နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမှတ်ပေးဖလား အတွက် အာဆင်နယ်နဲ့ လစ်ဗာပူးလ်ကို ထည့်တွက်စရာ မလိုဘူး ဆိုတဲ့ အဂွဲရိုး | ပရီးမီးယားလိဂ်

countdown banner

ဆာဂျီယို အဂွဲရိုး တစ်ယောက် တစ်ခါတလေ ထထသုံးသပ်လိုက်တာတွေ၊ ပြောလိုက်တာတွေက စားတော့ စားပါတယ်။ အခုလည်း ပရီးမီးယားလိဂ် ဆုဖလား အတွက် ခန့်မှန်းချက် ဆိုပြီးတော့ သူ ထပြောလိုက်တာ ပွဲစည်နေပါပြီ။  ဆရာသမားက နှလုံးရောဂါနဲ့ ဘောလုံး လောက,ကနေ နားလိုက်ပြီ ဆိုပေမယ့် မန်ချက်စတာစီးတီး အတွက်၊ အာဂျင်တီးနား အတွက် သူရှိနေတုန်းပါပဲ။ ဘာစီလိုနာမှာ နောက်ဆုံး ကစားခဲ့တာ ဆိုပေမယ့် အဲ့ဒီအသင်းမှာ ခဏတာပဲ ကစားခဲ့ရတာကြောင့် အဂွဲရိုးကို ဘာစီလိုနာနဲ့ တွဲမြင်တာမျိုးရှားပါတယ်။ ဒါပေမယ့် ဟိုတလောက သူပြောခဲ့တဲ့ စကား ကလည်း ဟိုးလေး တစ်ကျော်ကျော် ဖြစ်သွားပါသေးတယ်။ “ဗီနီးစီးယပ်စ်နဲ့ ရိုဒရီဂို တို့က ပွဲချိန်အတွင်း ပြိုင်ဘက်ကို တောက်လျှောက် ရန်စနေရင် ဘာမှမဖြစ်ပါဘူး” 

“ဒါပေမယ့် သူတို့ကို တစ်ခုခု ပြန်ပြောလိုက်ရင်တော့ တစ်ကမ္ဘာလုံးက သိကုန်ပါပြီ” ဆိုပြီးတော့ပေါ့။ ဒါကလည်း ဘာစီလိုနာသွေး အဖြစ်နဲ့ အဂွဲရိုး တစ်ယောက် ပြောလိုက်ပုံပါပဲ။ အခု မန်ချက်စတာစီးတီးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ခြိမ်းခြောက်နိုင်စွမ်း ရှိတဲ့ အသင်းတွေနဲ့ ပတ်သက်လို့ သူ ရွေးသွားတဲ့ အသင်းတွေ ကလည်း နောက်နေသလား မှတ်ရပါတယ်။ 

“မန်ချက်စတာယူနိုက်တက်ကို ရာသီတစ်ခုရဲ့ ဒီလိုအချိန်မျိုးမှာ ဘယ်တော့မှ လျှော့တွက်လို့ မရပါဘူး။ သူတို့က မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အကြီးမားဆုံး ခြိမ်းခြောက်နိုင်တဲ့ အသင်းတွေထဲက တစ်သင်းပါ။ တော့တင်ဟမ်ဟော့စပါး ကလည်း ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ်လို့ ထင်ပါတယ်။ သူတို့က အန်ဂျီ ပိုစတီဂလူး လက်ထက်မှာ အများကြီး တိုးတက်လာတယ်လေ၊ နိမ့်မြင့်တက်ကျတွေ ဆက်တိုက်တွေ ရှိနေပေမယ့် နယူးကာဆယ် ကလည်း ချန်ပီယံဆု အတွက် မျှော်လင့်ချက်ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က ဒီအတွက် အမြဲတမ်း တိုက်ပွဲဝင်နေတာကြောင့်ပါ” လို့ အဂွဲရိုးက ပြောသွားခဲ့တာပါ။

