အာဆင်နယ် – လစ်ဗာပူးလ်
ပရီးမီးယားလိဂ် ၂၁ ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ထိပ်တိုက်တွေ့ဆုံမှု အဖြစ် အာဆင်နယ်နဲ့ လစ်ဗာပူးလ်တို့ အမ်းမရိတ်စ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ လက်ရှိမှာ အမှားအယွင်းကင်းကင်းနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်တို့ အိမ်ကွင်းမှာ လစ်ဗာပူးလ်ဆီက အမှတ် ဘယ်လောက်အထိ ယူနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အာဆင်နယ် ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ခြေစွမ်းပိုင်း အားရစရာ မရှိခဲ့ပေမယ့် နိုင်ပွဲတွေ ဆက်တိုက်ရယူထားနိုင်ပါတယ်။ ဒီရာသီ အာဆင်နယ်က အရင်နဲ့ မတူတော့ပဲ နိုင်ပွဲ ဘယ်လိုရအောင်ယူရမလဲ ဆိုတာ အဖြေတွေ ရှိနေတာ တွေ့ရပါတယ်။ နောက်ပြီး အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ ကစားပြီးချိန်မှာ နိုင်ပွဲ ၁၅ ပွဲ ရထားပြီး ရှုံးပွဲ ကလည်း ၂ ပွဲသာ ရှိနေပါသေးတယ်။ အဲဒီ ရှုံးပွဲ ၂ ပွဲ ကတော့ အဝေးကွင်းမှာ ရထားခဲ့တာ ဖြစ်ပြီး မီခဲလ် အာတေးတားရဲ့ အသင်းက ဒီရာသီမှာ အိမ်ကွင်း ရှုံးပွဲ လုံးဝ မရှိသေးပါဘူး။ အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ ပေးဂိုး မရှိ နိုင်ပွဲ ၉ ပွဲရထားပြီး ဒါက ကျန်ပြိုင်ဘက်တွေနဲ့ ယှဉ်ရင် အများဆုံး ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာလည်း ဘုန်းမောက်ကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာပြီး ၂ ဂိုး သွင်းခဲ့တဲ့ ဒီကလန် ရိုက်စ်က စောင့်ကြည့်ရမယ့် ကစားသမား ဖြစ်ပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲဆက်တိုက် အနိုင်ရထားချိန်မှာ လစ်ဗာပူးလ် ကတော့ နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲစဉ် ၇ ပွဲမှာ ၄ ပွဲ သရေကျခဲ့ပါတယ်။ အာနေး ဆလော့တ်ရဲ့ အသင်းက ခြေစွမ်းပြန်တက်လာပြီး နိုင်ပွဲတွေ ဆက်လာလို့ ချီးကျူးမယ် ကြံခါရှိသေး နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပါတယ်။ ဖူလ်ဟမ်နဲ့ လိဒ်စ်လို အလယ်အလတ်တန်း အသင်းတွေကို သရေကျခဲ့တာ ဖြစ်ပြီး အသင်းလိုက် ကစားပုံရော၊ စိတ်ဓာတ်အပိုင်းမှာပါ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ဒီရာသီမှာ ပေးဂိုး ၂၈ ဂိုး ရှိထားပြီး အာဆင်နယ်ရဲ့ ပေးဂိုးထက် နှစ်ဆ ပိုများနေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြိုးကြာနီတွေက ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝေးကွင်း ရှုံးပွဲ ၄ ပွဲ အထိ ရှိထားပါတယ်။ ဒီနေ့ပွဲ မှာတော့ လစ်ဗာပူးလ် ကစားသမားဘဝ စတင်ချိန်မှာ နှေးကွေးခဲ့ပြီးနောက် နောက်ဆုံး ၃ ပွဲမှာ ၂ ဂိုး သွင်းယူထားတဲ့ ဖလော်ရီယန် ဗစ်ဇ်ကို စောင့်ကြည့်ရပါမယ်။
