နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက်ကို ပိုက်ဆံကြောင့် ပြောင်းခဲ့တာ မဟုတ်ဘူးလို့ ပြောကြားလာတဲ့ အမော်ရင် | ပရီးမီးယားလိဂ်

ရူဘင် အမော်ရင် ကတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ရဲ့ နည်းပြ ရာထူးကို ဘယ်လိုမျိုး လက်ခံဖြစ်ခဲ့သလဲ ဆိုတာနဲ့ ပတ်သတ်လို့ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ ရူဘင် အမော်ရင်ရဲ့ ပြောကြားချက်အရ ဆိုရင် သူ့အနေနဲ့ စပို့တင်းလစ္စဘွန်း အသင်းမှာ ရာသီကုန် အထိ ဆက်နေချင်ခဲ့ပေမယ့်လည်း ချက်ချင်း အဖြေပေးဖို့ လိုအပ်နေတာကြောင့် ယူနိုက်တက် နည်းပြ ရာထူးကို လက်ခံဖို့ သုံးရက် အတွင်း ဆုံးဖြတ်ချက်ချခဲ့ရတယ်လို့လည်း သိရပါတယ်။

ယူနိုက်တက်ဟာ တန်ဟက်ဂ်ကို ထုတ်ပယ် အပြီး လစ်လပ်နေတဲ့ နည်းပြ ရာထူး အတွက် အသက် ၃၉ နှစ် အရွယ် ပေါ်တူဂီ လူငယ် နည်းပြ အမော်ရင်ကို ခန့်အပ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ အတည်ပြု ကြေညာခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ အဲရစ်ခ် တန်ဟက်ဂ်ကို ထုတ်ပယ်အပြီး လေးရက် အကြာမှာပဲ အမော်ရင်ကို အစားထိုး ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမော်ရင် ကတော့ နိုင်ငံတကာ ပွဲစဉ် ရက်သတ္တပတ် စတင်တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှသာ ယူနိုက်တက်ကို စတင် ကိုင်တွယ်မှာလည်း ဖြစ်ပါတယ်။ အမော်ရင်ဟို ယူနိုက်တက်နဲ့ ၂၀၂၇ ခုနှစ်အထိ သက်တမ်း ရှိတဲ့ ၂ နှစ်ခွဲ စာချုပ် ချုပ်ဆိုထားတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ အမော်ရင်ကို ခေါ်ယူဖို့ အတွက် စပို့တင်းလစ္စဘွန်းကို လျော်ကြေး ပေါင် ၉.၂၅ သန်း (ယူရို ၁၁ သန်း) ပေးချေခဲ့ရတယ်လို့ BBC က ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က အမော်ရင် အတွက် ဗီဇာနဲ့ စာရွက်စာတမ်း ကိစ္စတွေ ဆောင်ရွက်ဖို့ ကျန်ရှိနေပြီး လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က အမော်ရင် အတွက် ဗီဇာနဲ့ စာရွက်စာတမ်း ကိစ္စတွေ ဆောင်ရွက်ဖို့ ကျန်ရှိနေပြီး လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
ရာသီအကုန်ထိ စပို့တင်းလစ္စဘွန်းမှာပဲ နေချင်ခဲ့တဲ့ အမော်ရင်

အမော်ရင်က “ရာသီက စတင်နေပြီး ကျွန်တော် တို့ရဲ့ ရာသီအဖွင့်က အရမ်းကို ကောင်းမွန်နေပါတယ်။ အဲဒီနောက်မှာ မန်ချက်စတာယူနိုက်တက် ရောက်လာပါတယ်။ သူတို့က စာချုပ်လျော်ကြေးထက် ပိုပေးခဲ့ကြပြီး ဥက္ကဋ္ဌ ကလည်း အသင်းရဲ့ အကျိုးစီးပွားကို ကာကွယ်ခဲ့တာပါ။ ကျွန်တော်က ဥက္ကဋ္ဌနဲ့ ဘာမှ မဆွေးနွေးခဲ့ပါဘူး။ ရာသီကုန်အထိ ဆက်ရှိနေချင်တယ်လို့ သုံးရက်လောက် ကျွန်တော် ပြောခဲ့တယ်။ ဒါပေမဲ့ အဲဒီနောက်မှာတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ပြောခဲ့တယ်။ အဲဒါက အခု မဟုတ်ဘူး ဆိုရင် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီလို မဟုတ်ရင် မန်ချက်စတာက နောက်ထပ် ရွေးချယ်စရာ တစ်ခုဆီ သွားတော့မှာပါ။ အဲဒါကြောင့် ကျွန်တော့် ဘဝကို အကြီးအကျယ် ပြောင်းလဲစေမယ့် ဆုံးဖြတ်ချက် တစ်ခု ချဖို့ အချိန် သုံးရက်ပဲ ယူခဲ့ရပါတယ်။ ကျွန်တော့်မှာ တခြား အခွင့်အရေးလည်း ရဖူးပါတယ်။ ဒါကို ဥက္ကဋ္ဌနဲ့ ဟူဂိုဗီယာနာ (ဘောလုံးဒါရိုက်တာ) တို့က အတည်ပြုပေးနိုင်ပါတယ်။ တခြား အသင်းဆီက ကမ်းလှမ်းမှု ရတာ ပထမဆုံး အကြိမ် ဒါမှမဟုတ် ဒုတိယအကြိမ် မဟုတ်ပါဘူး။ တခြား အသင်း ကိုလည်း ကျွန်တော် မပြောင်းချင်ပါဘူး။ စပို့တင်းကို ကိုင်တွယ်ပြီးနောက်မှာ ကျွန်တော် ထပ်သွားချင်ခဲ့တာက မန်ချက်စတာပါ။ ကျွန်တော့်ရဲ့ နည်းပြ ဘဝကို ရှေ့တစ်လှမ်းတိုးရမယ့် အချိန် ဖြစ်ပါတယ်။ အဲဒါက အခု ဖြစ်လာပါပြီ။ ဒီဆုံးဖြတ်ချက်က စပို့တင်းလစ္စဘွန်း ပရိသတ်တွေထက် ကျွန်တော့် အတွက် ပိုပြီး ခက်ခဲတယ် ဆိုတာ ယုံကြည်ပေးပါ။ ဒါပေမဲ့ အဲဒါကို ကျွန်တော် လုပ်ကို လုပ်မှရပါမယ်။ အခုတော့ ရှင်းပြပြီးပြီ ဖြစ်လို့ အိမ်ပြန်ရတာ ပိုပျော်ပါတယ်။ ဒါက ငွေကြောင့်လို့ လူတွေက ပြောကြတယ်။ ဒါပေမယ့် အရင်က ကျွန်တော့်ကို ခေါ်ချင်တဲ့ အသင်း တစ်သင်း ရှိပြီး သူတို့က မန်ချက်စတာထက် သုံးဆပိုပေးတာပါ။ ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ဒီနေ့က နှုတ်ဆက်ပွဲ မဟုတ်သေးပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

ဒီစကား ကိုတော့ အမော်ရင်က အစ်ထရယ်လာကို အနိုင်ရရှိပြီးနောက် ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ အမော်ရင်ဟာ စပို့တင်းလစ္စဘွန်းကို ဒီရာသီမှာ ရာနှုန်းပြည့် နိုင်ပွဲ ရရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်