နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လစ်ဗာပူးလ် အတွက် ဂုဏ်သိက္ခာအပြင် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အရေးပါနေတဲ့ပွဲ – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

မန်ချက်စတာယူနိုက်တက် – လစ်ဗာပူးလ်

ဆန္ဒပြပွဲမှုတွေကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လစ်ဗာပူးလ်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၄) လက်ကျန်ပွဲစဉ် ကတော့ အခုလာမယ့် သောကြာနေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်က လက်စတာစီးတီးကို ရှုံးနိမ့်ခဲ့လို့ မြို့ခံပြိုင်ဘက်ကို ချန်ပီယံ ဖြစ်စေခဲ့တဲ့ ယူနိုက်တက်တို့ အစဉ်အလာအရ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ လန်ဒန်ဒါဘီမှာ ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်မှာလား။ ဒါမှမဟုတ် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် မျှော်လင့်ချက် ခပ်ရေးရေး ရှိနေသေးတဲ့ လစ်ဗာပူးလ် တို့ကပဲ လိုအပ်နေတဲ့ အနိုင် ၃ မှတ်ကို ရှာဖွေသွားနိုင်မလား ဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းနေပါတယ်။

မန်ချက်စတာယူနိုက်တက် အတွက် လက်ကျန် ပွဲစဉ်တွေမှာ ၁ မှတ် ရရုံနဲ့ ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိမှာ ဖြစ်ပြီး အခုပွဲပြီးရင် ဖူလ်ဟမ်၊ ဝုဗ်တို့နဲ့ ကစားရမှာ ဖြစ်တာကြောင့် စိတ်ပူစရာတော့ သိပ်မရှိပါဘူး။ ဒါပေမယ့် အခုကစားရမယ့် အသင်းက အင်္ဂလန်ရဲ့ အကောင်းဆုံး အသင်းဟာ ဘယ်အသင်းလဲလို့ မေးချိန်တိုင်း အမြဲတမ်း အငြင်းပွားရလေ့ရှိတဲ့ လစ်ဗာပူးလ်နဲ့ ဖြစ်လို့ အရေးမကြီးဘူးလို့လည်း ပြောမရပါဘူး။ ယူနိုက်တက်တို့ ပြီးခဲ့တဲ့ပွဲမှာ လက်စတာစီးတီးကို အရန်လူစာရင်းနဲ့ ကစားပြီး ရှုံးနိမ့်ခဲ့တာကြောင့် အတက်ပိုင်း ရောက်နေတဲ့ ကစားသမားတွေရဲ့ ပုံစံကောင်းတစ်ခုကို အနည်းငယ်တော့ ထိခိုက်သွားတဲ့ သဘောရှိပါတယ်။ နောက်ပြီး အဲ့ဒီရှုံးပွဲက မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးကို ဖလားရသွားစေလို့လည်း ယူနိုက်တက်တို့ ကသိကအောက် ဖြစ်နေမှာ သေချာပါတယ်။ ပရီးမီးယားလိဂ်မှာ ၁၄ ပွဲ ဆက်တိုက် ရှုံးပွဲမရှိစံချိန် ပျက်ဆီးထားတဲ့ ယူနိုက်တက်တို့ နိုင်ပွဲ ပြန်လည် ရှာဖွေဖို့ ကြိုစားလာမှာ ဖြစ်သလို အိုလီဂန်နာ ဆိုးလ်ရှား အနေနဲ့လည်း အဓိက လူစာရင်းကို အသုံးပြုပြီး ပွဲထွက်လာနိုင်ပါတယ်။ အခုပွဲမှာလည်း နောက်တန်းက ဟယ်ရီ မက်ဂွိုင်းယား ဒဏ်ရာပြသနာကြောင့် ပါဝင်လာမှာ မဟုတ်သလို မာစီရယ်လည်း ထပ်မံ လွဲချော်ဦးမယ်လို့ သိရပါတယ်။

ဂျာဂျင်ကလော့ပ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆောက်သမ်တန်ကို အနိုင်ယူပြီး ရလဒ်ဆိုးတွေ အောက် ရုန်းထွက်နိုင်ခဲ့ပေမယ့် လက်ရှိ အခြေအနေအရတော့ ချန်ပီယံလိဂ် ဝင်ခွင့်က ဝေဝါးနေဆဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ လစ်ဗာပူးလ်

