နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖရန်ကီ ဒီယောင်ကို ပရီးမီးယားလိဂ် ကလပ်တွေနဲ့ အပြိုင် ကြိုးပမ်းမယ့် အဲလ် အစ်တီဟတ်

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ် ကတော့ လာမယ့် နွေရာသီမှာ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။ ဒီယောင် ကိုတော့ ဘာစီလိုနာက ရောင်းထုတ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပြီးတော့ ပရီးမီးယားလိဂ် ကလပ်တွေနဲ့ အပြိုင် ဆော်ဒီပရိုလိဂ် ကလပ်က ကမ်းလှမ်းဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

ဖရန်ကီ ဒီယောင် ကတော့ လက်ရှိမှာ အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်ပြီး လာမယ့် ၂၀၂၆ ခုနှစ်မှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ ဘာစီလိုနာက ဒီယောင်ရဲ့ မြင့်မားတဲ့ လုပ်ခလစာကြောင့် ရောင်းထုတ်ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဒီယောင်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အေဂျက်စ် ကနေ ယူရို ၇၅ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကလည်း ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်ကြတဲ့ မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက် တို့က ဒီယောင်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်း ဒီယောင် ကတော့ ဥရောပ ကနေ ထွက်ခွာဖွယ် မရှိသေးသောကြောင့် ဘာစီလိုနာနဲ့ လမ်းခွဲဖြစ်ခဲ့ရင်တော့ ပရီးမီးယားလိဂ် ကိုသာ ပြောင်းရွှေ့ဖို့ အလားအလာ များနေပါတယ်။
ပရီးမီးယားလိဂ် ကလပ်တွေကိုသာ ပြောင်းရွှေ့ဖို့ အလားအလာ များနေတဲ့ ဒီယောင်

လက်ရှိမှာ ဘာစီလိုနာက ဒီယောင်ရဲ့ လက်ကျန် စာချုပ်သက်တမ်းနဲ့ အသက်အရွယ် အရ ယူရို သန်း ၄၀ ဝန်းကျင်နဲ့ ရောင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အလွယ်တကူ ခေါ်ယူနိုင်မယ့် ဒီယောင်ကို ပရီးမီးယားလိဂ် ကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင်တော့ နယ်သာလန်သားကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ကလပ်တွေထဲ ကမှ အာဆင်နယ်၊ မန်စီးတီး၊ လစ်ဗာပူးလ်၊ ချဲလ်ဆီး တို့က ချိန်ရွယ်နေပါတယ်။ ဒါ့အပြင် ပြင်သစ် ထိပ်သီး ကလပ် ပီအက်စ်ဂျီ၊ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ်နဲ့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ် တို့ကလည်း စိတ်ဝင်စားနေပါတယ်။

ဒီယောင်ဟာ လက်ရှိ လာလီဂါရဲ့ လုပ်ခ လစာ အများဆုံး ကစားသမား အဖြစ် ရပ်တည်နေတာကြောင့် ဥရောပ ထိပ်သီး ကလပ်တွေကသာ ခေါ်ယူဖို့ ချိန်ရွယ်နိုင်နေတာလည်း ဖြစ်ပါတယ်။ နောက်ဆုံး ရရှိတဲ့ သတင်းတွေအရ ဒီယောင်ကို လစ်ဗာပူးလ်၊ ချဲလ်ဆီးနဲ့  အဲလ်အစ်တီဟတ် တို့က အပြိုင် ကြိုးပမ်းဖွယ် ရှိကြောင်းလည်း သိရပါတယ်။ တစ်ခု ရှိတာက ဆော်ဒီပရိုလိဂ် ကလပ်ဟာ ငွေကြေးပိုင်းမှာ တခြားသော အသင်းတွေထက် အားသာချက်ရှိနေပါတယ်။ ဒါပေမယ့်လည်း ဒီယောင် ကတော့ ဥရောပ ကနေ ထွက်ခွာဖွယ် မရှိသေးသောကြောင့် ဘာစီလိုနာနဲ့ လမ်းခွဲဖြစ်ခဲ့ရင်တော့ ပရီးမီးယားလိဂ် ကိုသာ ပြောင်းရွှေ့ဖို့ အလားအလာ များနေပါတယ်။ ဒါပေမယ့်လည်း ကံယာကံရှင် ကိုယ်တိုင် ကတော့ လက်ရှိမှာ အပြောင်းအရွှေ့ သတင်းတွေကို စိတ်မဝင်စားကြောင်း ပြောကြားထားပြီး ဘာစီလိုနာ မှာသာ စာချုပ်သက်တမ်း ကုန်ချိန်အထိ ဆက်နေသွားချင်နေတယ်လို့ သိရပါတယ်။

ဒီယောင်က သူ့အနေနဲ့ ဘာစီလိုနာနဲ့ လက်တွဲလိုက်ချိန်မှာ ၄ နှစ် နီးပါး ဖြတ်သန်းပြီးချိန်မှာ ၂၃၉ ပွဲ ကစားပြီး ၁၉ ဂိုး သွင်းယူထားပါတယ်။ ဒီယောင်ဟာ ဘာစီလိုနာနဲ့ အတူ လာလီဂါ ဖလား ၁ လုံး ကိုပါဒယ်ရေး ဖလား ၁ လုံး နဲ့ စပိန် စူပါဖလား ၁ လုံးသာ ရရှိထားပါတယ်။ ဒီရာသီ မှာတော့ ဒီယောင်က ပွဲပေါင်း ၂၆ ပွဲ ကစားထားပေမယ့် ပွဲအများစု မှာတော့ မိနစ်ပိုင်းသာ ဝင်‌ရောက် ကစားခွင့်ရထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်