နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးကို မရည်ရွယ်ပဲ တစ်ယောက်လျော့နဲ့ အပီတွယ်သွားတဲ့ လိဒ်စ် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာစီးတီး ၁ – ၂ လိဒ်စ်ယူနိုက်တက်

မထင်မှတ်တာတွေ လုပ်ပြတတ်တဲ့ မာဆယ်လို ဘီရယ်ဆာရဲ့ လိဒ်စ်ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ အပြတ်အသတ် ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီး ကိုမှ အီတီဟတ် ကွင်းအထိ လာပြီး အနိုင်ယူသွားခဲ့ပါတယ်။ ဒါ့အပြင် လိဒ်စ် တို့ ပွဲချိန် တစ်ဝက်လောက် တစ်ယောက်လျော့နဲ့ အနိုင်ကစားသွားတာ ဖြစ်လို့ နည်းပြကြီး ဘီရယ်ဆာရဲ့ နည်းစနစ်ပိုင်းနဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည် ကိုတော့ မဖြစ်မနေ ချီးကျူးရပါလိမ့်မယ်။

ဒီနေ့ပွဲမှာ မန်ချင်စတာစီးတီး နည်းပြ ဂွါဒီယိုလာ အနေနဲ့ အဓိကကစားသမားတချို့ကို အနားပေးခဲ့တယ် ဆိုပေမယ့် ၄-၃-၃ ကစားကွက်ကို အသုံးပြုပြီး ဘာနာဒိုဆေးလ်ဗား၊ ဖာနန်ဒင်ဟို၊ ဂျီဆုစ်၊ စတာလင်နဲ့ ဖာရန်းတောရက်စ် တို့လို ကစားသမားကောင်းတွေနဲ့ ပွဲထွက်ခဲ့ပါတယ်။ လိဒ်စ်ယူနိုက်တက် ကတော့ ထုံးစံအတိုင်း ဘီရယ်ဆာရဲ့ စိတ်ကြိုက် ကစားကွက် ၄-၁-၄-၁ နဲ့ပဲ ပွဲထွက်လာပြီး ဂိုးမှာ မက်စ်လိုင်ယာ၊ နောက်တန်းမှာ လုခ်အေးလင်း၊ လော်ရန်တေး၊ ကူးပါး၊ အဲလ်လီရိုးစကီး၊ ကွင်းလယ်မှာ ကယ်ဗင်ဖီးလစ်၊ ရာဖင်ဟာ၊ ဒါးလက်စ်၊ ရောဘတ်၊ ဟဲလ်ဒါကော်စတာ နဲ့ တိုက်စစ် မှာတော့ ဘမ်းဖို့ဒ် တစ်ဦးတည်းကို အထောင်ထားခဲ့ပါတယ်။ ပွဲစတာနဲ့ မန်စီးတီး တို့ ထုံးစံအတိုင်း ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနေခဲ့လို့ အပိုင်အခွင့်အရေးတချို့ ရခဲ့ပေမယ့် မက်စ်လိုင်ယာ ကာကွယ်နိုင်ခဲ့သလို စတာလင်က လည်း တောက်လျောက် ဖြုန်းတီး ပစ်နေလို့ ဂိုးမရပဲ ဖြစ်နေခဲ့ပါတယ်။ တစ်ဖက်သတ် ထိုးဖောက်နေခဲ့တာက မန်စီးတီးတို့ ဖြစ်ပေမယ့် တကယ်တမ်း ဦးဆောင်ဂိုးရသွားတာက လိဒ်စ် ဖြစ်ပါတယ်။ ပွဲချိန် ၄၂ မိနစ်မှာ လိဒ်စ်ယူနိုက်တက်တို့ ရှားရှားပါးပါး မန်ချက်စတာစီးတီး ဘက်ကို ထိုးဖောက်နိုင်ခဲ့ပြီး ပြိုင်ဘက် နောက်တန်းနဲ့ ဂိုးသမား အီဒါဆင် အတွက် မထင်မှတ်တဲ့ အနေအထားကနေ စတူးဝပ်ဒါးလက်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ပထမပိုင်း ပြီးခါနီးမှာတော့ လီယမ်ကူးပါး ဂျီဆုစ်ကို အဝင်ကြမ်းခဲ့တာကြောင့် တိုက်ရိုက် အနီကတ်နဲ့ ထွက်ခဲ့ရပြီး မန်စီးတီးကို ပိုပြီး အားသာသွားစေခဲ့ပါတယ်။  တစ်ယောက်လျော့ အနေအထားနဲ့ ဦးဆောင်ဂိုးလည်း ရထားပြီး ဖြစ်တဲ့ လိဒ်စ်ယူနိုက်တက်တို့ ခံစစ်အားပြု ကစားလာပြီး မန်စီးတီး ကတော့ ဂိုးရဖို့ တောင်ပံ နှစ်ဖက်စလုံး ကနေ တိုက်စစ်ဆင်ခဲ့ပါတယ်။ အဲ့နောက် အဝေးကန်ချက် တွေနဲ့ ဂိုးရဖို့ ကြိုပမ်းခဲ့ပေမယ့်လည်း အလုပ် မဖြစ်ခဲ့ပါဘူး။ ၇၆ မိနစ် မှာတော့ မန်စီးတီးတို့ လိုအပ်နေတဲ့ဂိုး ရခဲ့ပြီး ဖာရန်းတောရက်စ်က အပိုင်ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲပြီးလို့ နာကျင် အချိန်ပိုမှာ တန်ပြန်တိုက်စစ်ကနေ တစ်ဆင့် အယ်လီရိုစကီး ထိုးပေးတဲ့ ဘောလုံးကို စတူးဝပ် ဒါးလက်စ် ကပဲ ဆွဲပြေးပြီး အနိုင်ဂိုး သွင်းယူသွားခဲ့လို့ မန်စီးတီး တို့ အသဲကွဲခဲ့ရပါတော့တယ်။

