နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲထွက်ခွင့် ပိုမိုရရှိဖို့ မန်စီးတီး ကနေ ထွက်ခွာချင်နေတဲ့ အဲလ်ဗာရက်ဇ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး အသင်း ကတော့ သူတို့ရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဟူလီယန် အဲလ်ဗာရက်ဇ်ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ မကြာခင် ဆွေးနွေးသွားတော့မယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံမှာ ကျင်းပပြုုလုပ်ခဲ့တဲ့ ၂ဝ၂၄ ကိုပါအမေရိကဖလား ပြိုင်ပွဲမှာတော့ အဲလ်ဗာရက်ဇ်ရဲ့ အသင်းက ချန်ပီယံဆုနဲ့ အတူ ပြိုင်ပွဲကို အဆုံးသတ်ထားနိုင်တာ ဖြစ်ပါတယ်။

အဲလ်ဗာရက်ဇ်ဟာ အာဂျင်တီးနား အသင်းနဲ့ အတူ ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ ပွဲစဉ် တော်တော်များများ ပါဝင် ကစားခွင့်ရရှိခဲ့သလို သွင်းဂိုး ၂ ဂိုးလည်း ရယူပေးနိုင်ခဲ့ပါတယ်။ အဲလ်ဗာရက်ဇ်ဟာ ဒီပြိုင်ပွဲ မတိုင်ခင် ကတည်းက မန်ချက်စတာစီးတီးနဲ့ အနာဂတ် မသေချာတော့ကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့သူ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ မန်စီးတီးက အဲလ်ဗာရက်ဇ် ပြန်လာချိန်မှာ ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ ဆွေးနွေးမှုတွေ ပြုလုပ်သွားတော့မှာလည်း ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ် ကစားသမား ဟူလီယန် အဲလ်ဗာရက်ဇ်ဟာ ၂ဝ၂၂ ခုနှစ်မှာ အာဂျင်တီးနား ကလပ် ရေးဗားပလိတ် ကနေ မန်စီးတီး အသင်းကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးက အဲဒီ အပြောင်းအရွှေ့ ကာလ မှာပဲ အဲလ်ဗာရက်ဇ်နဲ့ အတူ ထိပ်တန်း တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ အာလင်း ဟာလန်း ကိုလည်း ဒေါ့မန် ကနေ ခေါ်ယူ အားဖြည်ခဲ့တာ ဖြစ်ပါတယ်။ အဲလ်ဗာရက်ဇ်ဟာ မန်စီးတီး အတွက် နှစ်ရာသီ အတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း (၁၀၃) ပွဲ အထိ ပါဝင်ကစားပေးခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဓိက ပွဲစဉ် အများစု မှာတော့ ဟာလန်း ကသာ အဲလ်ဗာရက်ဇ်ထက် ပိုမို ပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။ သတင်းဖော်ပြချက်တွေအရ ဒီအခြေအနေကို အဲလ်ဗာရက်ဇ် ဘက်က တော်တော်လေး စိတ်ပျက်နေတာကြောင့် အသင်း ပြောင်းဖို့တောင် စဉ်းစားနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ အဲလ်ဗာရက်ဇ် အနေနဲ့ ပွဲထွက်ကစားခွင့် ပိုမို ရရှိဖို့ အတွက် မန်စီးတီး ကနေ ထွက်ခွာဖို့ စဉ်းစားနေတယ် ဆိုတဲ့ ကောလဟာလ သတင်းတွေလည်း ဒီနွေဈေးကွက် အတွင်းမှာပဲ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ အဲလ်ဗာရက်ဇ်ကို ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီး အပြင် ပီအက်စ်ဂျီနဲ့ အက်တလက်တီကိုမက်ဒရစ် တို့ကပါ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အဲလ်ဗာရက်ဇ်ဟာ ပရီးမီးယားလိဂ် ကလပ်နဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိထားပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်း ထွက်ပေါ်နေတဲ့ သတင်းတွေအရ ပွဲကစားခွင့် ပိုမို ရရှိဖို့ လက်ရှိ အသင်း ကနေ ထွက်ခွာခွင့် တောင်းဆိုထားတယ်လို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။ သေချာတာ ကတော့ မန်စီးတီး ဘက်က သူတိုရဲ့ ကြယ်ပွင့် ကစားသမား အဲလ်ဗာရက်ဇ်ကို အသင်း ကနေ ရောင်းထုတ်သွားဖို ဆန္ဒမရှိသလို အဲလ်ဗာရက်ဇ် အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်တာမျိုးလည်း လုပ်ဆောင်လိုခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း ကစားသမားရဲ့ စိတ်ဆန္ဒအရ ကိုပါအမေရိကဖလား ပြိုင်င်ပွဲ ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် မကြာခင်မှာပဲ ဆွေးနွေးမှုတွေ လုပ်ဆောင်ပေးသွားဖို့ ရှိနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်