မန်ချက်စတာယူနိုက်တက် ၁ – ၂ ရှက်ဖီးလ်ယူနိုက်တက်
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀ မှာတော့ မန်ချက်စတာယူနိုက်တက်တို့ အမှတ်ပေးဇယား အောက်ဆုံးက ရှက်ဖီးလ်ယူနိုက်တက်ကို ၁-၂ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ အခုရှုံးပွဲကြောင့် ယူနိုက်တက်တို့ အနေနဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲဆက်မှု စံချိန် ရပ်တန့်ခဲ့ရပြီး ရှက်ဖီးလ်ယူနိုက်တက် ကတော့ ဒီရာသီအတွက် ဒုတိယမြောက် ပရီးမီးယားလိဂ် နိုင်ပွဲကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်တို့ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို မန်စီးတီးဆီ လွှဲပြောင်းပေးထားရလို့ မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေခဲ့ပြီး ကွင်းလယ်မှာ ပေါ့ဘာနဲ့ မားတစ်ကို တွဲပေးပြီး မာစီရယ်၊ ဖာနန်ဒက်စ်၊ မားကပ်စ်ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်၊ အဲလက်စ်တဲလက်စ်၊ တွမ်ဇီဘီ၊ မက်ဂွိုင်းယား၊ ဝမ်ဘစ်ဆာခါ၊ ဒါးဗစ် ဒက်ဟားရား တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ရှက်ဖီးလ်ယူနိုက်တက် ဘက်မှာတော့ ဒေးဗစ် မက်ဂိုးဒရစ်ခ်၊ လောင်းစတွမ်း၊ ဂျွန်ဖလက်ခ်၊ နောဝုဒ်၊ ဂျယ်ဂျီကာ၊ ရမ်းစ်ဒေးလ် တို့လို ကစားသမားကောင်းတွေ ပါဝင်လာခဲ့ပါတယ်။ ပွဲစတာနဲ့ မန်ချက်စတာယူနိုက်တက်တို့ ရှက်ဖီးလ်ယူနိုက်တက် ဘက်ကို ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ဖိအားပေးကစားခဲ့ပေမယ့် ဧည့်သည်အသင်းရဲ့ မာကျောတဲ့ ခံစစ်ကစားပုံကြောင့် ယူနိုက်တက်တို့ အခက်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ပွဲချိန် ၂၃ မိနစ် အရောက်မှာတော့ ဂျွန်ဖလက်ခ်ရဲ့ ထောင့်ကန်ဘော ကန်တင်ပေးပို့မှုကနေ ကင်းန် ဘရိုင်ယန် က ခေါင်းတိုက် သွင်းယူသွားခဲ့လို့ ရှက်ဖီးလ်ယူနိုက်တက်တို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ ပွဲချိန် ၆၄ မိနစ်မှာ ယူနိုက်တက်တို့ ချေပဂိုးရခဲ့ပြီး အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားက ခေါင်းတိုက် သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ချေပဂိုးရပြီး ၁၀ မိနစ်အကြာမှာတင် မန်ချက်စတာယူနိုက်တက်တို့ အနိုင်ဂိုးပေးခဲ့ရပြီး ဘာကီက ဂျွန်လောင်းစတွမ်းရဲ့ ပံ့ပိုးပေးမှုကနေ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်ပွဲချိန်တွေမှာတော့ ယူနိုက်တက် ချေပဂိုးရဖို့ ကြိုးပမ်းခဲ့ပေမယ့် ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခြင်း မရှိခဲ့လို့ ၁-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
မန်ချက်စတာယူနိုက်တက်တို့ ဒီနေ့ပွဲမှာတော့ ခြေစွမ်းက အရင်နေ့တွေနဲ့ မတူပဲ ပရိသတ်တွေလည်း စိတ်ပျက်ခဲ့ရပါတယ်။ လက်ရှိမှာ ရှက်ဖီးလ်ယူနိုက်တက် ကိုရှုံးနိမ့်ခဲ့တာကြောင့် ဒီရာသီအိမ်ကွင်း (၄) ပွဲမြောက် ရှုံးပွဲကြုံတွေ့ခဲ့မှုဖြစ်လာပြီး၊ မန်ယူအသင်းထက် အိမ်ကွင်းရှုံးပွဲတွေ ကြုံတွေ့ထားတဲ့အသင်းဟာ နယူးကာဆယ် (၅) ပွဲ၊ ဖူလ်ဟမ် (၆) ပွဲ၊ ဝက်စ်ဘရွန်း (၇) ပွဲနဲ့ ရှက်ဖီးလ်ယူနိုက်တက် (၈) ပွဲတို့သာရှိတော့တာဖြစ်ပါတယ်။ ပွဲပြီး အချက်အလက် တွေကို ပြန်ကြည့်မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်တို့ ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှု ၁၆ ကြိမ် ရှိခဲ့ပေမယ့် ဂိုးပေါက် တည့်မှုကတော့ ၄ ကြိမ်ပဲ ရှိခဲ့ပါတယ်။ ရှက်ဖီးလ်ယူနိုက်တက်ကတော့ ဂိုးပေါက် ခြိမ်းခြောက်မှု ၅ ကြိမ်ရှိခဲ့ရာပြီး ဂိုးပေါက်တည့်မှု ၃ ကြိမ်မှာ သွင်းဂိုး ၂ ဂိုးရရှိခဲ့တာ ဖြစ်ပါတယ်။ အခုပွဲရလဒ်ကြောင့် မန်ချက်စတာယူနိုက်တက်တို့ အမှတ်ပေးဇယား အဆင့် ၂ နေရာကို ဆင်းပေးခဲ့ရပြီး ရှက်ဖီးလ်ယူနိုက်တက် ကတော့ ဒီရာသီအတွက် ဒုတိယမြောက် ပရီးမီးယားလိဂ် နိုင်ပွဲ ရှာတွေ့ခဲ့သလို တန်းဆင်းဇုန် ထဲကနေ ရုန်းထွက်ဖို့ ယုံကြည်ချက်တွေ ရသွားခဲ့ပါတယ်။
လာမယ့်ပွဲစဉ်များ
မန်ချက်စတာယူနိုက်တက်တို့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားဖို့ရှိနေပြီး ရှက်ဖီးလ်ယူနိုက်တက် ကတော့ မန်ချက်စတာစီးတီးနဲ့ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.