ခုလို့ပဲ ဆိုရပါမယ်။ မန်စီးတီးဟာ သူတို့ရဲ့ အက်တီဟတ်ကွင်းမှာ ၅၇ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ အသင်း ဖြစ်ပြီး အာဆင်နယ်နဲ့ အတွေ့မှ စံချိန်ကျိုးပျက်သွားခဲ့တာ ဖြစ်လို့ မီခဲလ် အာတေးတားရဲ့ အသင်း အတွက်လည်း အပေါင်း လက္ခာဆောင်တဲ့ ခြေစွမ်းလို့ ပြောလို့ ရပါတယ်။

လစ်ဗာပူးလ်က ဘရိုက်တန်ကို အနိုင်ရလိုက်တာကြောင့် အမှတ်ပေးဇယား ထိပ်ကို တက်လှမ်းနိုင်ခဲ့ပေမယ့် လစ်ဗာပူးလ်၊ အာဆင်နယ်၊ မန်စီးတီး ၃ သင်းစလုံး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ အခွင့်အရေး ရှိနေဆဲပါ။ အာဆင်နယ်ရဲ့ လက်ကျန်ပွဲတွေဟာ ကျန်နှစ်သင်းထက် ခက်ခဲခဲ့ပေမယ့် ပါတေး၊ မာတင်နယ်လီ၊ ထရော့ဆက်ဒ်၊ တိုမီယာဆု၊ ဖေဘီယို ဗီအဲရာ တို့ပါ ပြန်ကစားနိုင်ပြီ ဖြစ်တာကြောင့် အရန်လူစာရင်း တောင့်တင်းသွားတာက အားသာချက် ဖြစ်သွားခဲ့ပါတယ်။ ဒီပွဲပြီးရင် မန်စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ အဖြစ် အက်စတွန်ဗီလာနဲ့ ကစားဖို့ ရှိပြီး အာဆင်နယ် ကတော့ ၃ ရက်နေ့မှာ လူတန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်