နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လစ်ဗာပူးလ်နဲ့ ပွဲက အသင်းရဲ့ စွမ်းဆောင်ရည် အပေါ် ကျေနပ်နေတဲ့ အမော်ရင် | ပရီးမီးယားလိဂ်

အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ မှာတော့ မန်ချက်စတာယူနိုက်တက်ဟာ လစ်ဗာပူးလ်ကို အန်ဖီးလ်မှာ သွားရောက် ရင်ဆိုင်ပြီး သရေ ၁ မှတ် အရ ယူနိုင်ခဲ့ပါတယ်။ တစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့တဲ့ အဲဒီပွဲမှာ ယူနိုက်တက်ရဲ့ ခြေစွမ်းပိုင်းက အရင် ပွဲတွေထက် သိသိသာသာ ပိုကောင်းခဲ့သလို ရှုံးပွဲ ဆက်နေမှု ကိုလည်း ရပ်တန့်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲ ယူနိုက်တက်ရဲ့ ခြေစွမ်းနဲ့ ပတ်သတ်လို့ နည်းပြ ရူဘင် အမော်ရင်က ကျေနပ်လျက် ရှိပြီး အသင်းရဲ့ စွမ်းဆောင်ရည် ကလည်း ရူးလောက်စရာ ကောင်းကြောင်း မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။ “တချို့သော အရာတွေက နားလည်ဖို့ တော်တော်လေး ခက်ပါတယ်။ ဒါဟာ စနစ် တစ်ခု၊ နည်းစနစ် တစ်ခုကြောင့်တော့ မဟုတ်ပါဘူး။ တခြား အကြောင်းအရာ တစ်ခုကြောင့် ဖြစ်ပါလိမ့်မယ်။ ဒီနေ့ အတွက် အံ့အားသင့်ရပါတယ်။ တကယ်ကို အံ့အားသင့်မိတာပါ။ အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော် ကျေနပ်ပါတယ်။ ဒီနေ့မှာ အသင်းက အလုပ်ကောင်းကောင်း လုပ်ခဲ့တယ်လို လူတိုင်းက ပြောကြပါလိမ့်မယ်။ ပြီးခဲ့တဲ့လ ကလည်း ကစားပုံ ကောင်းတဲ့ ပွဲတချို ရှိခဲ့ပေမယ့် ကျွန်တော်တို့ ကျရှုံးခဲ့တယ်။ ဒါဟာ အသင်းရဲ့ ခြေစွမ်းက တစ်သမတ်တည်း ရှိနေဖို့ လိုအပ်နေပြီ ဆိုတာကို ပြသနေတယ်။ မန်စီးတီးကို အနိုင်ရ အပြီး မှာလည်း ဒီစကားပဲ ပြောခဲ့ပါတယ်။” လို့ အမော်ရင်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၃ ပွဲဆက် ရှုံးနိမ့်ထားခဲ့ပြီးတော့ ၄ ပွဲ မြောက် မှာတော့ အရှုံးတွေကို ရပ်တန့်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရှိနေတဲ့ ယူနိုက်တက်

အဲဒီပွဲမှာ ယူနိုက်တက် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်က ပွဲချိန် ၅၂ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ကာ ဂက်ခ်ပိုက ၅၉ မိနစ်မှာ လစ်ဗာပူးလ် အတွက် ပြန်လည် ချေပပေးခဲ့ပါတယ်။ အဲဒီနောက် ပွဲချိန် မိနစ် ၇၀ မှာ မိုဆာလာက ပယ်နယ်တီ ကနေ တဆင့် ဦးဆောင်ဂိုး သွင်းခဲ့ပြီး ၁၀ မိနစ် အကြာမှာတော့ ယူနိုက်တက်က အာမက်ဒ်ရဲ့ ဂိုးနဲ့ ပြန်လည် ချေပနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီးခါနီး နောက်ဆုံး မိနစ်လောက်မှာ မက်ဂွိုင်းယား အပိုင်ကန်ခွင့် ရခဲ့ပေမယ့်လည်း ဂိုးဘားတန်း ပေါ်က ကျော်သွားခဲ့လို့သာ ယူနိုက်တက်တို့ ၃ မှတ် ရမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၃ ပွဲဆက် ရှုံးနိမ့်ထားခဲ့ပြီးတော့ ၄ ပွဲ မြောက် မှာတော့ အရှုံးတွေကို ရပ်တန့်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပွဲအပြီးမှာ အိမ်ရှင် လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ် ကလည်း ဒီပွဲမှာ ပြသခဲ့တဲ့ အသင်းရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ အတွက် များစွာ ကျေနပ်မိကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။ “ကျွန်တော်တို့ ပွဲကို ကောင်းကောင်း စတင်နိုင်ခဲ့ပါတယ်။ ပွဲအတွင်း အခွင့်အရေးကောင်း ၃ ကြိမ်လောက် ရခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မှာတော့ ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ အချိန်တွေ ကျရောက်လာခဲ့ပါတယ်။ ခံစစ်ကို ပိုအာရုံစိုက်ပြီး အရည်အသွေးရှိတဲ့ ကစားသမားတွေနဲ့ ရင်ဆိုင်ရတိုင်း ခက်ခဲတတ်ပါတယ်။ သူတို့က ဟွိုက်ဂျ်လန်းနဲ့ အာမက်ဒက် ဒီယာလို ကိုပဲ တိုက်စစ်မှာ တင်ပြီး ကစားခဲ့တာပါ။ ဒီကွာခြားချက်ကို ရှာဖွေဖို့ ဆိုတာ အမြဲတမ်း မလွယ်ကူပါဘူး။ ဒါက ဖြစ်ပျက်ခဲ့တဲ့ အရာတွေပါပဲ။ ၁ ဂိုး အရှုံးနဲ့ နောက်က လိုက်ကစားရတာဟာ ပိုပြီး ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ၂-၁ ရလဒ်နဲ့ ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။ အသင်းရဲ့ စိတ်ဓာတ်ပိုင်း ကိုတော့ အမှန်တကယ် ကျေနပ်မိပါတယ်။” လို့ အာနေး ဆလော့တ်က ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ဆလော့တ်က ယူနိုက်တက်ကို လျှော့မတွက်ခဲ့ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။ လစ်ဗာပူးလ်ဟာ နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် ဇယား ထိပ်မှာ ၆ မှတ် ဖြတ်ကာ ဆက်လက် ဦးဆောင်နိုင်ဆဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်