နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အခု နွေရာသီ မန်ချက်စတာစီးတီး ကနေ ထွက်ခွာဖို့ ရှိနေတဲ့ ကစားသမား ၄ ဦး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံ မန်ချက်စတာစီးတီး အသင်း ကတော့ လက်ရှိ အချိန် အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ငြိမ်သက်နေဆဲ ဖြစ်ပါတယ်။ ဒီနွေရာသီမှာ ဆာဗင်ဟို တစ်ဦးတည်းကိုသာ ခေါ်ယူထားရသေးပြီး ကစားသမား ၃ ဦး ကတော့ အသင်း ကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။

 
မန်စီးတီး ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ ဂရီးလစ်ရှ်

လီဝစ် ဖီအိုရီနီက စတော့ခ်ပို့တ် ကောင်တီ၊ ဆာဂျီယို ဂိုးမက်ဇ်က ရီးရဲလ် ဆိုစီဒက်နဲ့ လီယမ် ဒီလပ်က အစ်ပ်ဆွစ်ချ်တောင်း တို့ကို အသီးသီး ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေမှာတော့ မန်စီးတီးဟာ အဓိက ကွင်းလယ် ဖန်တီးရှင် ဖြစ်တဲ့ ကီဗင် ဒီဘရွန်းနားနဲ့ ပွဲထွက် ဂိုးသမား အီဒါဆင် မိုရေးစ် တို့ကို ဆော်ဒီပရိုလိဂ် ကလပ်ဆီ လက်လွှတ်သွားရဖို့ ရှိနေဆဲ ဖြစ်ပြီး တခြား ကစားသမား ၄ ဦး ကလည်း သတင်းတွေ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေပါတယ်။ 90 Mins က ဖော်ပြခဲ့တဲ့ ဒီကစားသမား ၄ ဦးက ဘယ်သူတွေလဲ ဆိုတာ ကြည့်လိုက်ရအောင်ပါ။

 

ကယ်ဗင် ဖီးလစ်

လိဒ်စ်ယူနိုက်တက်မှာ ဟုန်းဟုန်းတောက်ခဲ့တဲ့ ကယ်ဗင် ဖီးလစ် ကတော့ ပရီးမီးယားလိဂ် ချန်ပီယံတွေဆီ အရောက် မှာတော့ စိတ်မကောင်းစွာနဲ့ပဲ မှေးမှိန် ပျောက်ကွယ်နေရသူပါ။ ဗန်းစကားနဲ့ ပြောရရင်တော့ ဂွာဒီယိုလာ ခေါ်ယူခဲ့သူတွေထဲမှာ ရှားရှားပါးပါး ဖလော့ပ် ခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦး ဆိုရင်လည်း မမှားပါဘူး။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား အင်္ဂလန် ကွင်းလယ်မှာ ရိုက်စ်နဲ့ အတွဲညီခဲ့တဲ့ ကယ်ဗင် ဖီးလစ်ရဲ့ ခြေစွမ်းက လွမ်းစရာပါ။ မန်စီးတီးမှာ ဒဏ်ရာရသွားပြီး ကတည်း ပြန်မလာနိုင်ခဲ့တဲ့ ဖီးလစ်က ဝက်စ်ဟမ်းကို အငှားနဲ့ ထွက်ကစားပြီး ပုံမှန် ခြေစွမ်းပြန်ရဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း လန်ဒန် ကလပ် အတွက် ရာသီဝက် အတွင်း ၁၀ ပွဲသာ ကစားပေးနိုင်ခဲ့ပြီး အခု လက်ရှိမှာတော့ မန်ချက်စတာကို ပြန်ရောက်နေပါပြီ။ မန်စီးတီးတို့ ဖီးလစ်ကို အချိန်ထပ်ပေးသွားမလား။ အပြီးတိုင်ပဲ ရောင်းထုတ်သွားမလား ဆိုတာတော့ စောင့်ကြည့်ရမှာပါ။

 