ဂျာဂျင်ကလော့ပ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆောက်သမ်တန်ကို အနိုင်ယူပြီး ရလဒ်ဆိုးတွေ အောက်က ရုန်းထွက်နိုင်ခဲ့ပေမယ့် လက်ရှိ အခြေအနေအရတော့ ချန်ပီယံလိဂ် ဝင်ခွင့်က ဝေဝါးနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ၉၉ မှတ်နဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ လစ်ဗာပူးလ်တို့ ဒီရာသီ ပရီးမီးယားလိဂ် မှာတော့ ၃၄ ပွဲ ကစားပြီးချိန်အထိ ၅၇ မှတ်သာ ရထားလို့ ချန်ပီယံလိဂ် ဝင်ခွင့်တောင် မသေချာတဲ့ အခြေအနေမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီလို ရမှတ် လိုအပ်ချက်ရှိနေတဲ့ အချိန်မှာ ခါသီးတဲ့ ပြိုင်ဘက် ယူနိုက်တက်ရဲ့ကွင်း အိုးထရက်ဖို့ဒ်မှာ သွားကစားရမှာက လစ်ဗာပူးလ် အတွက်တော့ စိတ်ပျက်စရာပါပဲ။ ဒီပွဲပြီးရင် လက်ကျန် ၃ ပွဲကို အေးအေးဆေးဆေး ကစားလို့ရတယ် ဆိုပေမယ့် လစ်ဗာပူးလ် အနေနဲ့ မန်ချက်စတာယူနိုက်တက်ကို အနိုင်ရမှပဲ ချန်ပီယံလိဂ် မျှော်လင့်ချက် ဆက်လက် ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဂျာဂျင်ကလော့ပ် အနေနဲ့ အဝေးကွင်းမှာ ယူနိုက်တက်ကို အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ အချိန်ယူ ပြင်ဆင်ထားမှာ သေချာပါတယ်။ လစ်ဗာပူးလ် အနေနဲ့ ယူနိုက်တက်နဲ့ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ် မှာ ၂ ကြိမ် အနိုင်ရပြီး ၃ ကြိမ် သရေကျခဲ့တာကြောင့် ထိပ်တိုက်တွေ့ဆုံမှုအရ အသာရထားတယ် ဆိုပေမယ့် လက်ရှိ အနေအထားအရ ယူနိုက်တက်ကို ယှဉ်ဖို့တော့ ခက်ပါလိမ့်မယ်။ ဆောက်သမ်တန်ကို အနိုင်ရခဲ့တဲ့ပွဲမှာ လစ်ဗာပူးလ်ရဲ့ ပုံစံကောင်းတစ်ခု ပြန်လည် မြင်တွေ့ခဲ့ရပေမယ့် တစ်ရာသီလုံး မဖြေရှင်းနိုင်ခဲ့တဲ့ ခံစစ်ပိုင်း အားနည်းချက်ကိုတော့ ထင်ထင်ရှားရှား မြင်တွေ့ရဆဲ ဖြစ်ပါတယ်။ ဒီအချက်ဟာ ဂိုးသွင်းခြေတွေ့နေတဲ့ ယူနိုက်တက် တိုက်စစ်မှူးတွေအတွက် စိတ်ကြိုက် အခြေအနေ ဖြစ်သွားနိုင်ပါတယ်။ ဒီပွဲမှာလည်း ဗန်ဒိုက်ချ်၊ နာဘီကိုင်တာ၊ ဟန်ဒါဆင်၊ မက်တစ်ပ်၊ ဂျိူးဂိုးမက်ဇ်၊ ကာဘက်ခ်၊ အိုရီဂီ တို့ ဒဏ်ရာပြသနာကြောင့် လွဲချော်ဖို့ ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

၂၀၁၀ နောက်ပိုင်း ယူနိုက်တက်နဲ့ လစ်ဗာပူးလ်တို့ ပြိုင်ပွဲစုံ ထိပ်တိုက်တွေ့ဆုံမှု ၂၉ ကြိမ် ရှိခဲ့ရာမှာ ယူနိုက်တက်က ၁၃ ကြိမ် အနိုင်ရခဲ့ပြီး လစ်ဗာပူးလ် ကတော့ ၈ ကြိမ် ပြန်လည် အနိုင်ရထားပါတယ်။ သရေပွဲ ၈ ပွဲအထိ ရှိခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့မှာ ဂိုးမရှိ သရေကျပြီး အက်ဖ်အေဖလား စတုတ္ထအဆင့်မှာတော့ ယူနိုက်တက်က ၃-၂ ရလဒ်နဲ့ အနိုင်ယူကျော်ဖြတ်ခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်