နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လစ်ဗာပူးလ်နဲ့ ပထမဦးဆုံး အင်တာဗျူးမှာ သူရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို ဖွင့်ဟခဲ့တဲ့ အာနေး ဆလော့တ် | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ရဲ့ နည်းပြသစ် အာနေး ဆလော့တ် ကတော့ လာမယ့် ဘောလုံးရာသီ အမှတ်ပေးဇယားမှာ အဆင့် ၃ အောက် မကျအောင် စွမ်းဆောင်ဖို့က သူ့ အတွက် ပထမဦးဆုံး စိန်ခေါ်မှု ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ အာနေး ဆလော့တ်က ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် နည်းပြ အဖြစ် တရားဝင် ခန့်အပ်ခံရပြီးနောက် ပထမဦးဆုံး ပြုလုပ်တဲ့ အင်တာဗျူးမှာ အခုလိုပဲ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ အသင်းနဲ့ ကာလရှည်ကြာ လက်တွဲလာခဲ့တဲ့ နည်းပြ ယာဂင် ကလော့ပ်နဲ့ လမ်းခွဲခဲ့ပြီးနောက် ဖီယင်နော့ဒ်နဲ့ အတူ အောင်မြင်မှုတွေ ရရှိနေတဲ့ ဆလော့တ်ကို နည်းပြသစ် အဖြစ် အစားထိုး ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဆလော့တ်ဟာ ဖီယင်နော့ဒ်ကို သူတာဝန်ယူ ကိုင်တွယ်စဉ် အတွင်း နယ်သာလန် အမှတ်ပေးဖလား အပြင် KNVB ဖလား ရယူပေးနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ် မှာတော့ ယူရိုပါကွန့်ဖရင့်လိဂ် ဗိုလ်ပွဲကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

နည်းပြ ဆလော့တ်က သူရဲ့ ပရီးမီးယားလိဂ် ကလပ် နည်းပြဘဝ ပထမဆုံး အင်တာဗျူးမှာ လစ်ဗာပူးလ် အကြောင်း အပြင် သူ့ရဲ့ ရည်ရွယ်ချက်တွေကိုပါ ထုတ်ဖော် ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဆလော့တ်က “လစ်ဗာပူးလ်ဆီ ပြောင်းရွှေ့ဖို့က ကျွန်တော့် အတွက်တော့ ခက်ခဲတဲ့ ရွေးချယ်မှုမျိုး မဟုတ်ခဲ့ဘူး။ ကျွန်တော် ပြောခဲ့သလို ဖီယင်နော့ဒ်မှာ ကျွန်တော် တကယ်ကို ပျော်ရွှင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့်ဆီ ရောက်လာတဲ့ အခွင့်အရေး ဖြစ်လို့ ကျွန်တော် ယူကို ယူမှ ရမှာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဆလော့တ်က နည်းပြဟောင်း ကလော့ပ်နဲ့ ပတ်သတ်လို့လည်း အခုလိုပဲ ပြောကြားသွားခဲ့ပါသေးတယ်။ “အရင် နည်းပြဟောင်း ကလော့ပ် ကလည်း ကျွန်တော့်ကို အကြံညဏ်ကောင်းတွေ အများကြီး ပေးပါတယ်။ ဒါပေမယ့် ကျွန်တော့် အတွက် ထူးခြားတာ တစ်ခု ကတော့ ကျွန်တော့် အတွက် အရမ်းကို ပျော်ရွှင်နေတာပါပဲ။ နောက်ပြီး ဒါကိုလည်း သူက မီဒီယာတွေမှာပါ ပြောထားခဲ့သေးတယ်လို ကျွန်တော် ထင်ပါတယ်။ သူက လစ်ဗာပူးလ်ကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံ အားပေးနေမယ့်သူ ဖြစ်တာကြောင့် သူက ကျွန်တော်ရဲ့ အမာခံ ပရိသတ် တစ်ယောက်လည်း ဖြစ်လာမှာပါ။”

“လစ်ဗာပူးလ် ကလည်း တကယ့်ကို အသင်းကောင်း၊ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်း။ ထိပ်တန်း အဆင့်တွေမှာ အချိန်အကြာကြီး ရပ်တည်နိုင်အောင် စီစဉ်ထားနိုင်ခဲ့တယ်။ ဒါပေမယ့် နောက်ဆုံး မှာတော့ အသင်း ပရိသတ်တွေက လစ်ဗာပူးလ် အသင်းကို အဆင့် (၃) နေရာထက် နည်းနည်း ပိုမြင့်မားတဲ့ အဆင့်ရပ်တည်မှု မျိုးမှာ မြင်ချင်ကြမယ်လို ထင်ပါတယ်။ ဒါက အခု ကျွန်တော် ရင်ဆိုင်သွားရမယ့် ပထမဦးဆုံး စိန်ခေါ်မှုပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဆလော့တ်ကို လစ်ဗာပူးလ် အသင်း တာဝန်ရှိသူတွေက ယုံယုံကြည်ကြည်နဲ့ နည်းပြ အဖြစ် ခန့်အပ်ခဲ့ပေမယ့် အသင်း ပရိသတ်တွေ ကတော့ စိုးရိမ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆလော့တ်ဟာ ကလော့ပ် လိုပဲ တိုက်စစ် အသားပေး ကစားဟန်နဲ့ အသင်းကို တည်ဆောက်သူ ဖြစ်တာကြောင့် အသင်းက အများကြီး ပြောင်းလဲမှုတော့ မရှိနိုင်ပါဘူး။ လက်ရှိမှာ လစ်ဗာပူးလ် အနေနဲ့ သူတို့ အသင်းရဲ့ နည်းပြသစ် ခန့်အပ်တဲ့ လုပ်ငန်း ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် နွေရာသီ ဈေးကွက်မှာ ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်ဖို့နဲ့ အသင်းမှာ ရှိတဲ့ ကစားသမားတွေကို စာချုပ်သက်တမ်းတိုးဖို့ ကိစ္စတွေ ဆက်လက် လုပ်ဆောင်ဖို့ ရှိနေပါတယ်။

“ကျွန်တော် တို့ရဲ့ ကစားဟန်ကို မကြာခင်မှာပဲ အကောင်အထည် ဖော်ချင်ပါတယ်။ ဘောလုံး ပိုင်ဆိုင်မှု အများကြီး ရဖို့နဲ့ အင်တိုက် အားတိုက် ကစားဖို့ စီစဉ်ထားပါတယ်။ အသင်းပရိသတ်တွေ ကလည်း နိုင်ပွဲ ရဖို့ ဘာမဆို လုပ်ဆောင်နေတဲ့ အသင်းရဲ့ ကစားပုံကို ကြည့်ရှုရတာ နှစ်သက်မှာပါ။ တကယ်လို့ ခက်ခက်ခဲခဲနဲ့ ကစားနေရတယ် ဆိုရင်လည်း ပွဲကို အလှည့်အပြောင်း ဖြစ်သွားအောင် ဘာမဆို လုပ်ဆောင်မှာပါ။” လို ဆလော့တ်က ပြောဆိုသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်