နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘရန့်ဝိတ်သ်ကို မရခဲ့ရင် အခြား ခံစစ်မှူး ၄ ဦးကို စောင့်ကြည့်နေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အဲဗာတန် နောက်ခံလူ ဂျရတ် ဘရန့်ဝိတ်သ်ကို မခေါ်ယူနိုင်ခဲ့ရင်တော့ အခြား ပစ်မှတ်တွေကို ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ ယူနိုက်တက် အနေနဲ့ အဆိုပါ အင်္ဂလန် ခံစစ် ကြယ်ပွင့်ကို မခေါ်ယူနိုင်ခဲ့ရင် အခြား ပစ်မှတ်ထားနေတဲ့ ကစားသမား ၄ ဦး အထိ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

အဲရစ်ခ် တန်ဟက်ဂ် ကတော့ လာမယ့် ရာသီ ယူနိုက်တက်ရဲ့ နည်းပြ အဖြစ် ဆက်ရှိနေမှာ ဖြစ်ကြောင်း မကြာသေးခင်ကပဲ အတည်ပြုခဲ့ပြီး အခုအခါမှာတော့ နယ်သာလန်သားက အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း တချို့ သတင်းတွေ မှာတော့ ပရီးမီးယားလိဂ် ကလပ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ အသုံးစရိတ် ပေါင်သန်း ၅၀ ဝန်းကျင်သာ ရရှိမယ်လို့ သိရပါတယ်။

ဗဟိုခံစစ်ပိုင်းဟာ ယူနိုက်တက်တို့ အမှန်တကယ် အင်အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ နေရာ ဖြစ်ပြီး လက်ရှိမှာလည်း ကစားသမား တော်တော်များများကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ရာဖေးလ် ဗာရန်းဟာ လာမယ့် ဇွန်လ အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ယူနိုက်တက် ကနေ ထွက်ခွာမမှာ ဖြစ်သလို လီဆန်ဒရို မာတီနက်ဇ် ကလည်း ဒဏ်ရာပြသနာတွေကြောင့် အမြဲတမ်းလိုလို အနားယူနေရသူ ဖြစ်ပါတယ်။ ဟယ်ရီ မက်ဂွိုင်းယားနဲ့ ဗစ်တာ လင်ဒီလော့ဖ် တို့ရှိနေပေမယ့်လည်း ဒီကစားသမား နှစ်ဦးရဲ့ စွမ်းဆောင်ရည် ကလည်း စိတ်မချရတာကြောင့် တန်ဟက်ဂ် အနေနဲ့ ခံစစ်မှူး တစ်ဦး ခေါ်ယူအားဖြည့်သွားချင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ဘရန့်ဝိတ်သ် အတွက် အဲဗာတန် ဘက်က လိုချင်တဲ့ ပြောင်းရွှေ့ကြေး ပမာဏ ထွက်ပေါ်ခဲ့ပေမယ့် ယူနိုက်တက် ဘက်က ကမ်းလှမ်းတဲ့ ပမာဏနဲ့ ကိုက်ညီမှု မရှိတာ တွေ့ရပါတယ်။ ယူနိုက်တက်ဟာ အသက် ၂၁ နှစ် အရွယ် အင်္ဂလန် ခံစစ်မှူး အတွက် ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် အဲဗာတန် ဘက် ကတော့ အနည်းဆုံး ပေါင် ၄၅ သန်းနဲ့ အပိုဆုကြေးတွေ အလိုရှိနေတယ်လို့ သိရပါတယ်။

ESPN ကတော့ အဲဗာတန်ဟာ ဘရန့်ဝိတ်သ် အတွက် ပေါင် သန်း ၇၀ လောက် အလိုရှိနေတာ ဖြစ်ပြီး ဒီပမာဏ ကိုတော့ ယူနိုက်တက်က ပေးချေနိုင်ဖို့ မရှိပဲ နောက်ထပ် ကစားသမားတွေ ထပ်မံ ရှာဖွေရဖို့ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိမှာ ယူနိုက်တက်က ကစားသမားရဲ့ အေးဂျင့်နဲ့ ဆက်သွယ်ထားပြီး ဘရန့်ဝိတ်သ် ကိုယ်တိုင် ကလည်း အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သတင်းတွေ ထွက်နေပေမယ့် အဲဗာတန် ကတော့ သူတို့ရဲ့ ကစားသမားကို ပြောင်းရွှေ့ကြေး နည်းနည်းနဲ့ လက်လွှတ်သွားမှာတော့ မဟုတ်ပါဘူး။အကယ်၍ ယူနိုက်တက် အနေနဲ့ ဘရန့်ဝိတ်သ်ကိုသာ မခေါ်ယူနိုင်ခဲ့ရင်တော့ ကစားသမား ၄ ဦးကို ထပ်မံ စောင့်ကြည့်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ သတင်းတွေမှာ ဖော်ပြချက်အရ ဆိုရင် ပရီးမီးယားလိဂ် ကလပ်ဟာ မာ့ခ် ဂီဟီ၊ ဂျင်းကလဲ တိုဒီဘို၊ လီနီ ယိုရိုနဲ့ မားသီးယက်စ် ဒီလစ်ဂျ် တို့ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်