ဂျက် ဂရီးလစ်ရှ်

ခြေစွမ်းပြတာ နည်းနည်း၊ မူးတာ များများ ဆိုပြီး စနောက်ခံနေရတဲ့ အမူးသမားလေး ဂရီးလစ်ရှ် ကလည်း ပရီးမီးယားလိဂ် ချန်ပီယံတွေနဲ့ လမ်းခွဲတော့မယ့်လို့ သတင်းတွေ ထွက်နေသူပါ။ ဂွာဒီယိုလာ ကတော့ ဂရီးလစ်ရှ် ရာသီသစ်မှာ အကောင်းဆုံး ပြန်လာနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားထားပေမယ့် အင်္ဂလန်သားရဲ့ အနာဂတ်က မသေချာပါဘူး။ သူကလည်း အက်စတွန်ဗီလာမှာ ဟုန်းဟုန်းတောက်ခဲ့သလောက် မန်စီးတီးမှာတော့ ခပ်မှိန်မှိန် ဖြစ်နေသူပါ။ ၂၀၂၁ ခုနှစ် မန်စီးတီးကို ပြောင်းရွှေ့လာခဲ့တဲ့ ဂရီးလစ်ရှ်က ၃ ရာသီ အတွင်း ပြိုင်ပွဲစုံ ၁၂၅ ပွဲ ကစားပေးထားတာ ကတော့ အရမ်းမဆိုးလှပါဘူး။ ဒါပေမယ့် အသင်း အတွက် သက်ရောက်မှု နည်းနေတဲ့ သန်း ၁၀၀ တန် ဂရီးလစ်ရှ် ကိုတော့ မန်စီးတီးတို့ ဆက်ထိန်းမလား။ လက်လွှတ်သွားမလား စိတ်ဝင်စားစရာပါပဲ။

 

ဟူလီယန် အဲလ်ဗာရက်ဇ်

ဒီကစားသမား ကတော့ ခြေစွမ်းမပြနိုင်လို့ မဟုတ်ပါဘူး။ ခြေစွမ်းပြနိုင်ရက်နဲ့ အာလင်း ဟာလန်းရဲ့ ပွဲထွက်ခွင့်ကို မကျော်လို့ အသင်းပြောင်းချင်နေသူပါ။ အဲလ်ဗာရက်ဇ်ဟာ မန်စီးတီး အတွက် နှစ်ရာသီ အတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း (၁၀၃) ပွဲ အထိ ပါဝင်ကစားပေးခဲ့ပေမယ့်လည်း အဓိက ပွဲစဉ် အများစု မှာတော့ ဟာလန်း ကသာ အဲလ်ဗာရက်ဇ်ထက် ပိုမို ပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။ ဒါကြောင့် ဒီအခြေအနေကို အဲလ်ဗာရက်ဇ် ဘက်က တော်တော်လေး စိတ်ပျက်နေပြီး အသင်း ပြောင်းဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ အဲလ်ဗာရက်ဇ်ဟာ မန်စီးတီးနဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပေမယ့် ဒီရက်ပိုင်း ထွက်ပေါ်နေတဲ့ သတင်းတွေအရ အဲလ်ဗာရက်ဇ် တစ်ယောက် ပုံမှန် ပွဲထွက်ခွင့်ရမယ့် အသင်း တစ်သင်းကိုပဲ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီ ဖြစ်ပါတယ်။

 

မားသီးယပ်စ် နူနက်စ်

ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာလ ကမှ ပရီးမီးယားလိဂ် ကလပ် ဝုဗ် ကနေ ယူရို ၆၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ မားသီးယပ်စ် နူနက်စ်က အသင်းကို ရောက်ပြီးလို့ တစ်ရာသီ မပြည့်ခင်မှာပဲ အသင်း ပြောင်းရဖွယ် ရှိနေသူပါ။ အသက် ၂၅ နှစ် အရွယ် ဒီကစားသမားက အရည်အသွေး ရှိပေမယ့် ဂွါဒီယိုလာရဲ့ ကစားသမားသစ်တွေကို အချိန်မပေးတတ်တဲ့ အကျင့်ကြောင့်တော့ အသင်း ကနေ ထွက်ခွာရကိန်း ရှိနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်