နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အတွက် အကြိတ်အနယ် တိုက်ပွဲဝင်ရမယ့် အသင်း ၃ သင်း | ပရီးမီးယားလိဂ်

countdown banner

၂၀၂၃-၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ် ကတော့ ပွဲစဉ် ၂၈ အထိ ကစားပြီး ဖြစ်တာကြောင့် လက်ကျန်ပွဲစဉ် ၁၀ ပွဲသာ ကစားဖို့ ကျန်ရှိတော့ပါတယ်။ ဒီအချိန်မှာ ဘယ်အသင်းတွေက ချန်ပီယံဆု အတွက် မျှော်မှန်းလို့ ရနေပြီလဲ။ ဘယ်အသင်းတွေ ကတော့ ဥရောပဝင်ခွင့်ရဖို့ အခြေအနေ ကောင်းနေလဲ။ ဘယ်အသင်းတွေ ကတော့ တန်းဆင်းရဖို့ နီးစပ်နေသလဲ ဆိုတာ သုံးသပ်လို့ ရနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

ဒီထဲမှာမှ ဘယ်အသင်း ချန်ပီယံ ဖြစ်မလဲ ဆိုတာပြီးရင် ဘယ်အသင်း ချန်ပီယံလိဂ် ဝင်ခွင့်ရမလဲ ဆိုတာ စိတ်ဝင်စားဖို့ အကောင်းဆုံး ဖြစ်ပါတယ်။ လာမယ့်နှစ် ချန်ပီယံလိဂ် ကစားခွင့် ရဖို့ အတွက် အကြိတ်အနယ် ဖြစ်နေတဲ့ အသင်း ၃ သင်း ရှိနေတယ်လို့ ပြောရပါမယ်။ အူနိုင်း အမ်မရီရဲ့ အက်စတွန်ဗီလာ၊ အန်ဂျီ ပိုစတီကိုဂလူးရဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ မန်ချက်စတာယူနိုက်တက် တို့ ဖြစ်ပြီး ဒီအသင်းတွေက လက်တလော ပရီးမီးယားလိဂ် အဆင့် ၄၊ ၅၊ ၆ မှာ အစဉ်လိုက် ရပ်တည်နေကြတာ ဖြစ်ပါတယ်။

အူနိုင်း အမ်မရီရဲ့ အသင်းက ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ ပွဲ ကစားပြီးချိန်မှာ ၁၇ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၇ ပွဲရှုံး ၅၆ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ ဗီလာဟာ စပါးနဲ့ ယူနိုက်တက်ထက် ၁ ပွဲ ပိုကစားထားပြီး လက်ကျန် ပွဲတွေ မှာတော့ ဝုဗ်၊ မန်စီးတီး၊ ဘရန့်ဖို့ဒ်၊ လိုင်လီနဲ့ နှစ်ကျော့၊ အာဆင်နယ်၊ ဘုန်းမောက်၊ ချဲလ်ဆီး၊ ဘရိုက်တန်၊ လစ်ဗာပူးလ်၊ ခရစ္စတယ်ပဲလေ့စ် တို့နဲ့ ကစားရဦးမှာပါ။ ဗီလာ အတွက် အရေးကြီးတာ ကတော့ မန်စီးတီး၊ အာဆင်နယ်၊ ချဲလ်ဆီး၊ ဘရိုက်တန်၊ လစ်ဗာပူးလ် တို့နဲ့ ပွဲတွေ ဖြစ်ပြီး တော်တော်လေး ပွဲကြပ်နေတယ်လို့ ဆိုရပါမယ်။ ဒါ့အပြင် ယူရိုပါကွန့်ဖရင့်လိဂ် ကလည်း ကစားရဦးမှာ ဖြစ်တာကြောင့် ဗီလာတို့ အမှားအယွင်း နည်းနည်းနဲ့ ကစားနိုင်ဖို့ အရေးကြီးပြီး တတ်နိုင်သမျှ အမှတ်ယူမှကို ဖြစ်မှာပါ။

အန်ဂျီ ပိုစတီကိုဂလူးရဲ့ အသင်းက ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ ပွဲ ကစားပြီးချိန်မှာ ၁၆ ပွဲနိုင်၊ ၅ ပွဲ သရေ၊ ၇ ပွဲ ရှုံးပြီး ရမှတ် ၅၃ မှတ် ရရှိထားပါတယ်။ စပါးဟာ လက်ကျန် ပွဲစဉ်တွေ အဖြစ် လူတန်၊ ဝက်စ်ဟမ်း၊ ဖောရက်စ်၊ နယူးကာဆယ်၊ မန်စီးတီး၊ အာဆင်နယ်၊ လစ်ဗာပူးလ် တို့နဲ့ ကစားဖို့ ကျန်ရှိနေပါတယ်။ စပါး အတွက် ရာသီကုန် နောက်ဆုံး ၄ ပွဲက ပွဲအကြပ်ဆုံးလို့ ပြောလို့ ရသလို ချန်ပီယံလိဂ် ဝင်ခွင့် အတွက်လည်း အဆုံးအဖြတ် ပွဲစဉ်တွေလို့လည်း ပြောလို့ ရပါတယ်။ စပါး အတွက် အားသာချက်က ဥရောပ ပွဲစဉ်တွေ ကစားဖို့ မရှိတာ ဖြစ်ပြီး ဒီအချက်ကို အခွင့်ကောင်းယူနိုင်ရင်တော့ မဆိုးဘူးလို့ ပြောရပါမယ်။

