နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးက နှလုံးသားထဲမှာ အမြဲတမ်း ရှိနေမယ်ဆိုတဲ့ အဲလ်ဗာရက်ဇ် | ပရီးမီးယားလိဂ်

ဟူလီယန် အဲလ်ဗာရက်ဇ် ကတော့ သူ့အနေနဲ့ အက်တလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့သွားခဲ့သည့် တိုင်အောင် ပရီးမီးယားလိဂ် ကလပ် မန်စီးတီးဟာ နှလုံးသားထဲမှာ အမြဲတမ်း ရှိနေမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ 

အသက် ၂၄ နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ် တိုက်စစ် ကစားသမား အဲလ်ဗာရက်ဇ်ဟာ လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ်ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်း (ပေါင် ၆၄.၄ သန်း) နဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အက်တလက်တီကိုမက်ဒရစ်ဟာ Add-ons ကြေး ယူရို သန်း ၂၀ ကိုလည်း ပေးချေရဖို့ ရှိနေပါတယ်။ ဒီပြောင်းရွှေ့ကြေး ကတော့ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးရဲ့ ကစားသမား ရောင်းချရမှုမှာ တန်ဖိုးအမြင့်ဆုံး အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ 

အဲလ်ဗာရက်ဇ်က အက်တလက်တီကိုမက်ဒရစ်နဲ့ ပထမဦးဆုံး အင်တာဗျူးမှာ အခုလိုပဲ ဖြေကြားလာခဲ့တာ ဖြစ်ပါတယ်။ အဲလ်ဗာရက်ဇ်က “ဒီနေ့ အံ့အားသင့်စရာ ကောင်းတဲ့ အသင်းကို ခံစားမှု များစွာနဲ့ နှုတ်ဆက် စကားပြောရပါပြီ။ ထူးခြားတဲ့ နှစ်နှစ်တာကာလကို ကျွန်တော့် အနေနဲ့ ပိုင်ဆိုင်ခဲ့ရပါတယ်။ ဒီကာလ အတွင်းမှာ ကျွန်တော့် အနေနဲ့ ကစားသမား တစ်ယောက် အနေနဲ့ရော လူပုဂ္ဂိုလ် တစ်ယောက် အနေနဲ့ပါ အများကြီး သင်ယူခဲ့ရ၊ ကြီးပြင်းခဲ့ရပါတယ်။ မန်ချက်စတာစီးတီးဟာ ကျွန်တော့် နှလုံးသားရဲ့ အရေးပါတဲ့နေရာမှာ အမြဲတမ်း ရှိနေပါလိမ့်မယ်။ အနာဂတ်မှာ ပြိုင်ပွဲတိုင်းမှာ အောင်မြင်မှုရပါစေလို့ ဆန္ဒပြုပြီး ဘယ်နေရာ ရောက်ရောက် အသင်းကို ဆက်လက် အားပေးသွားမှာပါ ဆိုတာ ပြောကြားလိုပါတယ်။” လို့ နှုတ်ဆက်စကား ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ 

မန်ချက်စတာစီးတီး အသင်း ကတော့ ယခင်က အင်္ဂလန် တောင်ပံ ကစားသမား ရာဟင်းမ် စတာလင်ကို ချဲလ်ဆီး အသင်းထံ ရောင်းချတာ ကနေ ယူရို ၅၈ သန်း ရရှိပြီး အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ အဲလ်ဗာရက်ဇ် ကတော့ ပရီးမီးယားလိဂ် ကနေ ကစားသမား ရောင်းချမှုမှာ Add-ons ကြေး အပါအဝင် ကော်တင်ဟို (ဘာစီလိုနာ၊ ပေါင် ၁၄၆ သန်း)၊ အီဒင် ဟာဇက် (ရီးရဲလ်မက်ဒရစ် ပေါင် သန်း ၁၃၀)၊ ဟယ်ရီကိန်း (ဘေယန်မြူးနစ် ပေါင် သန်း ၁၀၀)၊ ဂါရက်သ် ဘေးလ် (ရီးရဲလ်မက်ဒရစ် ပေါင် ၈၅.၃ သန်း) ပြီးနောက် အမြင့်ဆုံးလည်း ဖြစ်ပါတယ်။

အက်တလက်တီကိုမက်ဒရစ်ရဲ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမား ၁၀ ဦး ကတော့ ယာအို ဖီးလစ် ၁၂၇.၂ သန်း၊ အဲလ်ဗာရက်ဇ် ၇၅ သန်း၊ လီမာ ၇၂ သန်း၊ ဒီယေဂို ကော်စတာ ချဲလ်ဆီး ၆၀ သန်း ဖယ်ကာအို ၄၀ သန်း၊ ဗီတိုလို ၃၅.၆ သန်း၊ ဒီပေါလ် ၃၅ သန်း၊ မိုရာတာ ၃၅ သန်း၊ မာတီနက်ဇ် ပေါ်တို        ၃၅ သန်း ကန်ညာ ၃၅ သန်း တို့ပဲ ဖြစ်ပါတယ်။

အဲလ်ဗာရက်ဇ်ဟာ အရည်အသွေးမြင့် ထိပ်တန်း တိုက်စစ် ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီး မှာလည်း (၂) ရာသီ အတွင်း ပရီးမီးယားလိဂ် အပါအဝင် ပွဲပေါင်း (၁၀၀) ကျော် ကစားခဲ့ကာ (၃၆) ဂိုးသွင်း (၁၈) ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ အဲလ်ဗာရက်ဇ်ဟာ အာဂျင်တီးနား အသင်းနဲ့ အတူ ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ ပွဲစဉ် တော်တော်များများ ပါဝင် ကစားခွင့်ရရှိခဲ့သလို သွင်းဂိုး ၂ ဂိုးလည်း ရယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲလ်ဗာရက်ဇ်က နိုင်ငံအသင်းနဲ့ အတူ ကိုပါအမေရိကဖလား ၂ ကြိမ်နဲ့ ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိထားသလို အဓိက ပြိုင်ပွဲကြီး ၃ ခုဆက် ချန်ပီယံ ဖြစ်ထားသူလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်