နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ် ချန်ပီယံဆု မရယူနိုင်ရင် ၁၀ စုနှစ် များစွာ ခြောက်လှန့်ခံနေရမယ်လို့ ပြောဆိုလာတဲ့ အာနေး ဆလော့တ်

လစ်ဗာပူးလ် လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ် ကတော့ သူ့ရဲ့ အသင်းသားတွေကို ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ပတ်သတ်လို့ သတိပေးစကား ပြောကြားလာခဲ့ပါပြီ။ ဆလော့တ်က ဒီခုရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ရယူနိုင်ခြင်း မရှိခဲ့ရင် ဆယ်စုနှစ်ပေါင်း များစွာ ခြောက်လှန့်ခံနေရလိမ့်မှာ ဖြစ်ကြောင်း အသင်းသားတွေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ ပွဲကစားပြီးချိန်မှာ ဒုတိယနေရာက အာဆင်နယ်ကို ၁၂ မှတ် အထိ ဖြတ်တောက်ထားနိုင်ပြီးတော့ ချန်ပီယံ ဖြစ်ဖို့ သေချာသလောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆလော့တ်က လွဲချော်မှုတွေ ရှိလာမှာကို စိုးရိမ်နေပြီးတော့ သတိထားကြဖို့ အသင်းသားတွေကို တိုက်တွန်းခဲ့တာပါ။

မှတ်တမ်းတွေအရ ဆိုရင်တော့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အခုလို ပွဲစဉ် အနေအထား ရောက်ရှိချိန် အခုလို အမှတ် ဖြတ်တောက်ထားနိုင်တဲ့ အသင်းတိုင်းဟာ ချန်ပီယံဆုကို ရရှိတဲ့ အစဉ်အလာ ရှိထားပါတယ်။ လစ်ဗာပူးလ်ဟာ ဒီရာသီမှာ ဖလား ၄ လုံး အောင်မြင်မှုကို မျှော်လင့်ခဲ့ပေမယ့် ပြိုင်ပွဲ ၃ ခု မှာတော့ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပြီး ပရီးမီးယားလိဂ် တစ်ခုတည်းသာ မျှော်လင့်ချက် ရှိတော့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ဖလား ၃ လုံး အောင်မြင်မှုကို ပြီးခဲ့တဲ့ နှစ်လ အတွင်းမှာပဲ စွန့်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဆလော့တ်ရဲ့ အသင်းက ဖေဖော်ဝါရီလမှာ ပလိုင်းမောက်ကို ရှုံးနိမ့်ပြီး အက်ဖ်အေဖလား ကနေ ထွက်ခဲ့ရသလို မတ်လ မှာလည်း ပီအက်စ်ဂျီကို ရှုံးနိမ့်ကာ ချန်ပီယံလိဂ် ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါတယ်။ ဒါ့အပြင် ဆုဖလားနဲ့ လက်တကမ်း အကွာမှာ ရှိနေတဲ့ ခရာဘောင်ဖလား မှာလည်း နယူးကာဆယ်ကို ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီလို အခြေအနေတွေကြောင့် အာနေး ဆလော့တ်က ပရီးမီးယားလိဂ် ချန်ပီယံ အခွင့်အရေးကို မဖြုန်းတီးပစ်ဖို့ အသင်းသားတွေကို သတိပေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ချေ အလေးပေးမှုမှာ လစ်ဗာပူးလ်က ၁:၃၃ သတ်မှတ်ခံထားရပြီး အာဆင်နယ်က ၂၂:၁ နော့တင်ဟမ်ဖောရက်စ်က ၅၀၀:၁၊ မန်စီးတီးက ၇၅ဝ:၁ သတ်မှတ်ခံထားရပါတယ်။
အမှတ်ပေးဇယား ဒုတိယနေရာက အာဆင်နယ်ကို ၁၂ မှတ်ဖြတ်ထားတဲ့ လစ်ဗာပူးလ်

ဆလော့တ်က “ဒါဟာ ဘယ်လို အလုပ်လုပ်တယ် ဆိုတာ ကျွန်တော် သိပါတယ်။ နည်းပြ အနေနဲ့ ဖြစ်ဖြစ် ကစားသမား အနေနဲ့ ဖြစ်ဖြစ် ဆုဖလားတွေ မရယူနိုင်ဘူး ဆိုရင် အဲဒါက ဆယ်စုနှစ်ပေါင်း များစွာ ခြောက်လှန့်နေနိုင်ပါတယ်။ သတိရနေမယ့် နည်းလမ်းတွေတော့ အများကြီး ရှိပါတယ်။ ၁၉၇၄ ကမ္ဘာ့ဖလား တုန်းက နယ်သာလန်ကို ကြည့်လိုက်ပါ။ အဲဒီကမ္ဘာ့ဖလားကို ကြည့်ခဲ့ရတဲ့ လူတိုင်းက နယ်သာလန်ကို ချန်ပီယံ အသင်း အဖြစ်နဲ့ မှတ်မိနေကြပါတယ်။ ဒါပေမယ့် သူတို့ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ကြပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး “လူတွေက ကျွန်တော့်ကို အမြဲတမ်း တိုက်စစ်ဆင်ဖို့ တွေးနေတဲ့ နည်းပြလို့ သတ်မှတ်ကြတာကို ကျွန်တော် သဘောကျပါတယ်။ တိုက်စစ်ဆင်ပြီး အခွင့်အရေးတွေ ပိုရလာတဲ့အခါမှာ အနိုင်ရသူ ဖြစ်လာပါလိမ့်မယ်။ ကိုယ်လိုချင်တာကို စွန့်စားခန်း ဖွင့်ပြီး လုပ်ဆောင်တာက ကြောက်ကြောက်ရွံ့ရွံ့ လုပ်ဆောင်တာထက် ဆုလာဘ်တွေကို ပိုပြီး ရရှိစေပါလိမ့်မယ်။ အနာဂတ်မှာ ကျွန်တော် ရှုံးပွဲတွေ အများကြီး ကြုံတွေ့ရဦးမယ် ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ခံစစ် စိတ်ဓာတ်နဲ့တော့ ဘယ်တော့မှ ရှုံးမှာ မဟုတ်ပါဘူး။” လို့ ဆလော့တ်က ပြောကြားခဲ့ပါတယ်။

လစ်ဗာပူးလ်ဟာ လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ် ၉ ပွဲမှာ အဲဗာတန်၊ ဖူလ်ဟမ်၊ ဝက်စ်ဟမ်း၊ လက်စတာစီးတီး၊ တော့တင်ဟမ်ဟော့စပါး၊ ချဲလ်ဆီး၊ အာဆင်နယ်၊ ဘရိုက်တန်၊ ပဲလေ့စ် တို့နဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ချေ အလေးပေးမှုမှာ လစ်ဗာပူးလ်က ၁:၃၃ သတ်မှတ်ခံထားရပြီး အာဆင်နယ်က ၂၂:၁ နော့တင်ဟမ်ဖောရက်စ်က ၅၀၀:၁၊ မန်စီးတီးက ၇၅ဝ:၁ သတ်မှတ်ခံထားရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်