ပရီးမီးယားလိဂ်
ချဲလ်ဆီး
ဘန်လေ
1X2 ချယ်လ်ဆီး @ 1.28
ဂိုးပေါ် 3.25 @ 2.11
ဂိုးပေါင်း 2-3 @ 2.04
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

နောက်တစ်သင်း ကတော့ ယူနိုက်တက် ဖြစ်ပြီး တန်ဟက်ဂ်ရဲ့ အသင်းက ၁၅ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁၁ ပွဲ အထိ ရှုံးထားပြီး ရမှတ် ကတော့ ၄၇ မှတ် ရထားပါတယ်။ ယူနိုက်တက်ဟာ ရာသီ လက်ကျန် ပွဲစဉ်တွေ အဖြစ် ဘရန့်ဖို့ဒ်၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်၊ ဘုန်းမောက်၊ နယူးကာဆယ်၊ ကိုဗင်ထရီ၊ ဘန်လေ၊ ပဲလေ့စ်၊ အာဆင်နယ်၊ ဘရိုက်တန် တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။ ယူနိုက်တက် အတွက် အားသာသွားစေတာ ကလည်း စပါးလိုပဲ ဥရောပွဲတွေ ကစားဖို့ မရှိတာ ဖြစ်ပါတယ်။ ဒါပေမယ့် ခြေစွမ်း ထက်တဲ့ အသင်း တော်တော်များများနဲ့ ကစားရဖို့ ကျန်ရှိနေသေးလို့ သူတို့လည်းပဲ ဗီလာလို ခက်ခဲဦးမယ့် အခြေအနေပါ။

လက်ရှိ ခြေစွမ်းအရ ဆိုရင် ဗီလာရဲ့ မဆိုးဘူးလို့ ပြောလို့ ရသလို ကောင်းလည်း ကောင်းမနေပါဘူး။ ခြေစွမ်း အတက်အကျ မမှန်သလို ကောင်းတဲ့ ပွဲဆိုရင်လည်း ဂိုးတွေ ဇွတ်သွင်းတတ်သလို ရှုံးရင်လည်း ဂိုးပြတ် ရှုံးတတ်ပါတယ်။ အဓိက ကတော့ နောက်ပိုင်း ပွဲတွေမှာ အသင်းကြီးတွေနဲ့ တွေ့ရင် ဗီလာတို့ ခက်ခက်ခဲခဲ ကစားနေရတာ ဖြစ်ပါတယ်။ စပါး ကတော့ အားလုံးထဲမှာ ပွဲအချောင်ဆုံး ဖြစ်သလို စုဖွဲ့မှုကလည်း တောင့်တင်းတာကြောင့် ဘယ်အသင်းကိုမှ ကြောက်စရာတော့ မရှိပါဘူး။ အဓိက ကတော့ နောက်ဆုံး ကစားမယ့် ပွဲစဉ် (၄) ပွဲ ဖြစ်ပြီး အဲ့ဒီ ပွဲတွေ မှာသာ တတ်နိုင်သမျှ ရမှတ် အများဆုံး ယူနိုင်ခဲ့ရင်တော့ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာက စပါး အတွက် ဖြစ်သွားမယ် ထင်ပါတယ်။

ယူနိုက်တက် ကိုတော့ ခြေစွမ်းအရရော၊ စိတ်ဓာတ်ပိုင်း ဆိုင်ရာ အရရော၊ လက်ကျန် ပွဲစဉ် အခြေအနေတွေ အရပါ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် မျှော်လင့်ချက် အနည်းဆုံးလို့ ပြောလို့ ရပါတယ်။ တန်ဟက်ဂ် ကတော့ ချန်ပီယံလိဂ် ဝင်ခွင့်ယူပြီး အက်ဖ်အေဖလား သိမ်းမယ်လို့ လေကြီးထားပေမယ့် သူတို့ အသင်းက ကြီး ၆ ကြီးထဲက ၃ သင်းနဲ့ ကစားဖို့ ကျန်သလို ဘရိုက်တန်၊ နယူးကာဆယ် တို့လို ဒုက္ခပေးတတ်တဲ့ အသင်းတွေနဲ့လည်း တွေ့ရပါဦးမယ်။ ယူနိုက်တက် အတွက် ချန်ပီယံလိဂ် ဝင်ခွင့်ဆီ သွားရာလမ်းက ပန်းခင်းလမ်း ဟုတ်မနေတာတော့ အသေအချာပါပဲ။

သေချာတာ ကတော့ ၃ သင်းစလုံး အတွက် လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ်တိုင်းက အရေးကြီးနေပြီး အသင်းကြီးတွေနဲ့ တွေ့ရင် တတ်နိုင်သမျှ အမှတ်ရအောင် ယူနိုင်ဖို့ လိုအပ်သလို အသင်းငယ်တွေနဲ့ အတွေ့မှာလည်း ခြေမချော်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ကတော့ ရာသီကုန်ခါနီးလေတိုင်း စိတ်ဝင်စားစရာ ပိုပိုကောင်းလာတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ဆက်လက် အားပေးကြရဦးမယ် ဆိုတာ ပြောကြားရင်း…။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်