နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆလော့တ်ကို ထောက်ခံအားပေးလိုက်တဲ့ အာနိုးလ် | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် နောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ် ကတော့ နည်းပြသစ် အာနေး ဆလော့တ်ကို ထောက်ခံအားပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အာနေး ဆလော့တ် အခုရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲခဲ့တဲ့ ယာဂင် ကလော့ပ်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်လာခဲ့သူ ဖြစ်ပြီး နည်းပြသစ်နဲ့ ပတ်သတ်လို့ ကလပ်ရဲ့ ဆုံးဖြတ်ချက်ကို အာနိုးလ်က အခုလိုပဲ ထောက်ခံ အားပေးသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၄၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အာနေး ဆလော့တ်ဟာ ပရီးမီးယားလိဂ် ကလပ်ကို အောင်မြင်တဲ့ ခေတ်တစ်ခုဆီ ပို့ဆောင်ပေးနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ကလပ်ရဲ့ ဒုတိယ အသင်းခေါင်းဆောင် ဖြစ်တဲ့ အာနိုးလ်က ကလော့ပ် ထွက်ခွာသွားပြီးနောက် သူ့ရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပြီး ဆလော့တ်ကိုလည်း ထောက်ခံသွားခဲ့တာ ဖြစ်ပါတယ်။

အလက်ဇန္တား အာနိုးလ်ဟာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့သူ ဖြစ်ပြီး မကြာခင်မှာ အသင်း ဘက်က သက်တမ်းတိုးဖို့ ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။
ယာဂင် ကလော့ပ်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်မယ့် ဆလော့တ်

Sky Sports နဲ့ အင်တာဗျူးမှာ အလက်ဇန္တား အာနိုးလ်က “ကျွန်တော်က ကလပ်နဲ့ ခန့်အပ်ထားတဲ့သူတွေကို ယုံကြည်မှု ရှိပါတယ်။ ကစားသမား တစ်ယောက် အနေနဲ့ (ချောမွေ့တဲ့ အကူးအပြောင်း တစ်ခု)ကို လိုလားပါတယ်။ သူ့ကို ခေါ်ယူခဲ့တဲ့ အသင်း တာဝန်ရှိသူတွေ အပေါ်မှာ ယုံကြည်မှု ရှိရပါမယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

အာနေး ဆလော့တ်ဟာ ပြီးခဲ့တဲ့ ရာသီက ဖီယင်နော့ဒ်နဲ့ အတူ နယ်သာလန် အမှတ်ပေးဖလား ကိုင်မြှောက်နိုင်ခဲ့ပြီး အခုရာသီမှာတော့ KNVB ဖလား ရယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁/၂၂ ဘောလုံး ရာသီမှာတော့ ဖီယင်နော့ဒ်ကို ယူရိုပါလိဂ် ကွန်ဖရင့်လိဂ်မှာ ဗိုလ်လုပွဲအထိ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

အလက်ဇန္တား အာနိုးလ်ဟာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့သူ ဖြစ်ပြီး မကြာခင်မှာ အသင်း ဘက်က သက်တမ်းတိုးဖို့ ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။ နည်းပြသစ် ရောက်ရှိလာပြီးနောက် လစ်ဗာပူးလ်ဟာ ကစားသမားတွေကို သက်တမ်းတိုးဖို့ ကိစ္စရပ်တွေ လုပ်ဆောင်ရာမှာ ကြန့်ကြာနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း စာချုပ်သက်တမ်းတိုးတဲ့ ကိစ္စတွေနဲ့ ပတ်သတ်လို့ နှစ်ဦးနှစ်ဖက် အလောတကြီး လုပ်ဆောင်ဖို့ မလိုအပ်တဲ့ အခြေအနေမှာ ရှိနေကြောင်း သိရပါတယ်။

တစ်ဖက်မှာတော့ လာလီဂါ ထိပ်သီး ရီးယဲလ်မက်ဒရစ်ဟာ အာနိုးလ်ရဲ့ အခြေအနေကို အနီးကပ်စောင့် ကြည့်နေပေမယ့်လည်း အာနိုးလ် အနေနဲ့ လစ်ဗာပူးလ် မှာသာ ဆက်ရှိနေတဖို့ စိတ်အားထက်သန်နေတာကြောင့် ခေါ်ယူရန် ကြိုးပမ်းဖို့ မလွယ်ကူနိုင်ဘူးလို့ သိရပါတယ်။

လက်ရှိမှာ ယာဂင် ကလော့ပ် နေရာ အတွက် ဆလော့တ်နဲ့ အစားထိုးခဲ့ခြင်း အတွက် ပရိသတ်တွေ အနေနဲ့ စိုးရိမ်မှုတွေ ရှိနေပြီး ဘောလုံးသမားဟောင်းတွေနဲ့ သုံးသပ်သူ တချို့ကတော့ နယ်သာလန်သား နည်းပြ အနေနဲ့ ကလပ် အသစ်မှာ အလျင်အမြန် အသားကျသွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ နည်းပြဟောင်း ကလော့ပ် ကိုယ်တိုင် ကလည်း ဆလော့တ်ရဲ့ တိုက်စစ် အသားပေး ကစားဟန်ကို နှစ်သက်ကြောင်း ပြောကြားခဲ့ပြီး ခန့်အပ်ဖို့လည်း ထောက်ခံအားပေးခဲ့သူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်