ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဘီလ်ဘာအို တောင်ပံ ကစားသမား နီကို ဝီလီယမ်စ်ကို ခေါ်ယူဖို့ အခြေအနေကောင်းနေတယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် ထက်တောင် နီကို ဝီလီယမ်စ်ကို ခေါ်ယူဖို့ အခြေအနေ ပိုကောင်းနေတာ ဖြစ်ကြောင်း ဘောလုံးသတင်းထောက် ခရစ္စတီယန် ဖော့ခ်က အတည်ပြုခဲ့တာပါ။
အာဆင်နယ်ဟာ အခုနှစ် ဘောလုံးရာသီမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် နည်းပြ အာတီတာရဲ့ အသင်းက ရလဒ်ပိုင်းကို ထိခိုက်ခဲ့ရသလို လစ်ဗာပူးလ်နဲ့ သွင်းဂိုး ကွာဟချက် ကလည်း မြင့်မားနေပါတယ်။ ဒါကြောင့် အာဆင်နယ်က လာမယ့်ရာသီ အတွက် တိုက်စစ်ပိုင်းကို အဓိကထား တည်ဆောက်ဖို့ ကြိုးပမ်းနေပြီး ထိပ်တန်း တိုက်စစ်မှူးတွေ ကိုလည်း ဆက်တိုက် ပစ်မှတ်ထားနေပါတယ်။
အာဆင်နယ်က လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပြီးတော့ ဇယားထိပ်က လစ်ဗာပူးလ်နဲ့ ၁၂ မှတ် ပြတ်နေသလို သွင်းဂိုး အရေအတွက် ကလည်း ၁၆ ဂိုး အထိ ကွာဟနေပါတယ်။ ဒါကြောင့် အာဆင်နယ်က နွေဈေးကွက် ဖွင့်လှစ်ချိန်မှာ ကာလရှည်ကြာ ပစ်မှတ်ထားနေခဲ့တဲ့ နီကို ဝီလီယံစ်ကို ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေပြီး ဘွန်ဒက်စ်လီဂါ အင်အားကြီး ကလပ် ဘေယန်မြူးနစ် ကလည်း နီကို ဝီလီယမ်စ်ကို စိတ်ဝင်စားနေပါတယ်။ ဒါကြောင့် အာဆင်နယ်ဟာ နီကို ဝီလီယမ်စ်ကို ဘေယန်မြူးနစ် အပါအဝင် တခြားသော ထိပ်တန်း ကလပ်တွေနဲ့ အပြိုင် ကမ်းလှမ်းရဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဖော့ခ်ရဲ့ ထောက်ပြချက် အရ ဘေယန်မြူးနစ်ရဲ့ လက်ရှိ အနေအထားက နီကို ဝီလီယမ်စ်လို ထိပ်တန်း ကစားသမားမျိုးကို ခေါ်ယူဖို့ ဆိုရင် အသင်းမှာ ရှိတဲ့ ကစားသမား တချို့ကို အရင် ရောင်းထုတ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဖော့ခ်က “ဘေယန်မြူးနစ်က နီကို ဝီလီယမ်စ်ကို ခေါ်ယူဖို့ ဦးဆောင်နေတယ် ဆိုတာ မမှန်ကန်ပါဘူး။ လောလောဆယ် ဝီလီယမ်စ်က ဘေယန်ထက် အာဆင်နယ်နဲ့ ပိုပြီး နီးစပ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘွန်ဒက်စ်လီဂါ ကလပ်ဟာ လက်ရှိအနေအထားအရ သူတို့ လိုချင်သလောက် ခိုင်မာတဲ့ အစီအစဉ် မရှိသေးလို့ပါ။ ဝီလီယမ်စ်ဟာ ဘေယန်မြူးနစ်ရဲ့ စာရင်းမှာ ထိပ်တန်းမှာ ရှိနေပါတယ်။ ဒါပေမယ့် ဘေယန်ရဲ့ အားကစားဌာန အကြီးအကဲ မက်စ် အီဘာလ် အနေနဲ့ အရင်ဆုံး ကစားသမားတွေကို ရောင်းချရပါလိမ့်မယ်။” လို့ ဆိုရပါတယ်။
ဆက်လက်ပြီး “သူတို့က ကင်စလေ ကိုမန်ကို ရောင်းဖို့ စဉ်းစားနေတယ်။ သူ့ကိုလည်း တော့တင်ဟမ်ဟော့စပါး၊ နယူးကာဆယ်နဲ့ ဆော်ဒီအာရေဗျနဲ့ ချိတ်ဆက်နေပါတယ်။ ဒါကို လုပ်နိုင်ရင် အဲဒီငွေနဲ့ ဝီလီယမ်စ်ကို ခေါ်ယူဖို့ အသုံးပြုနိုင်မှာပါ။ ဆာ့ဂျ် ဂနာဘရီ ကိုလည်း ရောင်းမယ့် စာရင်းမှာ ထည့်ထားပေမယ့် လောလောဆယ် စိတ်ဝင်စားတဲ့ အသင်း ရှိမနေသေးပါဘူး။ ဒါကြောင့် ဘေယန် အနေနဲ့ ကစားသမားတွေ ရောင်းချနိုင်မလား ဆိုတာ အရင်ဆုံး စောင့်ကြည့်ရဦးမှာပါ။” ဖော့ခ်က လက်တွေ့ကျကျ သုံးသပ်ပြထားခဲ့တာ ဖြစ်ပါတယ်။
ဒီရာသီမှာ အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်း ဒဏ်ရာရ ကစားသမား များပြားမှုက ပရီးမီးယားလိဂ် ချန်ပီယံဆု မျှော်လင့်ချက်ကို စောစောစီးစီး လက်လွှတ်ရဖို့ အထိ အားနည်းစေခဲ့တာ ဖြစ်ပါတယ်။ ဂါဘရီယယ် ဂျေဇုစ် မကြာခဏဆိုသလို ဒဏ်ရာရခဲ့ပြီး ကိုင် ဟာဗက်ဇ် ကလည်း အထောင် တိုက်စစ်မှူးစစ်စစ် မဟုတ်သလို ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူခဲ့ရပါတယ်။ ဒါ့အပြင် အာဆင်နယ် အတွက် ဂိုးသွင်းဖို့ရော၊ ဂိုးဖန်တီးနိုင်စွမ်းပါ ရှိနေတဲ့ ဘူကာယို ဆာကာ အပြင် ဂါဘရီယယ် မာတင်နယ်လီ ကလည်း ဒဏ်ရာရသွားခဲ့တာကြောင့် အာဆင်နယ်ရဲ့ ချန်ပီယံ မျှော်လင့်ချက်ကို ပျက်စီးသွားစေခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.