နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နောက်ကျဂိုးနဲ့ နိုင်ပွဲဆက်တဲ့ လစ်ဗာပူးလ် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

လစ်ဗာပူးလ် ၂ – ၁ အက်စတွန်ဗီလာ

မနေ့ညက အန်ဖီးလ်ကွင်းမှာ ကစားခဲ့တဲ့ လစ်ဗာပူးလ်နဲ့ အက်စတွန်ဗီလာတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ နောက်ကျဂိုးတွေနဲ့ အတူ ၂-၁ ရလဒ်နဲ့ အိမ်ရှင်တို့ အနိုင်ရသွားခဲ့ပါတယ်။ အနိုင် ၃ မှတ်ရဖို့ ခက်ခက်ခဲခဲ ကစားခဲ့ရတဲ့ လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် မှာ ၃ ပွဲဆက် နိုင်ပွဲပြန်ရပြီး အမှတ်ပေးဇယား အဆင့် ၅ နေရာအထိ ပြန်လည် တက်လှမ်းလာနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာတော့ လစ်ဗာပူးလ် နည်းပြ ဂျာဂျင်ကလော့ပ် အနေနဲ့ မိုဆာလာ၊ ဒီယိုဂိုဂျော့တာ၊ ဖေမီနို ၃ ဦးကို တိုက်စစ်မှာ တွဲဖက်ပေးခဲ့ပြီး ထုံးစံအတိုင်း ၄-၃-၃ ကစားကွက်နဲ့ပဲ ပွဲထွက်လာပါတယ်။ အက်စတွန်ဗီလာ ဘက်မှာတော့ ဂရီးလစ်ရှ် မကစားနိုင်သေးလို့ တိုက်စစ်မှာ အိုလီဝက်ကင်စ် တစ်ဦးတည်း အထောင်ထားပြီး မက်ဂျင်း၊ ဒေါက်ဂလပ်စ်လူးဝစ်ဇ်၊ ထရက်ဇီဂတ်၊ ထရာအိုရေးနဲ့ တိုင်ရုန်း မင်းစ် တို့ ပါဝင်လာပါတယ်။ ပွဲစတာနဲ့ လစ်ဗာပူးလ်တို့ ပြိုင်ဘက်ကို အသာစီးရခဲ့ပြီး အက်စတွန်ဗီလာ ဂိုးပေါက်ကို တရစပ် ထိုးဖောက်နေခဲ့သလို သွင်းဂိုးလည်း ရခဲ့ပေမယ့် VAR ပြန်ကြည့်ပြီး ကွင်းလယ်ဒိုင် ခွင့်မပြုခဲ့လို့ နစ်နာခဲ့ရပါတယ်။ အဲ့နောက် ပထမပိုင်း ပြီးဖို့ ၂ မိနစ်အလိုမှာ အက်စတွန်ဗီလာတို့ ဦးဆောင်ဂိုး ရခဲ့ပြီး မက်ဂျင်းရဲ့ ပံ့ပိုးပေးမှုကနေ အိုလီဝက်ကင်စ် က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း မှာတော့ လစ်ဗာပူးလ်တို့ ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပိုလုပ်နို်ငခဲ့ပြီး ၅၇ မိနစ် မှာတော့ မိုဆာလာက ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် အက်စတွန်ဗီလာ ဘက်က ဘာကလေ၊ အဲလ်ဂါဇီ တို့ လူစားဝင်လာပြီး လစ်ဗာပူးလ် ဘက်မှာလည်း သီယာဂို၊ မာနေး၊ ရှကီရီတို့ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့ပါတယ်။ အက်စတွန်ဗီလာ ခံစစ်ကို မကျော်ခဲ့တဲ့ လစ်ဗာပူးလ်တို့ ၉၀+၁ ရောက်မှာ အနိုင်ဂိုး ရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ ထရန့် အလက်ဇန္တားအာနိုးလ်က ဂိုးဧရိယာ အပြင်ကနေ ဂိုးသမားရဲ့ ညာဘက် ထောင့်ထဲကို အပြင်းကန်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

အက်စတွန်ဗီလာ ကတော့ လစ်ဗာပူးလ်ရဲ့ ထိုးဖောက်မှုတွေကို မိနစ် ၉၀ ပြည့် တောင့်ခံနိုင်ခဲ့ပေမယ့် နာကျင် အချိန်ပို ဂိုးကြောင့် အသဲကွဲခဲ့ရပြီး ရှုံးပွဲကြောင့် ပရီးမီးယားလိဂ် အဆင့် ၁၀ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။
ဦးဆောင်ဂိုး ရခဲ့ပေမယ့် ဂိုးတွေပြန်ပေးခဲ့ရလို့ ရှုံးပွဲတွေ့ခဲ့တဲ့ အက်စတွန်ဗီလာ

လစ်ဗာပူးလ်တို့ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက်ကန်ချက် ၂၃ ကြိမ် အထိ ရှိခဲ့ပေမယ့် မိုဆာလာရဲ့ အဆုံးသတ်တဲ့ နေရာမှာ လိုအပ်ချက်တွေ ရှိခဲ့လို့ ရသင့်တဲ့ ဂိုးတွေ မရခဲ့တာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာ ကတော့ လစ်ဗာပူးလ်ရဲ့ ထိုးဖောက်မှုတွေကို မိနစ် ၉၀ ပြည့် တောင့်ခံနိုင်ခဲ့ပေမယ့် နာကျင် အချိန်ပို ဂိုးကြောင့် အသဲကွဲခဲ့ရပြီး ရှုံးပွဲကြောင့် ပရီးမီးယားလိဂ် အဆင့် ၁၀ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဂိုးသွင်းခဲ့တဲ့ အိုလီဝက်ကင်စ် ကတော့ ၂၀၀၈-၂၀၀၉ ဘောလုံးရာသီ နောက်ပိုင်း အာဆင်နယ် ကစားသမားဟောင်း အာရှာဗင် ပြီးရင် လစ်ဗာပူးလ်ကို တစ်ရာသီအတွင်း ၄ ဂိုးသွင်းနိုင်တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် မှာ မိနစ် ၉၀ ပြည့်မှ အနိုင်ဂိုးရတဲ့ ပွဲပေါင်း ၃၇ ပွဲအထိ ရှိခဲ့ပြီး ဒါဟာ ကျန်အသင်းတွေ အားလုံးထက် ၁၂ ပွဲ ပိုများတယ်လို့ သိရပါတယ်။ ချေပဂိုး သွင်းပေးခဲ့တဲ့ မိုဆာလာဟာ ဒီရာသီ လစ်ဗာပူးလ်အတွက် ပြိုင်ပွဲအရပ်ရပ်မှာ သွင်းဂိုး ၂၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

လစ်ဗာပူးလ်ရဲ့ အခုနိုင်ပွဲဟာ လာမယ့် ရက်မှာ ကစားမယ့် ရီးရဲယ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အတွက် အားရှိသွားစေနိုင်တာကြောင့် ကြိုးကြာနီတို့ အန်ဖီးလ်မှာ အကောင်းဆုံး ခြေစွမ်းနဲ့ ပြန်လာနိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။ အက်စတွန်ဗီလာ ကတော့ လာမယ့်ပွဲမှာ မန်ချက်စတာစီးတီးနဲ့ ကစားရမှာ ဖြစ်လို့ နောက်ထပ် ပွဲကြပ် တစ်ပွဲကို ဖြတ်သန်းရဦးမှာပါ။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်