ဇန်နဝါရီ ၁၀ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ် ဗဟိုခံစစ်မှူး မာ့ခ် ဂူဟီရဲ့ လက်မှတ် အတွက် တိုက်ပွဲတွေက ပိုမိုပြင်းထန်လာနေပါတယ်။ ဒီကစားသမားကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ လက်ရှိ ပရီးမီးယားလိဂ် ကို ဦးဆောင်နေတဲ့ အာဆင်နယ်လည်း ပါဝင်လာခဲ့ပါတယ်။ အင်္ဂလန် ဗဟိုနောက်ခံလူ ကိုတော့ အစောပိုင်းမှာ လစ်ဗာပူးလ်နဲ့ မန်ချက်စတာစီးတီး တို့က ခေါ်ယူဖို့ ယှဉ်ပြိုင်နေကြတာ ဖြစ်ပြီး အခုလို အာဆင်နယ် ပါဝင်လာမှုကြောင့် ဒီအပြောင်းအရွှေ့က ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ ဘေယန်မြူးနစ် တို့ရဲ့ စိတ်ဝင်စားမှုတွေ ရှိနေပေမယ့် လစ်ဗာပူးလ် ကွင်းလယ်လူ ဒေါမနစ်ခ် ဆဘို့ဇ်လိုင်း ကတော့ လစ်ဗာပူးလ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ မူအားဖြင့် သဘောတူညီခဲ့ပြီလို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ နော့တင်ဟမ်ဖောရက်စ်က အဲလီယော့တ် အင်ဒါဆန်ကို ကွင်းလယ် ပစ်မှတ် ကစားသမား စာရင်းမှာ ထိပ်ဆုံးက ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ယူနိုက်တက်က ဘရိုက်တန်က ကားလို့စ် ဘယ်လီဘာ့ ကိုလည်း ခေါ်ယူချင်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမား နှစ်ဦးကို ယူနိုက်တက် အနေနဲ့ လာမယ့် နွေရာသီမှသာ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။
ချဲလ်ဆီးက မန်နေဂျာသစ် လီယမ် ရိုစီနီယာ လက်ထက်မှာ ပါရမီရှင် ကွင်းလယ်လူ တစ်ဦး ခေါ်ယူပေးချင်နေပြီး ဘာစီလိုနာက ဖာမင်း လိုပက်ဇ်ကို စိတ်ဝင်စားနေပါတယ်။ ပရီးမီးယားလိဂ် ကလပ် ကလပ်ဟာ စပိန်သား အတွက် ယူရို ၁၅၀ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်ပြီး ချိတ်ဆက်မှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။

တော့တင်ဟမ်ဟော့စပါးနဲ့ ဆန်းတို့စ် တို့ဟာ ဘရာဇီးလ် ဘယ်နောက်ခံလူ ဆူဇာ အတွက် ပေါင် ၁၄ သန်း (ဒေါ်လာ ၁၈.၈ သန်း) နဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ ဒီကစားသမားဟာ အစောပိုင်း ကတည်းက စပါးနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုတွေ ရရှိထားပြီး ဖြစ်ပါတယ်။
စကော့တလန် ကလပ် ဟာတ့်ရဲ့ ကြယ်ပွင့် ကိုင်ရာ မက်မီးကင် ကတော့ မန်ချက်စတာစီးတီးကို ရောက်ရှိလာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ စကော့တလန် ကြယ်ပွင့်ဟာ မန်စီးတီးနဲ့ ဆေးစစ်မှု အောင်မြင်ထားပြီး စီတီဇင် တို့ရဲ့ အကယ်ဒမီသစ်မှာ ကစားသမား ဘဝ စတင်ဖို့ ရှိနေပါတယ်။
အာဆင်နယ် ကတော့ ဒေါ့မန်ရဲ့ လူငယ် အသင်းမှာ အထင်ကြီးလောက်စရာ ခြေစွမ်းတွေ ပြသနေသည့် အသက် ၁၇ နှစ်အရွယ် ရိုမီယို ရစ်တာ အကြောင်း ဖုန်းနဲ့ စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဂန်းနားတွေ အနေနဲ့ ဒီကစားသမားလေး ကိုတော့ အေစီမီလန်နဲ့ အပြိုင် ကြိုးပမ်းရဖို့ ရှိနေပါတယ်။
လစ်ဗာပူးလ် တောင်ပံ ကစားသမား ဖက်ဒရစ်ကို ခီယေဇာကို ဝက်စ်ဟမ်းနဲ့ ဘုန်းမောက် နှစ်သင်းစလုံးက စိတ်ဝင်စားနေကြပါတယ်။ ကလပ် နှစ်ခုစလုံးက အီတလီ လက်ရွေးစင် ကစားသမားကို အငှားနဲ့ ခေါ်ယူချင်နေကြတာ ဖြစ်ပါတယ်။
နယူးကာဆယ်ယူနိုက်တက်ရဲ့ ချဲလ်ဆီး တိုက်စစ်မှူး ရာဟင်းမ် စတာလင် အပေါ် စိတ်ဝင်စားမှုဟာ ကနဦး အဆင့်ထက် ကျော်လွန်ဖို့ မဖြစ်နိုင်ပါဘူး။ ငှက်ကြားတွေဟာ အင်္ဂလိပ် ကစားသမားရဲ့ လုပ်ခလစာကို ဝန်ထုပ် ဝန်ပိုး တစ်ခု အဖြစ်သာ ရှုမြင်ထားပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်း ကတော့ နယူးကာဆယ် နည်းပြ အက်ဒီ ဟောင်းဝ်က လက်ရှိ ယူနိုက်တက်နဲ့ အသင့်တော်ဆုံး နည်းပြ ဖြစ်ကြောင်း ထောက်ခံသွားခဲ့ပါတယ်။ လိဒ်စ်နဲ့ သရေကျခဲ့ပြီးနောက် အမော်ရင်က ရာထူး ကနေ ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပြီး ယာယီ နည်းပြ ဒါရင်း ဖလက်ချာ ကိုင်တွယ်တဲ့ ဘန်လေနဲ့ ပွဲမှာလည်း ထုံးစံအတိုင်း သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဆိုးလ်ရှား၊ နစ္စတယ်ရွိုင်း၊ မိုက်ကယ် ကားရစ် စတဲ့ အသင်းနဲ့ နီးစပ်သူတွေကို ယာယီ နည်းပြ အဖြစ် လက်ကျန် ရာသီဝက် တာဝန်ပေးသွားဖို့ အသင်းဘက်က ဆုံးဖြတ်ထားပြီး လာမယ့် နွေရာသီမှသာ နည်းပြသစ် တစ်ယောက် ထပ်မံ ရှာဖွေလိုနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


