နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်ဟက်ဂ်ရဲ့ နေရာ အတွက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ နည်းပြ ၃ ဦး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ပြီးရင် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်နဲ့ လမ်းခွဲသွားဖို့ ရှိနေကြောင့် သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ယူနိုက်တက်ဟာ တန်ဟက်ဂ်ရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြ တော်တော်များများကို လျာထားပြီး စာရင်းထဲမှာတော့ အစ်ပ်ဆွစ်ချ် နည်းပြ မက်ကန်နာ၊ ချဲလ်ဆီး နည်းပြဟောင်း မော်ရူစီယို ပိုချက်တီနိုနဲ့ ဘရိုက်တန် နည်းပြဟောင်း ရော်ဘတ်တို ဒီဇာဘီ တို့ ထိပ်ဆုံးက ပါဝင်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ နည်းပြ အဲရစ်ခ် တန်ဟက်ဂ် လက်ထက်မှာ ၂၀၁၃/၁၄ ပရီးမီးယားလိဂ် ဒေးဗစ် မွိုက်စ် လက်ထက်မှာ အဆင့် ခုနစ် နေရာသာ ရခဲ့တာထက် ပိုပြီး နိမ့်ကျတဲ့ အဆင့် ရပ်တည်မှုနဲ့ ရာသီသိမ်းနိုင်ခဲ့တာ ဖြစ်သလို သမိုင်းတလျှောက် စံချိန်မှတ်တမ်းဆိုး များစွာလည်း ပိုင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ ၂၀၂၁/၂၂ ဘောလုံး ရာသီမှာ ဂိုးကွာခြားချက် ၀ နဲ့ ရာသီသိမ်းနိုင်ခဲ့ပေမယ့် ဒီရာသီ မှာတော့ ပိုပြီး ဆိုရွားတဲ့ စံချိန် တစ်ခု ထပ်တင်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီမှာ တစ်ပွဲ ပျမ်းမျှ ပေးဂိုး ၁.၅ ဂိုးနှုန်း ရှိခဲ့ပြီး ရဂိုး ကလည်း ၁.၅ ဂိုးနှုန်း ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် တစ်ရာသီ အတွင်း ၄ ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုးတွေ အပြင် တစ်ရာသီလုံး ရှုံးပွဲ ၁၄ ပွဲ အထိ ရှိခဲ့တဲ့ မှတ်တမ်းဆိုးတွေလည်း ပိုင်ဆိုင်ခဲ့ရပါသေးတယ်။

အဲရစ်ခ် တန်ဟက်ဂ်ဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း တစ်နှစ် ကျန်ရှိနေသေးပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ကို သံသယဖြစ်နေတဲ့ ပရိသတ်တွေက ရာသီကုန်ရင် ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာ‌တော့ အသင်း ဘက်ကလည်း တန်ဟက်ဂ်နဲ့ ဆက်ပြီး လက်မတွဲဖို့ ဆုံးဖြတ်ခဲ့ပုံရပြီး ရှယ်ယာရှင် အသစ်တွေက ယူနိုက်တက်ကို ရာသီသစ်မှာ ပုံစံ အသစ်နဲ့ မြင်တွေ့ချင်နေတဲ့ သဘောမှာ ရှိပါတယ်။ တန်ဟက်ဂ်ဟာ ယူနိုက်တက်ကို ရောက်ရောက်ချင်း ရာသီမှာ ခရာဘောင်ဖလား ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်လည်း ရအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ချန်ပီယံလိဂ်မှာ အုပ်စု အောက်ဆုံး ကနေ လှည့်ပြန်ခဲ့ရသလို ပရီးမီးယားလိဂ် မှာလည်း အဆင့် ၈ နေရာမှာ ရပ်တည်နိုင်အောင်သာ စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အကယ်၍ အက်ဖ်အေဖလား ဗိုလ်လုပွဲ ပြီးရင် တန်ဟက်ဂ်ကို ထုတ်ပယ်မယ် ဆိုတဲ့ သတင်းတွေသာ မှန်ကန်ခဲ့ရင်တော့ ယူနိုက်တက် နည်းပြသစ် ဘယ်သူ ဖြစ်လာမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ လက်ရှိမှာ ယူနိုက်တက်ရဲ့ နည်းပြ နေရာ အတွက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ နည်းပြတွေကို ပြန်ကြည့်ရင် မက်ကန်နာက ဆိုးလ်ရှား လက်ထက်မှာ လက်ထောက် နည်းပြ အဖြစ် ဆောင်ရွက်ခဲ့ဖူးသလို အစ်ပ်ဆွစ်ချ် ကိုလည်း ပရီးမီးယားလိဂ် ဆီ တန်းတင်ပေးထားသူ ဖြစ်ပါတယ်။ ဘရိုက်တန် နည်းပြ ရော်ဘတ်တို ဒီဇာဘီ ကတော့ အားလုံး သိပြီးကြတဲ့ အတိုင်း အရည်အသွေးရှိတဲ့ နည်းပြ တစ်ဦး ဖြစ်ပြီးတော့ ဘရိုက်တန်ကို အခြေအနေ တစ်ခု အထိ ရောက်စေခဲ့သူ ဖြစ်ပါတယ်။ ပိုချက်တီနို ကတော့ ယူနိုက်တက် နည်းပြ အပြောင်းအလဲ ဖြစ်တိုင်း ရေပန်းစားလေ့ ရှိသူ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီနည်းပြ ၃ ဦးစလုံးကို ယူနိုက်တက် ပရိသတ် တော်တော်များများက သဘောမကျသလို စိတ်မချလည်း ဖြစ်နေကြပါတယ်။ ယူနိုက်တက် ပရိသတ်တွေဟာ အစောပိုင်းမှာ သတင်းတွေ ထွက်နေခဲ့တဲ့ အင်္ဂလန် နည်းပြ ဆောက်ဂိတ်၊ ဘေယန်မြူးနစ် နည်းပြဟောင်း သောမက်စ် တူချယ် တို့ကိုလည်း သဘောကျခြင်း မရှိပဲ ရေရှည်အတွက် စိတ်ချရမယ့် နည်းပြမျိုးကိုသာ ခေါ်ယူပေးဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်