နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်က ထွက်ခွာလာပြီး ရက်ပိုင်းအကြာမှာပဲ အလုပ်သစ် ရတော့မယ့် အမော်ရင် | ပရီးမီးယားလိဂ်

ရူဘင် အမော်ရင် ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲပြီးနောက် ရက်ပိုင်း အကြာမှာပဲ အသင်းသစ် ရှာတွေ့ဖို နီးစပ်နေပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရူဘင် အမော်ရင် အနေနဲ့ ဆာအဲလက်စ် ဖာဂူဆန် ခေတ်လွန် မန်ချက်စတာယူနိုက်တက်ကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြတွေထဲမှာ အဆိုးရွားဆုံး မှတ်တမ်းနဲ့ အတူ အိုးထရက်ဖို့ဒ် ကနေ ထွက်ခွာသွားခဲ့ရသူပါ။

အသက် ၄၀ အရွယ် နည်းပြဟာ ပရီးမီးယားလိဂ် ကလပ်ကို ပြိုင်ပွဲစုံ ၆၃ ပွဲ ကိုင်တွယ်ခဲ့ရမှာ နိုင်ပွဲ ၂၄ ပွဲသာ ရရှိခဲ့ပြီး ၁၈ ပွဲ သရေ၊ ၂၁ ပွဲ ရှုံးရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါက ဖာဂူဆန် နောက်ပိုင်း နည်းပြတွေထဲမှာ အနည်းဆုံး ဖြစ်ခဲ့တဲ့ အပြင် ပရီးမီးယားလိဂ် မှာလည်း သူ့ရဲ့ ပျမ်းမျှ ရမှတ်က ၁.၂၃ မှတ်သာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် အမော်ရင် စတင် ကိုင်တွယ်ချိန်က စပြီး ယူနိုက်တက်က အင်္ဂလန် ထိပ်တန်းလိဂ်မှာ သူတို့ အသင်းထက် ရမှတ် နည်းတာ ဆိုလို ၃ သင်းသာ ရှိခဲ့ပါတယ်။ နောက်ထပ် အချက်အလက်တွေအရ အမော်ရင် လက်ထက် အမှတ်ပေးပွဲစဉ် ၄၇ ပွဲမှာ ယူနိုက်တက်တို့ ၂ ပွဲဆက် အနိုင်ရတာက ၁ ကြိမ်သာ ရှိခဲ့ပြီး ပျမ်းမျှ ရမှတ်က ၁.၂၃ မှတ်သာ ရရှိခဲ့ပါတယ်။

အမော်ရင် အနေနဲ့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ကနေ ထုတ်ပယ်ခံခဲ့ရသည့် တိုင်အောင် အကျိုးအမြတ် များစွာ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။
ယူနိုက်တက် ကနေ ထွက်ခွာခဲ့ရပေမယ့် အကျိုးအမြတ် များစွာရရှိခဲ့တဲ့ အမော်ရင်

ဒီလို မှတ်တမ်းဆိုးတွေ ပိုင်ဆိုင်ခဲ့ပေမယ့်လည်း အမော်ရင် ကတော့ လောလောဆယ်မှာ ပေါ်တူဂီ ထိပ်သီး ကလပ် ဘင်ဖီကာရဲ့ နည်းပြသစ် ဖြစ်လာဖို့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပါတယ်။ လက်ရှိမှာ ဘင်ဖီကာက ပေါ်တူဂီ လီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ပေါ်တိုနဲ့ ၁၀ မှတ် အထိ ကွာဟနေပြီး နည်းပြ ဖြစ်သူ မော်ရင်ညို ကလည်း ကြီးမားတဲ့ ဖိအားတွေ အောက်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် မှာလည်း ဘင်ဖီကာက အဆင့် ၂၅ နေရာမှာ ရပ်တည်နေပြီး နောက်တစ်ဆင့် တက်ဖို့ ရုန်းကန်နေရတဲ့ အခြေအနေပါ။

ဒါပေမယ့်လည်း ဘင်ဖီကာက မော်ရင်ညို လက်အောက်မှာ ၁၄ ပွဲနိုင်၊ ၅ ပွဲ သရေကျကာ၊ ရှုံးပွဲ ၄ ပွဲသာ ရှိထားပါသေးတယ်။ ဒါတောင် ဘင်ဖီကာက မော်ရင်ညို နေရာမှာ အမော်ရင်နဲ့ အစားထိုးဖို စဉ်းစားနေပြီ ဖြစ်ကြောင်း ဗြိတိန် မီဒီယာတွေက ဖော်ပြနေကြတာ ဖြစ်ပါတယ်။ ဘင်ဖီကာဟာ ယခင်ကလည်း အမော်ရင်ကို နည်းပြ အဖြစ် ခန့်ဖို ကြိုးစားခဲ့ဖူးတဲ့ အသင်း ဖြစ်ပါတယ်။ အမော်ရင်ဟာ ဘောလုံးသမားဘဝမှာတုန်းက ဘင်ဖီကာမှာ ၂၀၀၈ ကနေ ၂၀၁၇ ခုနှစ် အထိ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အမော်ရင်ဟာ ဘင်ဖီကာရဲ့ နည်းပြ ရာထူးနဲ့ ပတ်သက်လို သတင်းတွေ ထွက်ခဲ့ဖူးပေမယ့် အမော်ရင်က ငြင်းဆန် ပယ်ချခဲ့တာ ဖြစ်ပါတယ်။

အမော်ရင်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က လိဒ်စ်ယူနိုက်တက်နဲ့ ၁-၁ ဂိုးစီ သရေကျပြီးတဲ့နောက် သတင်းစာ ရှင်းလင်းပွဲမှာ အသင်းဘုတ်အဖွဲ့ အပေါ် ဝေဖန်ပြစ်ခဲ့တာကြောင့် ယူနိုက်တက်ရဲ့ နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အမော်ရင် အနေနဲ့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ကနေ ထုတ်ပယ်ခံခဲ့ရသည့် တိုင်အောင် အကျိုးအမြတ် များစွာ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အမော်ရင် ရယူပေးခဲ့တဲ့ ရမှတ် ၁ မှတ် အတွက် ပေါင် ၄ သိန်း ၆ သောင်း ဝန်းကျင် အထိ ကုန်ကျခဲ့ကာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ရမှတ် ၁ မှတ် အတွက် ငွေကြေးကုန်ကျမှု အများဆုံး ယူနိုက်တက် နည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်