နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဝန်ထမ်းတွေ အလုပ် ဆုံးရှုံးနေရခြင်းက ပထမအသင်းမှာ တာဝန်ရှိတယ်လို့ ဝန်ခံခဲ့တဲ့ အမော်ရင် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ပူးတွဲ ပိုင်ရှင် ဖြစ်တဲ့ ဗြိတိန် ဘီလျံနာ ဆာဂျင်မ် ရက်ကလစ်ဖ် ကတော့ သူ့ လက်ထက်မှာ ဝန်ထမ်းပေါင်း ၂၅၀ ကို ကနဦး လျှော့ချမှုတွေ ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သတင်းတွေအရ အသုံးစရိတ် လျှော့ချနိုင်ဖို့ အတွက် ဝန်ထမ်းပေါင်း ၂၀၀ ကို ထပ်မံ လျှော့ချသွားဖို့ စီစဉ်ထားကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဆာဂျင်မ် ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ကို သူရောက်ရှိချိန်က စပြီးတော့ လုပ်ငန်း လည်ပတ်မှု ဆိုင်ရာ ကိစ္စတွေကို လွှဲပြောင်း တာဝန်ယူခဲ့ကာ ပြုပြင် ပြောင်းလဲမှုတွေ တဖြည်းဖြည်းချင်း ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။ ရက်ကလစ်ဖ်ရဲ့ လုပ်ဆောင်ချက် တချို့ကို ကြိုက်နှစ်သက်သူတွေ ရှိသလို တစ်ဖက်မှာလည်း သူ့ရဲ့ ပြောင်းလဲမှု တချို့ ကတော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ဟာ လက်ရှိအချိန်ထိ ကွင်းပြင်ပ ကိစ္စရပ်တွေမှာ တိုးတက်မှု အပိုင်းနဲ့ ပတ်သတ်လို့ သိပ်ပြီး မသိသာပေမယ့် ကွင်းတွင်း မှာတော့ တိုးတက်လာတဲ့ အခြေအနေမျိုး မမြင်တွေ့ရသေးပါဘူး။

ဒါကြောင့် မီဒီယာတွေက စပါးနဲ့ ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှုတွေက အသင်း အပေါ် သက်ရောက်မှု ရှိနိုင်သလား ဆိုပြီး မေးမြန်းလာခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရှိနေတဲ့ ယူနိုက်တက်

ပရိသတ်တွေ အနေနဲ့လည်း ရက်ကလစ်ဖ် လက်ထက်မှာ ယူနိုက်တက်ရဲ့ သိသာ ထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မြင်တွေ့လိုနေပေမယ့် ဗြိတိန် ဘီလျံနာကြီး ကတော့ ဝန်ထမ်းလျှော့ချတာ အပြင် ကစားသမားသစ်တွေ ခေါ်ယူဖို့ အသုံးစရိတ်ချပေးတဲ့ အပိုင်း မှာလည်း အားရစရာ အခြေအနေမျိုး မမြင်တွေ့ရသေးပါဘူး။ ဒါကြောင့် မီဒီယာတွေက စပါးနဲ့ ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှုတွေက အသင်း အပေါ် သက်ရောက်မှု ရှိနိုင်သလား ဆိုပြီး မေးမြန်းလာခဲ့တာ ဖြစ်ပါတယ်။ ဒီလို မေးမြန်းမှုကို အမော်ရင်က ဝန်ထမ်းတွေ လျှော့ချခံရတဲ့ အတွက် သူတို့မှာ တာဝန်ရှိကြောင်း ဝန်ခံ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

အမော်ရင်က “ဒါက ကျွန်တော်တို့ အတွက် တကယ် အရေးကြီးတယ်လို့ ထင်ပါတယ်။ ပထမ အသင်း၊ နည်းပြတွေ၊ ကစားသမားတွေ အနေနဲ့ ဒါကို လျစ်လျူရှုထားလို့ မရပါဘူး။ လူတွေက သူတို့ရဲ့ အလုပ်တွေ ဆုံးရှုံးနေကြပါတယ်။ အဲဒါကို ကျွန်တော်တို့ သိထားရမှာ ဖြစ်ပြီးတော့ အကြီးမားဆုံး ပြဿနာ ကတော့ ဘောလုံးပါပဲ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ငွေတွေ သုံးစွဲတယ်။ အောင်မြင်မှု မရဘူး။ ချန်ပီယံလိဂ် ဝင်ခွင့် မရဘူး။ အဲဒါကြောင့် ဝင်ငွေက မတူတော့ပါဘူး။ အရင်တုန်းက ကျွန်တော်တို့ ငွေတွေ အများကြီး သုံးခဲ့တယ်။ အခုတော့ ဘဏ္ဍာရေးကို ဂရုစိုက်ရမှာပါ။ ကျွန်တော်တို့ လိုချင်တဲ့ ပုံစံအတိုင်း အသင်းကို ပြန်ပြီး တည်ဆောက်လို့ မရပါဘူး။ လူတွေက သူတို့ရဲ့ အလုပ်တွေ ဆုံးရှုံးနေကြပါတယ်။ အဲဒါ အတွက် ပထမအသင်းမှာ တာဝန်ရှိတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာလည်း တော့တင်ဟမ်ဟော့စပါးကို ၁-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးတော့ အမှတ်ပေးဇယား အဆင့် ၁၅ နေရာ အထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ ယူနိုက်တက် အတွက် အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပြီးတော့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်နဲ့လည်း ၁၂ မှတ်သာ ကွာဟနေခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ လက်ရှိမှာ ဒဏ်ရာရကစားသမားတွေ များပြားနေပြီးတော့ အရန်လူစာရင်း မှာလည်း စီနီယာ ကစားသမား တစ်ဦးသာ ရှိတဲ့ အထိ အခြေအနေတွေ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်