မန်ချက်စတာယူနိုက်တက် ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ရူဘင် အမော်ရင် ကတော့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ရမှတ် ၁ မှတ် အတွက် ငွေကြေးကုန်ကျမှု အများဆုံး ယူနိုက်တက် နည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အသက် ၄၁ နှစ် အရွယ် ပေါ်တူဂီသားက သရဲနီ နည်းပြ အဖြစ် ကိုင်တွယ်ပြီး ၁၄ လ အကြာမှာ ရာထူး ကနေ ထုတ်ပယ်ခံခဲ့ရတာာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ်ဟာ ၂၀၂၄ နိုဝင်ဘာက အမော်ရင်ကို ၃ နှစ် စာချုပ်နဲ့ အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ်ခဲ့ပြီး ၁ နှစ်ကို လစာငွေ အဖြစ် ပေါင် ၇.၅ သန်း ပေးချေခဲ့ရပါတယ်။ လက်ရှိမှာ ယူနိုက်တက်ဟာ စာချုပ် မပြည့်ခင် အမော်ရင်ကို ရာထူး ကနေ ထုတ်ပယ်ခဲ့တာကြောင့် လစာငွေ အပါအဝင် ပေါင် သန်း ၂၀ အထိ ပေးချေခဲ့ရပါတယ်။ ဒါ့အပြင် အမော်ရင်ကို ခေါ်ယူခဲ့စဉ်က ယူနိုက်တက်ဟာ စပိုတင်းလစ္စဘွန်းကို ပေါင် ၉.၂၅ သန်း ပေးခဲ့ရသေးတာကြောင့် စုစုပေါင်း ပေါင်သန်း ၃၀ နီးပါ ကုန်ကျခဲ့တာ ဖြစ်ပါတယ်။
အချက်အလက်တွေ အရ ဆိုရင် အမော်ရင်က ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် သမိုင်းမှာ နိုင်ပွဲ ရာခိုင်နှုန်း အနည်းဆုံး နည်းပြ အဖြစ် ၃၁.၉ ရာခိုင်နှုန်းနဲ့ အဆိုးရွားဆုံး စံချိန်ကို ရရှိခဲ့ပြီး ရမှတ် အနေနဲ့ လည်း စုစုပေါင်း ၆၂ မှတ်သာ ရရှိခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်က ပရီးမီးယားလိဂ် ရမှတ် ၁ မှတ် အတွက် အမော်ရင်ကို ပေါင် ၄၅၈,၈၇၀.၉၇ အထိ ပေးချေခဲ့ရတာ ဖြစ်ကြောင်း ဖော်ပြနေကြတာပါ။ အမော်ရင် ပြီးရင် ဒုတိယ အများဆုံး ကတော့ သူနဲ့ နိုင်ငံတူ ပေါ်တူဂီ နာမည်ကျော် နည်းပြ ဟိုဆေး မော်ရင်ညို ဖြစ်ပါတယ်။ မော်ရင်ညို ကတော့ ယူနိုက်တက် နည်းပြ ဘဝတုန်းက ပရီးမီးယားလိဂ်မှာ ၁၇၆ မှတ် အထိ ရယူနိုင်ခဲ့ပေမယ့် ကိုင်တွယ်ခဲ့တဲ့ ပွဲအရေအတွက်နဲ့ အချိုးချခဲ့ရာမှာ ၁ မှတ်ကို ပေါင် ၃၁၀,၂၂၇ .၂၇ အထိ ကုန်ကျခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း မော်ရင်ဟိုက သူ့လက်ထက်မှာ ယူနိုက်တက်ကို ယူရိုပါလိဂ်၊ ခရာဘောင်ဖလားနဲ့ ကွန်မြူနတီဒိုင်းတွေ ရယူပေးနိုင်ခဲ့တာကြောင့် ဆာအဲလက်စ် ဖာဂူဆန် ခေတ်အလွန် ယူနိုက်တက် နည်းပြတွေထဲမှာ ဆုဖလား အောင်မြင်မှု အများဆုံး အဖြစ် ရပ်တည်ထားနိုင်ပါတယ်။ သူတို့ နှစ်ဦးရဲ့ နောက်မှာတော့ အဲရစ်ခ် တန်ဟက်ဂ်က ပေါင် ၃၃.၁ သန်း၊ ဆိုးလ်ရှားက ပေါင် ၃၈.၁ သန်း၊ ဒေးဗစ် မွိုက်စ်က ပေါင် ၉.၇ သန်း၊ လူးဝစ္စ ဗန်ဟားလ်က ပေါင် ၂၂.၄ သန်းနဲ့ အသီးသီး ရပ်တည်နေပါတယ်။

