ရူဘင် အမော်ရင် ကတော့ ဆာအဲလက်စ် ဖာဂူဆန် ခေတ်လွန် မန်ချက်စတာယူနိုက်တက်ကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြတွေထဲမှာ အဆိုးရွားဆုံး မှတ်တမ်း ပိုင်ဆိုင်သူ ဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၆ နေရာ ရပ်တည်နေခဲ့ပြီး နောက်ဆုံး ၆ ပွဲမှာ ၂ ပွဲသာ အနိုင်ရခဲ့ပါတယ်။ ဒါ့အပြင် ကစားပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ မှာလည်း ၈ ပွဲသာ အနိုင်ရခဲ့လို နိုင်ပွဲ ရာခိုင်နှုန်း ကလည်း ၄၀ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။
အသက် ၄၀ အရွယ် ရူဘင် အမော်ရင်က ယူနိုက်တက်က ပြိုင်ပွဲစုံ ၆၃ ပွဲ ကိုင်တွယ်ခဲ့ပြီး ၂၄ ပွဲနိုင်၊ ၁၈ ပွဲ သရေ၊ ၂၁ ပွဲ ရှုံးရလဒ် ထွက်ပေါ်ခဲ့ပြီး အနိုင်ရာခိုင်နှုန်း ကလည်း ၃၁.၉ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ ဒါက အမြဲတမ်း နည်းပြတွေထဲ အနည်းဆုံး ဖြစ်ခဲ့တဲ့ အပြင် ပရီးမီးယားလိဂ် မှာလည်း သူ့ရဲ့ ပျမ်းမျှ ရမှတ်က ၁.၂၃ မှတ်သာ ရရှိခဲ့ပါတယ်။ ဒီအခြေအနေက ၂၀၁၃ ခုနှစ်မှာ ဂန္ထဝင် နည်းပြ ဖာဂူဆန် အသင်း ကနေ ထွက်ခွာပြီးနောက် နည်းပြ ဖြစ်လာသူတွေထဲမှာ အဆိုးရွားဆုံး အဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ ပေါ်တူဂီ နည်းပြ အနေနဲ့ ကိုင်တွယ်ရတဲ့ လိဂ်ပွဲနဲ့ အချိုးချကြည့်မှုမှာ တစ်ပွဲ ပျမ်းမျှ ပေးဂိုး ၁.၅၃ ဂိုး၊ clean sheet ၁၅ ရာခိုင်နှုန်းသာ ရှိခဲ့တာ ကလည်း ယူနိုက်တက် နည်းပြတွေထဲ အနည်းဆုံး ဖြစ်ပါတယ်။
ယူနိုက်တက်ကို အမော်ရင် စတင်ကိုင်တွယ် ကတည်းက ပရီးမီးယားလိဂ်မှာ အသင်းထက် ရမှတ် နည်းတာ ဆိုလို ၃ သင်းသာ ရှိပါတယ်။ မန်ချက်စတာယူနိုက်တက် (၅၈ မှတ်) ထက် ရမှတ် လျော့နည်းခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး (၄၆ မှတ်) ၊ ဝက်စ်ဟမ်း (၄၅ မှတ်) ၊ ဝုဗ် (၃၉ မှတ်) တို့သာ ရှိပါတော့တယ်။ အမော်ရင် လက်ထက် ပရီးမီးယားလိဂ် ၄၇ ပွဲမှာ ယူနိုက်တက်တို့ ၂ ပွဲဆက် အနိုင်ရတာက ၁ ကြိမ်သာ ရှိခဲ့ပြီး ဖာဂူဆန် နောက်ပိုင်း ရာထူး ကနေ ထုတ်ပယ်ခံရတဲ့ ၇ ဦးမြောက် ယူနိုက်တက် နည်းပြ ဖြစ်ခဲ့ပါတယ်။

သတင်းတွေအရ ဆိုရင် မန်ချက်စတာယူနိုက်တက်ဟာ နည်းပြ ရူဘင် အမော်ရင်ကို ရာထူးက ထုတ်ပယ်ခဲ့မှု အတွက် လျော်ကြေး ပေါင် ၁၂ သန်းခန့် ကုန်ကျနိုင်ပါတယ်။ ယူနိုက်တက် အနေနဲ့ အမော်ရင်ကို ခေါ်ယူခဲ့ချိန်တုန်းကလည်း စပို့တင်းလစ္စဘွန်း အသင်းထံ စာချုပ်လျော်ကြေး ပေါင် ၁၁ သန်း ပေးချေခဲ့ရပါတယ်။ အမော်ရင်က မန်ချက်စတာယူနိုက်တက်မှာ တစ်ပတ် လုပ်ခ ပေါင် ၁၂၅၀၀၀ နဲ့ တစ်နှစ် ပေါင် ၆.၅ သန်း ရရှိခဲ့ပါတယ်။ ဒါကြောင့် လက်ကျန် စာချုပ် သက်တမ်းက ၁၈ လ ကျန်ရှိနေသေးတာကြောင့် အပြည့်အဝ ပေးချေရရင် ပေါင် ၁၀ သန်း ဝန်းကျင်လောက် ကုန်ကျမှာလည်း ဖြစ်ပါတယ်။
သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေ အပါအဝင် ဆိုရင်တော့ ပေါင် ၁၂ သန်းဝန်းကျင် ရှိသွားနိုင်တယ်လို့ University Campus of Football Business အမှုဆောင်ဒါရိုက်တာ ဒေါက်တာ ရော့ဘ်ဝီလ်ဆင်က သုံးသပ်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ နယ်သာလန် လူမျိုး နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို ရာထူး ကနေ ထုတ်ပယ်ချိန် ကလည်း လျော်ကြေး ပေါင် ၁၀.၄ သန်း ပေးချေခဲ့ရပါတယ်။
လက်ရှိမှာ ယူနိုက်တက်ဟာ ဖလက်ချာကို ယာယီ နည်းပြ အဖြစ် ခန့်အပ်ထားပြီး ဘန်လေနဲ့ ကစားမဲ့ပွဲကို ဒါရင်း ဖလက်ချာက ကိုင်တွယ်သွားမှာပါ။ လက်ရှိ ယူနိုက်တက် နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေသူတွေ ထဲမှာ ချဲလ်ဆီး နည်းပြဟောင်း အန်ဇို မာရက်စ်ကာက အံ့အားသင့်ဖွယ် ထိပ်ဆုံး ကနေ ရပ်တည်နေပါတယ်။
မာရက်စ်ကာ ကလည်း အမော်ရင်လိုပဲ အသင်းဘုတ်အဖွဲ့တွေကို ဝေဖန်ပြစ်တင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ကြာသပတေးနေ့ ကမှ ချဲလ်ဆီးနဲ့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် နည်းပြ အဖြစ် ရေပန်းစားနေတဲ့သူတွေထဲမှာ ခရစ္စတယ်ပဲလေ့စ် နည်းပြ အိုလီဗာ ဂလက်စ်နာ ကလည်း ပါဝင်နေပြီး ဂလက်စ်နာဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အက်ဖ်အေဖလား၊ ကွန်မြူနတီဒိုင်းတွေ ရယူနိုင်ခဲ့သလို ဒီရာသီကုန်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာပါ။
ဒါ့အပြင် အင်္ဂလန် နည်းပြဟောင်း ဂါရက်သ် ဆောက်ဂိတ်လည်း ပါဝင်နေပြီး သူ ကတော့ အမော်ရင်ကို နည်းပြ အဖြစ် မခန့်အပ်ခင် ယူနိုက်တက် နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားခဲ့သူ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