နှစ်ဖက်အသင်း သတင်းများ
လစ်ဗာပူးလ် ဘက်မှာတော့ မိုဟာမက် ဆာလာ (အင်တာနေရှင်နယ် ဂျူတီ)၊ ဂျီယိုဗန်နီ လီယွန်နီ၊ ဘက်ဂျ်စီတစ်၊ အန်ဒို၊ အိဆက်ခ်၊ အစ်ကီတီကေး တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
အာဆင်နယ် – ရာယာ၊ တင်ဘာ၊ ဆလီဘာ၊ ဂါဘရီရယ်၊ ဟင်ကပ်ပီယေ၊ အိုဒီဂတ်၊ ဇူဘီမန်ဒီ၊ ရိုက်စ်၊ ဆာကာ၊ ယောကရက်စ်၊ ထရော့ဆက်ဒ်
လစ်ဗာပူးလ် – အလီဆွန်၊ ဘရက်ဒ်လီ၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ကာကက်ဇ်၊ မက် အယ်လစ္စတာ၊ ဂရာဗန်ဘက်ချ်၊ ဆဘို့ဇ်လိုင်း၊ ဗစ်ဇ်၊ ဂျုံးစ်၊ ဂက်ခ်ပို
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး တွေ့ဆုံမှု ၃၉ ကြိမ်မှာ အာဆင်နယ်က ၈ ကြိမ်သာ အနိုင်ရခဲ့ပြီး လစ်ဗာပူးလ် ကတော့ ၁၅ ကြိမ် အနိုင်ရခဲ့ပါတယ်။ ဒီနှစ်သင်း အကြားမှာ သရေ ၁၆ ကြိမ် အထိ ရှိခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာလည်း သရေ ၃ ကြိမ် ရှိခဲ့ကာ ၁ ကြိမ်စီ အနိုင်ရထားကြပါတယ်။ အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာတော့ နှစ်ကြိမ်စီ အနိုင်ရထားကြပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အာဆင်နယ် နိုင်ရင် ၁.၅၄ ဆ ရမှာ ဖြစ်ပြီး လစ်ဗာပူးလ် နိုင်ရင်တော့ ၅ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၈၈ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း အာဆင်နယ် ဘက်က တစ်လုံး သွင်းရင်တောင် တစ်ဝက် ရှုံးဦးမယ့် ကြေးမျိုးပေါက်နေပါတယ်။ လက်ရှိ အခြေအနေအရ လစ်ဗာပူးလ်တို့ အာဆင်နယ်ကို အမ်းမရိတ်စ်မှာ အသာရဖို့ မလွယ်ပါဘူး။ အာဆင်နယ်က ခြေစွမ်းမကောင်းရင်တောင် စိတ်ဓာတ်ပိုင်းက အမြင့်ဆုံး ရောက်နေပါတယ်။ ပြီးတော့ ပထမအကျော့က သူတို့ မကျေမနပ်နဲ့ အရှုံးပေးခဲ့ရတာကို လက်စားချေဖို့ စိတ်အားထက်သန်နေပါလိမ့်မယ်။ အာဆင်နယ် အလွယ်တကူ အနိုင်ရဖို့ မဖြစ်နိုင်ပေမယ့် ၃ မှတ် ကတော့ အာဆင်နယ် အတွက်ပါပဲ။ ဒီနှစ်သင်း တွေ့ဆုံချိန်တိုင်း အပြန်အလှန် ဂိုးတွေ သွင်းတာ တွေ့ရပေမယ့် ဒီတစ်ကြိမ် မှာတော့ အာဆင်နယ်ရဲ့ ခံစစ်ကြောင့် ၂-၀ လောက်နဲ့ပဲ ပွဲပြီးမယ် ထင်ပါတယ်။
ခန့်မှန်းရလဒ်
အာဆင်နယ် ၂-၀ လစ်ဗာပူးလ်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


