နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ထရော့ဆက်ဒ်ရဲ့ ဂိုးဖန်တီးမှု ဟက်ထရစ်နဲ့ ဖူလ်ဟမ်ကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner

ဖူလ်ဟမ် ၀-၃ အာဆင်နယ်

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ် ကတော့ ဒီတစ်ပတ် ပွဲစဉ် (၂၇) မှာလည်း လန်ဒန်မြို့ခံ ပြိုင်ဘက် ဖူလ်ဟမ်ကို အမှားအယွင်း မရှိ ကစားပြီး ၀-၃ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရသွားခဲ့ပါတယ်။ မနေ့က မန်စီးတီးတို့ အနိုင်ရထားတာကြောင့် အာဆင်နယ်တို့ အသေအချာ ပြင်ဆင်လာခဲ့ပြီး မျှော်လင့်ထားတဲ့ အတိုင်း လိုအပ်နေတဲ့ နိုင်ပွဲကို အရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 


ပွဲစဉ်အကျဉ်း

အာဆင်နယ်တို့ ဘုန်းမောက်နဲ့ ပွဲက လူစာရင်းကို အနည်းငယ် အပြောင်းအလဲ လုပ်ခဲ့ပြီး တိုက်စစ်မှာ ဒဏ်ရာက သက်သာလာတဲ့ ထရော့ဆက်ဒ် ဦးဆောင်လာခဲ့သလို ချာကာနဲ့ ဘန်ဝှိုက် တို့လည်း ပြန်လည် ပါဝင်လာခဲ့ပါတယ်။ အိမ်ရှင် ဖူလ်ဟမ် ကလည်း ပွဲပယ်ထိထားတဲ့ ယာအို ပေါ်လင်ဟာ ကလွဲလို့ လူစုံထုတ်လာခဲ့ပြီး အာဆင်နယ်ကို ရင်ဆိုင်ခဲ့ပါတယ်။ နောက်ပိုင်း ပွဲတွေမှာ Peak Form ပြန်ရနေပြီး နိုင်လိုစိတ် အပြည့်နဲ့ ကစားနေတဲ့ အာဆင်နယ်ကို ဒီနေ့ပွဲ မှာလည်း အားရစရာ ခြေစွမ်းနဲ့ မြင်တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၁၆ မှာ အာဆင်နယ် တို့ ဦးဆောင်ဂိုး စတင် ရရှိခဲ့ပေမယ့် မာတင်နယ်လီ လူကျွံနေခဲ့လို့ VAR ပြန်ကြည့်ပြီး ပယ်ဖျက်ခံခဲ့ရပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ စိတ်ဓာတ်နဲ့ အချိတ်အဆက်မိမိ ကစားနေတဲ့ အာဆင်နယ်ကို ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့လို့ ဖူလ်ဟမ်တို့ ဂိုးတွေ ဆက်တိုက် ခွင့်ပြပေးခဲ့ရပါတယ်။ ပထမဂိုး ကိုတော့ ဂါဘရီရယ်၊ ဒုတိယဂိုး ကိုတော့ မာတင်နယ်လီနဲ့ တတိယဂိုး ကိုတော့ မာတင် အိုဒီဂတ် တို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ထူးခြားတာက သွင်းဂိုး ၃ ဂိုးစလုံးကို ဘယ်လ်ဂျီယံသား ထရော့ဆက်ဒ် တစ်ဦးထဲက ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ 

ဒုတိယပိုင်း မှာ‌တော့ အာဆင်နယ်တို့ သိသိသာသာ ကစားအားချသွားခဲ့လို့ အိမ်ရှင်တို့ အခွင့်အရေးတွေ ပြန်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ် ခံစစ်နဲ့ ရမ်းစ်ဒေးလ်ကို မကျော်နိုင်ခဲ့တာကြောင့် ချေပဂိုး တစ်ဂိုးတောင် ပြန်မရခဲ့ပါဘူး။ အာဆင်နယ် ကလည်း အခွင့်အရေးရမှသာ တန်ပြန် တိုက်စစ် ကနေ ဂိုးရဖို့ ကြိုးပမ်းခဲ့တာကြောင့် သွင်းဂိုးတွေ ထပ်မမြင်ခဲ့ရပဲ ၀-၃ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဖူလ်ဟမ် ကတော့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ပေမယ့် အဆင့် ၈ နေရာမှာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပြီး ဥရောပ ဝင်ခွင့် တစ်နေရာစာ မျှော်လင့်ချက် ကတော့ ဝေဝါးသွားခဲ့ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ ဖူလ်ဟမ်