လာလီဂါ
ဘာစီလိုနာ
အယ်လ်မရီးယား
1X2 သရေ (Draw) @ 8.20
ဂိုးပေါ် 3.75 @ 2.06
ဂိုးပေါင်း 2-3 @ 2.44
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ အာဆင်နယ်၊ လစ်ဗာပူး၊ ပြီးတော့ ခြေစွာနေတဲ့ အက်စတွန်ဗီလာတို့ အကြောင်းကို အဂွဲရိုး မပြောသွားပါဘူး။ မမြင်ဘဲနဲ့များ ချန်ခဲ့သလား ဒါမှမဟုတ် တမင်များ ပွဲဆူအောင် လုပ်နေသလား စဉ်းစားရခက်ပါတယ်။ မန်စီးတီးက လက်ရှိမှာ တောက်လျှောက် အမှတ်တွေ လျော့နေတယ် ဆိုပေမယ့် သူတို့ ခြေမှန်လာရင်၊ ခြေငြိမ်လာရင် ဘယ်သူမှ တားမရပါဘူး။ ဒါကို ပြီးခဲ့တဲ့ရာသီက အာဆင်နယ်ကို နောက်ကနေ လိုက်ကျော်တက်ပြီး သက်သေပြခဲ့ပြီးပါပြီ။ 

အခု အဂွဲရိုး ပြောသွားတဲ့ ယူနိုက်တက် ဆိုတာက မန်စီးတီးကို အိုးထရက်ဖို့ဒ် မှာတောင် မယှဉ်နိုင်၊ အန်ဖီးလ်မှာ သရေတစ်မှတ် ရရင်ပဲ ကျေနပ်နေရတဲ့ အသင်း တစ်သင်းပါ။ စပါး ကလည်း ရာသီအစက ဟုတ်မလိုလိုနဲ့ အခုတော့ ဒလိမ့်ခေါက်ကွေးကို ကျနေပါပြီ။ နယူးကာဆယ် ကလည်း ခြေစွာနေတယ် ဆိုပေမယ့် ဖောက်ထွက်ပြီး ချန်ပီယံ ဖြစ်သွားဖို့၊ စိန်ခေါ်ဖို့ ဆိုတာ မဖြစ်နိုင်သေးပါဘူး။ အဂွဲရိုး တစ်ယောက် ယူနိုက်တက် ကိုပါ ဆွဲထည့်ပြီး တမင်ပွဲရှာသွားပုံပါပဲ။ အာဆင်နယ် ပရိသတ်တွေ ကတော့ သူ့ကို လှောင်ပြောင်နေကြပါပြီ။ သူ ပြောခဲ့တာ ကလည်း လှောင်ချင်စရာ ကောင်းနေတာ အမှန်ပါပဲ။ 

အမှတ်ပေးဇယားမှာ အစဉ်လိုက် ရှိနေတဲ့ အာဆင်နယ်၊ လစ်ဗာပူးလ် တို့က မန်စီးတီးရဲ့ ပြိုင်ဘက် မဟုတ်ဘူးလို့ ပြောသွားပြီး ရုန်းကန်နေရတဲ့ ယူနိုက်တက်နဲ့ စပါးကို သူက သတိထားရမယ်လို့ ပြောခဲ့တာက ဦးနှောက်ပျက်နေသလားလို့ ထင်ချင်စရာ ကောင်းနေတာလည်း အမှန်ပါပဲ။ တစ်ခါတလေမှာ ဒီလိုမျိုး နာမည်ကျော်တွေရဲ့ သုံးသပ်မှု၊ ခန့်မှန်းပုံတွေက တကယ်ပဲ နားလည်ရခက်ပါတယ်။ ပွဲရှာချင်လို့ပဲလား၊ ရုန်းကန်နေရတဲ့ အသင်းတွေကို လှောင်ချင်လို့ပဲလား ဆိုတာ ကတော့ သူပဲ သိပါလိမ့်မယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်