လက်စတာစီးတီး vs နယူးကာဆယ်
အခုတစ်ပတ် ကြားရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ် (၃၅)ရဲ့ ပွဲကောင်းတွေကို ဆက်လက်ရှုစားရဖို့ ရှိနေပြီး လက်စတာစီးတီးနဲ့ နယူးကာဆယ် တို့ရဲ့ ပွဲကတော့ စနေနဲ့ မနက် တစ်နာရီခွဲမှာ ကစားကြမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် စိတ်မချရသေးတဲ့ လက်စတာစီးတီးတို့ အခုပွဲကနေ ရမှတ်ပြန်ရှာဖို့ မျှော်လင့်လာမှာ ဖြစ်သလို နယူးကာဆယ် ကလည်း နောက်ပိုင်းပွဲတွေမှာ ရုန်းအားကောင်းကောင်း အသင်းကြီးတွေကို ဒုက္ခပေးနေလို့ အကြိတ်အနယ် ရှိလာဦးမှာ သေချာပါတယ်။
လက်စတာစီးတီးတို့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဆောက်သမ်တန်ကို ပွဲချိန်ပြည့်နီးပါး ၁ ယောက် အသာနဲ့ ကစားခဲ့ရပေမယ့် သရေ ၁ မှတ်ပဲ ရခဲ့တာကြောင့် အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၂ မှတ်ပဲ ကွာဟပါတော့တယ်။ အခုပွဲ ကစားပြီးရင် ဘရန်ဒန်ရော်ဂျာရဲ့ အသင်းက မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီး၊ တော့တင်ဟမ်ဟော့စပါးတို့နဲ့ ဆက်တိုက် ကစားရမှာ ဖြစ်တာကြောင့် မဖြစ်မနေ ၃ မှတ် အပြည့်ရအောင် ယူထားဖို့ လိုပါလိမ့်မယ်။ တစ်ချက်ရှိတာက ရာသီကုန်ခါနီးရင် အဖျားရှူးသွားတတ်ပြီး မနှစ်ကဆိုရင် ရာသီသိမ်းခါနီးမှ ဆက်တိုက် ခြေချော်ခဲ့လို့ ယူရိုပါလိဂ် ဝင်ခွင့်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ အဖြစ်မျိုး ထပ်ပြီး မဖြစ်ဖို့ လက်စတာစီးတီးတို့ သတိထားဖို့ လိုပါတယ်။ လက်ရှိ အသင်းမှာ ဟာဗေးဘန်းစ်၊ ဂျက်စတင်၊ မော်ဂန်တို့ ကလွဲရင် လူပြန်စုံနေလို့ လက်စတာတို့ ခက်ခက်ခဲခဲ ကစားရမှာတော့ မဟုတ်ပါဘူး။ တိုက်စစ်က ဗာဒီ ပုံမှန်ခြေစွမ်းပြန်ရသေးပေမယ့် အီယန်နာချို ခြေစွမ်းပြနေပြီး နောက်ဆုံး ၅ ပွဲမှာ ၅ ဂိုးသွင်းပြီး ၂ ဂိုး ဖန်တီး ပေးထားခဲ့ပါတယ်။
တန်းဆင်းဇုန် ဖိအားတွေ အောက်ကနေ ရုန်းထွက်ထားနိုင်တဲ့ နယူးကာဆယ် တို့ ပြီးခဲ့တဲ့ပွဲမှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့လို့ အဆင့် ၁၇ နေရာအထိ ပြန်ဆင်းခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲက ဖူလ်ဟမ်ကို ၉ မှတ်အထိ ဖြတ်ထားနိုင်ဆဲ မို့လို့ သိပ်ပြီး စိုးရိမ်စရာတော့ မရှိပါဘူး။ အခုပွဲမှာ အားထားရတဲ့ တိုက်စစ်မှူး ဂျိုးဝေးလ်လော့ခ် ပြန်ပါလာဖို့ ရှိနေတာက စတိဗ်ဘရုစ် အတွက်တော့ ဝမ်းသာစရာပါပဲ။ ဒါပေမယ့် လက်ဆဲလက်စ်၊ ဟေဒန်၊ ဒါလိုး၊ ဖရေဆာနဲ့ ရှားတို့ကတော့ အခုပွဲကို လွဲချော်ဦးမှာ ဖြစ်ပါတယ်။ ခံစစ်ကစားပုံ မာကျောသလို တိုက်စစ်ကလည်း ဂိုးရဖို့ မခက်ခဲတော့တဲ့ ငှက်ကြားတို့ အခုပွဲမှာ လက်စတာစီးတီးကို အကောင်းဆုံး တုန့်ပြန် ကစားနိုင်ပါလိမ့်မယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
လက်စတာစီးတီးတို့ နယူးကာဆယ်နဲ့ နောက်ဆုံး တွေ့ဆုံကစားခဲ့တဲ့ ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ရပြီး ၁ ပွဲပဲ ရှုံးထားပါတယ်။ ကင်းပါဝါမှာ နောက်ဆုံး ကစားခဲ့တုန်းက လက်စတာစီးတီးတို့ ၅ ဂိုးပြတ် အနိုင်ရထားပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့ ပွဲစဉ်မှာတော့ လက်စတာစီးတီးတို့ မက်ဒီဆင်၊ တိုင်လီမန့်စ်တို့ရဲ့ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အတူ ၁-၂ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
လက်စတာစီးတီး vs နယူးကာဆယ် | 1X2 လက်စတာစီးတီး @ 1.40 | |
မေလ ၈ ရက်, ည ၁:၃၀ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၄၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၈.၀၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၇၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်စတာစီးတီးတို့ ပြီးခဲ့တဲ့ ပွဲမှာ အမှတ်လျော့ခဲ့လို့ ချန်ပီယံလိဂ် ဝင်ခွင့်သေချာဖို့ အတွက် အခုပွဲမှာ ကျိန်းသေးပေါက် ၃ မှတ် အပြည့်ရဖို့ အားစိုက်လာလိမ့်မယ်။ နယူးကာဆယ် ကတော့ ပြီးခဲ့တဲ့ပွဲမှာ အာဆင်နယ်ကို ရှုံးနိမ့်ထားပေမယ့် ခြေစွမ်းပိုင်း အရမ်းကြီး ပျက်သွားတာတော့ မတွေ့ရဘူး။ ဒါပေမယ့် ကစားသမား အင်အားပိုတောင့်တဲ့ လက်စတာစီးတီးပဲ အနိုင်ယူလိမ့်မယ်။ အပြန်အလှန် သွင်းဂိုးတွေ ရှိလာနိုင်ပေမယ့် ဂိုးတော့ ပြတ်မယ် မထင်ဘူး။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.