မီခဲလ် အာတေတာရဲ့ အသင်းက ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် အနိုင်ရခဲ့တာ ဖြစ်ပြီး ဇယားထိပ်ကနေ ၅ မှတ် ဖြတ်ပြီး ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဖူလ်ဟမ် ကတော့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ပေမယ့် အဆင့် ၈ နေရာမှာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပြီး ဥရောပ ဝင်ခွင့် တစ်နေရာစာ မျှော်လင့်ချက် ကတော့ ဝေဝါးသွားခဲ့ပြီ ဖြစ်ပါတယ်။ 


ပွဲပြီးသုံးသပ်ချက်

အာဆင်နယ်ရဲ့ ခြေစွမ်း ကိုတော့ အထူးတလည် ပြောစရာ မလိုတော့ပါဘူး။ ပွဲတိုင်းကို အမြင့်ဆုံး စိတ်ဓာတ်၊ အကောင်းဆုံး ခြေစွမ်းတွေနဲ့ ကစားနေပြီး သူတို့ အတွက် ပရီးမီးယားလိဂ် ချန်ပီယံ အိမ်မက်က ပိုပိုပြီးတော့ ရုပ်လုံးပေါ်လာပြီလို့ ဆိုရပါမယ်။ ဒဏ်ရာကြောင့် လွဲချော်မယ် ထင်ခဲ့ရတဲ့ လီအန်ဒရို ထရော့ဆက်ဒ် ပါဝင်လာခဲ့သလို အာဆင်နယ်ရဲ့ နိုင်ပွဲ အတွက်လည်း အဓိက အကျဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ သွင်းဂိုး အားလုံးကို သူတစ်ဦးတည်း ဖန်တီးပေးခဲ့ပြီးတော့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အဝေးကွင်း

ပရီးမီးယား လိဂ်
ဆောက်သမ်တမ်
တော့တင်ဟမ် ဟော့စပါး
1X2 ဆောက်သမ်တမ် @ 3.85
ဆောက်သမ်တမ် အာရှ ဟန်းဒီးကပ် +0.50 @ 2.08
ဂိုးပေါ် 2.50 @ 1.98
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဖန်တီးမှု ဟက်ထရစ်ရခဲ့တဲ့ ပထမဦးဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ထရော့ဆက်ဒ် အနေနဲ့ အာဆင်နယ် အတွက် ၉ ပွဲ ကစားပေးပြီးချိန်မှာ ၁ ဂိုး သွင်းကာ၊ ၅ ဂိုး ဖန်တီးထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ အာဆင်နယ် ပရိသတ်တွေ အတွက်တော့ နိုင်ပွဲနဲ့ အတူ နောက်ထပ် ကျေနပ်စရာ အခြေအနေ တစ်ခုက ကာလရှည်ကြာ အနားယူနေရတဲ့ တိုက်စစ်မှူး ဂါဘရီရယ် ဂျေဆုစ်ကို မြက်ခင်းစိမ်းထက်မှာ ပြန်လည် မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဖူလ်ဟမ်တို့ မတ်လ ၁၉ ရက်နေ့မှာ ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ကစားဖို့ ရှိပြီး အာဆင်နယ် ကတော့ ကြားရက်မှာ စပို့တင်းလစ္စဘွန်းနဲ့ ယူရိုပါလိဂ် ၁၆ သင်း အဆင့် ရှုံးထွက် ဒုတိယအကျော့ ကစားရမှာ ဖြစ်ပါတယ်။ 


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်