တစ်ဖက် မှာလည်း ယူနိုက်တက်က နည်းပြ ရူဘင် အမော်ရင်ကို ရာထူး ကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပေမယ့် အသင်းရဲ့ ကစားသမား ၄ ဦး ကတော့ အနာဂတ် လုံးဝ မရှိတော့ကြောင်း သိရပါတယ်။ ယူနိုက်တက်ကို အမော်ရင် ကိုင်တွယ်ခဲ့တဲ့ ၁၄ လတာ ကာလအတွင်း မားကပ်စ် ရက်ရှ်ဖို့ဒ်၊ ဂျေဒန် ဆန်ချို၊ ဟွိုက်ဂျ်လန်းနဲ့ အန်ဒရီ အိုနာနာ တို့ကို အငှားချခဲ့ပြီး အဲဒီကိစ္စမှာ အမော်ရင်ထက် ယူနိုက်တက် ဘုတ်အဖွဲရဲ့ ဆုံးဖြတ်ချက် ကသာ အဓိကကျခဲ့တာကြောင့် အခု အမော်ရင် မရှိတော့ပေမယ့်လည်း ဒီကစားသမားတွေ အပေါ် ယူနိုက်တက် ဘုတ်အဖွဲ့ဝင်တွေရဲ့ သဘောထားတွေက ပြောင်းလဲသွားဖို မရှိကြောင်း ဗြိတိန် မီဒီယာတွေက ဖော်ပြကြပါတယ်။
လောလောဆယ်မှာတော့ ဒီကစားသမား ၄ ဦးထဲမှာ ဘာစီလိုနာမှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်က ခြေစွမ်းကောင်းတွေ ပြန်လည် ရရှိနေတာကြောင့် ပရိသတ်တွေက ပြန်လည် ခေါ်ယူစေချင်နေကြပါတယ်။ ရက်ရှ်ဖို့ဒ်က ဘာစီလိုနာမှာ ၂၅ ပွဲ ကစား၊ ၇ ဂိုး သွင်း၊ ဂိုး ဖန်တီးမှု ၈ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ အသက် ၂၈ နှစ် အရွယ် ရက်ရှ်ဖို့ဒ်ဟာ အက်စတွန်ဗီလာမှာ အငှားနဲ့ သွားရောက် ကစားခဲ့ရသလို ဒီရာသီအစမှာတော့ လာလီဂါ ထိပ်သီး ဘာစီလိုနာဆီ အငှားနဲ့ ထပ်မံ ပြောင်းရွှေ့ခဲ့ရပြီး ရာသီကုန်မှာ ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ အပြီးသတ် ခေါ်ယူခွင့်လည်း ရှိနေပါတယ်။
ဒါ့အပြင် အက်စတွန်ဗီလာမှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ ဂျေဒန် ဆန်ချိုက ယူနိုက်တက်ကို ပြန်လာဖို မရှိတော့သလို နာပိုလီ ကတော့ ခြေစွမ်းပြနေတဲ့ ဟွိုက်ဂျ်လန်းကို အပြီးသတ် ခေါ်ယူဖို့ သေချာသလောက် ရှိနေပါတယ်။ ဂိုးသမား ဖြစ်တဲ့ အိုနာနာ ကတော့ တူရကီကလပ် ထရက်ဇွန်စပေါ်မှာ ပျော်ရွှင်နေတာကြောင့် ယူနိုက်တက်ဆီ ပြန်လာဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


