နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗစ်တာ ယိုကီးယက်စ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်ဟာ ဗစ်တာ ယိုကီးယက်စ်ကို စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၁၀၀ အောက်နဲ့ ခေါ်ယူနိုင်ဖို့ စပို့တင်းလစ္စဘွန်း အသင်းနဲ့ ညှိနှိင်းရာမှာ အဆင်ပြေဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ နှစ်ဖက် အသင်းဟာ ယူရို သန်း ၉၀ နောက်ဆုံးထား ဈေးသတ်မှတ်ဖို့ သဘောတူညီခဲ့ပြီး အပိုဆောင်း အနေနဲ့ ဂိုး‌တွေ ချန်ပီယံလိဂ် ပွဲထွက်ခွင့်တွေ ဖလားရရှိမှုတွေ အပေါ် မူတည်ပြီး ယူရို သန်း ၁၂၀ အထိ တိုးသွားနိုင်တဲ့ စာချုပ်ချုပ်ဆိုဖို့ ညှိနှိင်းနေကြပြီလို့လည်း သိရပါတယ်။

ဗစ်တာ ယိုကီးယက်စ်ကို ခေါ်ယူမှုမှာ အာဆင်နယ် ဘက်က ဆွေးနွေးမှု ပိုမိုချောမွေ့စေရန် နာမည်ကြီး ပေါ်တူဂီ အေးဂျင့် ဂျော့ဂ်ျ မန်ဒက်စ်ကို ကြားခံ အဖြစ်ထားပြီး ဆွေးနွေးနေတာ ဖြစ်ပါတယ်။ သတင်းရင်းမြစ်တွေအရ နှစ်ဖက် အသင်း ဆွေးနွေးမှုတွေ အဆုံးသတ် အပိုင်းကို ရောက်တော့မယ်လို့ သိရပြီး အပြောင်းအရွှေ့က တိုးတက် မြန်ဆန်နေသလို လကုန်လောက်မှာ အလုံးစုံ ပြီးမြောက်လိမ့်မယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။ ဂျော့ဂ်ျ မန်ဒက်စ်ဟာ ဖေဘီယို ဗီအဲရာကို ခေါ်ယူခဲ့စဉ် ကလည်း အလားတူ ကြားခံ အဖြစ် ထားကာ ဆွေးနွေးခဲ့ဖူးပြီး ရော်နယ်ဒို၊ မော်ရင်ဟို အစ ရှိတဲ့ နာမည်ကျော်တွေနဲ့ အလုပ်တွဲလုပ်ဖူးတဲ့ ပေါ်တူဂီ ဘောလုံးလောကရဲ့ ဩဇာကြီးမားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ပရီးမီးယားလိဂ် ကလပ်ဟာ အီဘာချီ အီးဇီး၊ နီကို ဝီလီယမ်စ် တို့ကို စိတ်ဝင်စားနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အာဆင်နယ်ဟာ ဘဏ္ဍာရေး ရှင်းတမ်းတွေအရ အသားတင်မှာ ၅ နှစ်ဆက် အရှုံးပြနေတာ ဖြစ်ပါတယ်။ ၂၀၂၃ လက်ကျန်ရှင်းတမ်းအရ အာဆင်နယ်ဟာ ပေါင် ၅၂.၁ သန်း ရှုူံးပြီး ၂၁/၂၂ ရာသီထက် ၆.၆ သန်း ပိုခဲ့ပါတယ်။ ဝင်ငွေ ကတော့ ၄၆၇ သန်း ဝင်ခဲ့ပြီး ယခင်ကာလထက် ၂၅ ရာခိုင်နှုန်း တိုးမြင့်လာပါတယ်။

ကစားသမား ဝယ်ယူမှု ကုန်ကျစရိတ်တွေ ကလည်း ၂၀၂၃ ရှင်းတမ်းမှာ ပါဝင်ခဲ့ပြီး ဒီကလန် ရိုက်စ်ရဲ့ ပေါင် ၁၀၅ သန်း ကတော့ အခုနှစ်မှသာ ထည့်သွင်း ရေတွက်မှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ မန်စီးတီးနဲ့ ချန်ပီယံလုပွဲမှာ ၂ နှစ်ဆက် အကြိတ်အနယ် ရှိခဲ့ခြင်းကြောင့် ရုပ်သံထုတ်လွှင့်မှု ဝင်ငွေ ပိုမိုရရှိခြင်း အပြင် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်တွေမှာ ဥရောပ စင်မြင့်ထက် ပြန်လည် ရောက်ရှိခြင်းကြောင့်လည်း ဝင်ငွေတိုးလာခဲ့တာ ဖြစ်ပါတယ်။ ဝင်ငွေ အနေနဲ့ ဆိုရင်တော့ ယခင် ပေါင် ၄၅ သန်း ကနေ ပေါင် ၁၉၁.၂ သန်း အထိ တိုးမြင့်လာတယ်လို့ သိရပါတယ်။

အာဆင်နယ်ကို အဓိက ပံ့ပိုးနေသူတွေ ကတော့ ပိုင်ရှင် ကုမ္ပဏီ Kroenke Sports & Entertainment (KSE) က ဖြစ်ပြီး စီမံခန့်ခွဲမှု ဘုတ်အဖွဲ့ ကလည်း အာဆင်နယ်ကို ဘဏ္ဍာရေး လွတ်လပ်မှု လမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိစေဖို့ ကြိုပမ်းလျက် ရှိတယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ရဲ့ ဘဏ္ဍာရေး အရ အဓိက ရည်မှန်းချက် ကတော့ နှစ်စဉ် ဥရောပဖလား ပြိုင်ပွဲတွေမှာ ပါဝင်နိုင်မှုကို ထိန်းသိမ်းထားဖို့ ဖြစ်ကြောင်း သိရပါတယ်။ လာမယ့်ရာသီမှာ အာဆင်နယ် အနေနဲ့ ဆုဖလားတွေနဲ့ အတူ ချန်ပီယံလိဂ် ဝင်ခွင့်ပါ ဆက်လက် ရယူနိုင်မယ် ဆိုရင်တော့ ဘဏ္ဍာရေး အရှုံးပြခြင်း ကနေ ပြန်လည် နလံထူလာနိုင်မှာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်