နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မိန်းနူးက အသင်းရဲ့ အနာဂတ် ဖြစ်လို့ လုံးဝ လက်လွှတ်သွားမှာ မဟုတ်ကြောင်း ပြောလာတဲ့ အမော်ရင် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ ကွင်းလယ်လူ ကိုဘီ မိန်းနူးဟာ အသင်းရဲ့ အနာဂတ် ဖြစ်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ဒီလို ပြောကြားလိုက်တာကြောင့် ပရီးမီးယားလိဂ် ကလပ် အနေနဲ့ အသင်း ကနေ ထွက်ခွာချင်နေတဲ့ မိန်းနူးကို လုံးဝ လက်လွှတ်သွားဖို့ မရှိကြောင်းလည်း အတည်ပြုလိုက်သလိုလည်း ဖြစ်ခဲ့ပါတယ်။

ဒီရာသီမှာ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ကိုဘီ မိန်းနူးက လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ အသင်း ကနေ ထွက်ခွာချင်နေပေမယ့် ဘရူနို ဖာနန်ဒက်စ်ရဲ့ ဒဏ်ရာ အခြေအနေကြောင့် အသင်း ကနေ ထွက်ခွင့် ရုတ်သိမ်းခံထားရပါတယ်။ အင်္ဂလန်သားက ဒီရာသီ ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၁၂ ပွဲသာ ပါဝင် ကစားခွင့်ရထားသလို အဲဒီ ၁၂ ပွဲမှာ ပွဲထွက်ကစားသမား အဖြစ် ၁ ပွဲသာ ကစားခွင့် ရထားပါသေးတယ်။ မိန်းနူးဟာ ပရီးမီးယားလိဂ် မှာ ဆိုရင် မိနစ်ပေါင်း ၂၁၂ မိနစ်သာ ကစားထားရပါတယ်။

ဒါပေမယ့်လည်း မိန်းနူးကို လက်လွှတ်သွားဖို့ မရှိတဲ့ အကြောင်းကို အမော်ရင်က အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ အမော်ရင် “မိန်းနူးမှာ အခွင့်အရေးတွေ အပြည့်အဝ ရှိနေပါတယ်။ သူက မတူညီတဲ့ နေရာမှာ ကစားနေရလို အခုလို ဖြစ်နေတာပါ။ သူက ကွင်းလယ် ခံစစ်ပိုင်းကို ကောင်းကောင်း ကစားနိုင်သူလို့ ကျွန်တော် ယုံကြည်ထားပါတယ်။ မေဆန်မောင့် ကစားခဲ့တဲ့ နေရာမျိုး မှာလည်း သူ ကစားနိုင်စွမ်း ရှိနေပါတယ်။ ကျွန်တော့်ရဲ့ ခံစားချက်အရ ပြောရရင် မိန်းနူးက အသင်းရဲ့ အနာဂတ် ဖြစ်လာနိုင်ပါတယ်။ သူ့အနေနဲ့ အခွင့်အရေးကို စောင့်ဆိုင်းဖို့ပဲ လိုအပ်တာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

အမော်ရင်ဟာ အစောပိုင်း ကလည်း တိုက်စစ်က ဂျော်ရွှာ ဇစ်ခ်ဇီးနဲ့ ကိုဘီ မိန်းနူးကို ထွက်ခွာခွင့်ပေးမှာ မဟုတ်ကြောင်း သူ့ရဲ့ ဆန္ဒကို ပြတ်ပြတ်သားသား ဖော်ပြထားသူပါ။ အမော်ရင်ဟာ အောက်တိုဘာလတုန်းက “ကျွန်တော် လက်ရှိ အခြေအနေကို နားလည်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ကျွန်တော် တို့ရဲ့ ကစားသမားတွေပါ။ ပြီးတော့ ဘောလုံးရာသီကောင်း တစ်ခု ဖြစ်လာဖို လူတိုင်းကို လိုအပ်ပါတယ်။ ကျွန်တော် တို့ရဲ့ ကလပ်မှာ ဆူညံသံတွေ များစွာရှိနေတာကို သိပါတယ်။ ကစားသမားတွေက ကစားခွင့် မရဘူး။ သူတို့က ကစားချင်ကြတယ်။ ဒါက ကမ္ဘာ့ဖလားကြောင့်ပါ။ ကစားသမားတွေက အေးဂျင့်တွေရဲ့ စကား နားထောင်ရပြီး တစ်ချိန်လုံး ပြောနေကြပါတယ်။” လို့ ပြောဆိုခဲ့ဖူးပါတယ်။

မိန်းနူး ကိုတော့ နာပိုလီ အပြင် လာလီဂါ ကလပ်နဲ့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ အပါအဝင် ကလပ် အသင်း တစ်ဒါဇင်လောက်က စိတ်ဝင်စားနေကြပါတယ်။
စီးရီးအေ ကလပ် နာပိုလီရဲ့ အဓိက ပစ်မှတ်ဖြစ်နေတဲ့ ကိုဘီ မိန်းနူး

လက်ရှိ ယူနိုက်တက်ရဲ့ ဒဏ်ရာရ ကစားသမား စာရင်းမှာ ဘရူနို ဖာနန်ဒက်စ်နဲ့ အတူ ကိုဘီ မိန်းနူးလည်း ပါဝင်နေပါတယ်။ ဒါ့အပြင် တခြားသော ကစားသမားတွေ အဖြစ် ဟယ်ရီ မက်ဂွိုင်းယား၊ မီသိုင်းယက်စ် ဒီလစ်ဂျ် တို့လည်း ဒဏ်ရာရနေပြီး အာမက်ဒ် ဒီယာလို၊ ဘရိုင်ယန် အမ်ဘူမို၊ မက်ဇရာရီ တို့ကလည်း အာဖရိကဖလား ပြိုင်ပွဲကို သွားရောက် ကစားနေပါတယ်။ 

ဒီလိုမျိုး အမော်ရင်က ပြောကြားထားပေမယ့် မိန်းနူး ကိုယ်တိုင်က စီးရီးအေ ကလပ် နာပိုလီကို ပြောင်းရွှေ့ ကစားဖို့ စိတ်အားထက်သန်နေဆဲ ဖြစ်ပြီး သူ့ရဲ့ အကို ဖြစ်သူကလည်း မိန်းနူးကို လွတ်လပ်ခွင့်ပေးဖို့ ဆန္ဒထုတ်ဖော်ထားပါတယ်။ မိန်းနူး ကိုတော့ နာပိုလီ အပြင် လာလီဂါ ကလပ်နဲ့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ အပါအဝင် ကလပ် အသင်း တစ်ဒါဇင်လောက်က စိတ်ဝင်စားနေကြပါတယ်။ စီးရီးအေ ကလပ် နာပိုလီ ကတော့ အရင် ကလည်း ယူနိုက်တက်မှာ ကစားသမားဘဝ မှေးမှိန်နေတဲ့ စကော့တ် မက်တော်မီနေး၊ ရက်စ်မက်စ် ဟွိုက်ဂျ်လန်း တို့ကို ခေါ်ယူကာ ပြန်လည် တောက်ပစေနိုင်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အန်တိုနီယို ကွန်တီက တံကောက်ကြော ဒဏ်ရရနေတဲ့ ကီဗင် ဒီဘရွန်းနားရဲ့ နေရာမှာ ကိုဘီ မိန်းနူးက အကောင်းဆုံး အစားထိုးနိုင်မယ့် ကွင်းလယ်လူ အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်