နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရာသီကုန်အထိ အနားယူရတော့မယ့် အာမက်ဒ် ဒီယာလို | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အတွက် ခြေစွမ်းပြ ကစားနေခဲ့တဲ့ တောင်ပံ ကစားသမား အာမက်ဒ် ဒီယာလို ကတော့ ရာသီကုန်အထိ အနားယူရတော့မယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင်ဟာ စပါးနဲ့ ပွဲမတိုင်ခင် လေ့ကျင့်ရေးကွင်းမှာ ခြေချင်းဝတ် ဒဏ်ရာ ရရှိခဲ့တာကြောင့် ရာသီကုန် အထိ အနားယူရဖို့ ရှိသွားခဲ့တာ ဖြစ်ပါတယ်။ 

အာမက်ဒ် ဒီယာလိုရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သတ်လို့ ပရီးမီးယားလိဂ် ကလပ် ဘက်က စစ်ဆေးမှုတွေ ပြုလုပ်ချိန်မှာ ရက်သတ္တပတ် အတန်ကြာ အနားယူရမှာ ဖြစ်ကြောင်း သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗြိတိန် သတင်းဌာနတွေ ကတော့ အာမက်ဒ် ဒီယာလို အနေနဲ့ ဒီရာသီ အတွက် ပြန်လည် ကစားနိုင်ဖွယ် မရှိတော့ကြောင်း ဖော်ပြနေခဲ့တာ ဖြစ်ပါတယ်။

အာမက်ဒ် ဒီယာလို ကိုယ်တိုင် ကတော့ “ဒီရာသီ အတွက် အရေးပါတဲ့ အချိန်မှာ ဒီစာကို ရေးရတာ အရမ်းပဲ စိတ်ပျက်မိပါတယ်။ ကံမကောင်းစွာပဲ ကျွန်တော်က ဒဏ်ရာ တစ်ခုကြောင့် အချိန် တချို့ အနားယူရတော့မှာပါ။ ပိုသန်မာတဲ့ အခြေအနေနဲ့ ကျွန်တော် ပြန်လာမှာပါ။ ဒီအချိန်က အပြင်မှာ ရှိနေသူတွေကို အားပေးရမှာပါ။ ကစားဖို့ အတွက် အားတွေ ရှိနေတုန်းပါပဲ။” လို့ သူ့ရဲ့ အင်စတာဂရမ် ကနေ တဆင့် အသိပေး ပြောကြားထားခဲ့ပါတယ်။ 

လက်ရှိမှာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ ပွဲ ကစားပြီးချိန်အထိ ရှုံးပွဲ ၁၂ ပွဲ အထိ ရှိနေခဲ့ကာ မှတ်တမ်းဆိုးတွေနဲ့ ဆက်တိုက် ကြုံနေရတာ ဖြစ်ပါတယ်။
ရာသီကုန်အထိ နားရတော့မယ့် အာမက်ဒ် ဒီယာလို

အာမက်ဒ် ဒီယာလို ကတော့ လက်ရှိ ရာသီ ခြေစွမ်း ဆိုးရွားလွန်းနေတဲ့ မန်ချက်စတာယူနိုက်တက် အတွက် ခြေစွမ်းပြ ကစားနိုင်သူ အနည်းငယ်ထဲက တစ်ဦး အပါအဝင်လည်း ဖြစ်ပါတယ်။ အာမက်ဒ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်း ဆောက်သမ်တန်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ စီနီယာ ကစားသမား ဘဝ ပထမဦးဆုံး ဟက်ထရစ်ကို ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အာမက်ဒ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂၂ ပွဲ ကစား၊ ၆ ဂိုး သွင်းယူပြီးတော့ ဂိုးဖန်တီးမှု ၆ ကြိမ်၊ ယူရိုပါလိဂ်မှာ ၈ ပွဲ ကစား၊ သွင်းဂိုး ၂ ဂိုး၊ ခရာဘောင်ဖလားမှာ ၃ ပွဲ ကစား၊ ၁ ဂိုး သွင်းယူကာ ဂိုး ဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားပါတယ်။

ဒီလို ရှားရှားပါးပါး ခြေစွမ်းပြနေတဲ့ ကစားသမား တစ်ဦးကို ဆုံးရှုံးလိုက်ရတာကြောင့် ယူနိုက်တက် အတွက် လာမယ့် ပွဲစဉ်တွေက ပိုမို ခက်ခဲဦးမှာ သေချာနေပါတယ်။ လက်ရှိ ယူနိုက်တက်မှာ ဗဟိုခံစစ်မှူး လီဆန်ဒရို မာတီနက်ဇ် ကလည်း ဒူးအရွတ် ဒဏ်ရာကြောင့် ၆ လ ကနေ ၁ နှစ်ခန့် အနားယူရမှာလည်း ဖြစ်ပါတယ်။

စပါးကို ရှုံးနိမ့်ခဲ့တဲ့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆိုရင် ယူနိုက်တက်ရဲ့ အရန်လူစာရင်းမှာ စီနီယာ ကစားသမား ဆိုလို ဗစ်တာ လင်ဒီလော့ဖ် တစ်ဦးတည်းသာ ပါခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ရူဘင် အမော်ရင် အနေနဲ့လည်း လူစားလဲလှယ်မှု ပြုလုပ်ဖို့ အခက်တွေ့ခဲ့ရပြီးတော့ နာကျင် အချိန်ပို ၉၀+၂ မိနစ် အရောက် မှာတော့ ချီဒို အိုဘီကို ထည့်သွင်း ကစားစေခဲ့ရပါတယ်။ လက်ရှိမှာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ ပွဲ ကစားပြီးချိန်အထိ ရှုံးပွဲ ၁၂ ပွဲ အထိ ရှိနေခဲ့ကာ မှတ်တမ်းဆိုးတွေနဲ့ ဆက်တိုက် ကြုံနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် အနေနဲ့ တန်းဆင်းဇုန်နဲ့တော့ ၁၂ မှတ် ကွာဟနေသေးတာကြောင့် ဖိအား အနည်းငယ် ကင်းနေဆဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်