 

ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာစီးတီးတို့ ကတော့ ရှုံးပွဲတွေ့ခဲ့ပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ရမှတ်ဖြတ်ပြီး ဆက်လက် ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။
ပွဲချိန်တစ်ဝက်ကျော်ကို တစ်ယောက်လျော့နဲ့ မန်စီးတီး ကို အနိုင်ကန်တဲ့ လိဒ်စ်ယူနိုက်တက်

မန်စီးတီးလို အသင်းကို တစ်ယောက်လျော့နဲ့ ကစားပြီး အနိုင်ရဖို့ဆိုတာ မလွယ်ကူတဲ့ ကိစ္စဖြစ်ပါတယ်။ နောက်ပြီး အဝေးကွင်းမှာ လာကစားပြီး အနိုင်ရခဲ့တာ ဖြစ်လို့ ပိုပြီးတောင် ချီးကျူးရမှာပါ။ လိဒ်စ်ယူနိုက်တက်တို့ အခုနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် သမိုင်းတလျောက် အမှတ်ပေးဇယားထိပ်က ဦးဆောင်သူကို အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ၄ သင်းမြောက် တန်းတက်အသင်း အဖြစ် စာရင်းဝင်သွားခဲ့ပါတယ်။ မန်ချက်စတာစီးတီးတို့ ကတော့ ရှုံးပွဲတွေ့ခဲ့ပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ရမှတ်ဖြတ်ပြီး ဆက်လက် ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

လိဒ်စ်ယူနိုက်တက်တို့ လာမယ့် ရက်မှာ လစ်ဗာပူးလ်နဲ့ နောက်ထပ် ပရီးမီးယားလိဂ် ပွဲကြပ် တစ်ပွဲ ကစားရဦးမှာ ဖြစ်ပြီး မန်ချက်စတာစီးတီး ကတော့ ကြားရက်မှာ ဒေါ့မန်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ အဖြစ် ဂျာမန်မြေမှာ သွားကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်