နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖူလ်ဟမ်ကို ယူနိုက်တက်တို့ နိုင်ရင်တောင် ဂိုးမပြတ်ဘူး – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဖူလ်ဟမ် vs မန်ချက်စတာယူနိုက်တက်

အခုတစ်ပတ် ကြားရက်မှာတော့ ဖူလ်ဟမ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ရှိနေပါတယ်။ ခြေစွမ်းထက်မြတ်နေတဲ့ မန်ချက်စတာယူနိုက်တက်တို့ ခံစစ်ကစားပုံကောင်းတဲ့ ဖူလ်ဟမ်ကို အလွယ်တကူ ကျော်ဖြတ်ဖို့ မဖြစ်နိုင်လို့ စိတ်ဝင်စားဖို့ကောင်းတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်နေပါတယ်။

ဖူလ်ဟမ်တို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ပေမယ့် ခြေစွမ်းကောင်းပြီး ခံစစ်က တော်တော်လေး မာကျောတာတွေ့ရပါတယ်။ နောက်ပြီး အသင်းလိုက် ကစားပုံ ပြန်ကောင်းနေပြီး မြန်နှုန်းမြင့် ကစားသမားတွေ ရှိနေလို့ အသင်းကြီးတော်တော်များများကို ဒုက္ခပေးခဲ့တာ တွေ့ရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ချဲလ်ဆီး တစ်သင်းကိုသာ ရှုံးနိမ့်ပြီး အသင်းကြီးတွေ ဖြစ်တဲ့ လစ်ဗာပူးလ်၊ ဆောက်သမ်တန်၊ တော့တင်ဟမ်ဟော့စပါး တို့အပါအဝင် ဘရိုက်တန်၊ နယူးကာဆယ်တို့နဲ့လည်း သရေကျထားပါတယ်။ ကြားရက်မှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာတော့ ကျူပီအာကို အနိုင်ရပြီး နောက်တစ်ဆင့် တက်ရောက်ထားနိုင်ခဲ့ပါတယ်။ ဖူလ်ဟမ်တို့ လက်တလော ပရီးမီးယားလိဂ် မှာ ၁၇ ပွဲကစားပြီး ၂ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၉ ပွဲရှုံးနိမ့်ပြီး အဆင့် ၁၈ နေရာမှာ ရပ်တည်နေပါတယ်။ တန်းဆင်းဇုန် အထက်က အသင်းနဲ့ ၄ မှတ်ကွာဟနေဆဲ ဖြစ်လို့ ရုန်းအားကောင်းကောင်းနဲ့ ယူနိုက်တက်တို့ကို ဒုက္ခပေးနိုင်မလားဆိုတာတော့ စောင့်ကြည့်သွားရပါမယ်။

 
မန်ချက်စတာယူနိုက်တက်တို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လစ်ဗာပူးလ်နဲ့ သရေကျခဲ့လို့ နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ပါတယ်။ ကြားရက်မှာ ကစားခဲ့တဲ့ ခရာဘောင် ပွဲစဉ်မှာ မန်ချက်စတာစီးတီးကို ရှုံးနိမ့်ပြီး အက်ဖ်အေဖလား ပွဲစဉ်မှာတော့ ဝက်ဖို့ဒ်ကို အနိုင်ရပြီး နောက်တစ်ဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ယူနိုက်တက်တို့ရဲ့ ကစားပုံက တော်တော်လေး အားရစရာ ကောင်းနေပြီး တိုက်စစ်က ကာဗာနီ၊ ရက်ရှ်ဖို့ဒ်၊ မာစီရယ် တို့ ခြေစွမ်းပြနေသလို ကွင်းလယ်က ဘရူနိုဖာနန်ဒက်စ်၊ ပေါလ်ပေါ့ဘာ၊ မက်တော်မီနေး၊ ဖရက်ဒ်တို့ကလည်း အကောင်းဆုံး ပုံစံမှာ ရှိနေလို့ ရလဒ်တွေ ကောင်းနေပါတယ်။ တစ်ချက်ရှိတာက ဖူလ်ဟမ်ရဲ့ မြန်နှုန်းမြင့်ပြီး တွန်းတွန်းတိုက်တိုက် မာမာထန်ထန် ကစားတတ်တဲ့ ကစားသမားတွေကို ဘယ်လိုကျော်ဖြတ်မလဲ ဆိုတာ ဆိုးလ်ရှား အနေနဲ့ ကြိုတင် စဉ်းစားထားဖို့ လိုအပ်ပါတယ်။ မန်ချက်စတာယူနိုက်တက်တို့ လက်တလော ပရီးမီးယားလိဂ် မှာ ၁၈ ပွဲကစား ၁၁ ပွဲနိုင်၊ ၄ ပွဲ သရေ၊ ၃ ပွဲရှုံးနိမ့်ပြီး အမှတ်ပေးဇယား ထိပ်ဆုံး နေရာမှာ ရပ်တည်နေခဲ့ပေမယ့် ဒုတိယနေရာက မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီး ထက် ပွဲပိုကစားပြီး ၂ မှတ်သာ ဖြတ်ထားနိုင်ပါတယ်။ ဒါ့ကြောင့် အခုပွဲမှာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နိုင်ရေး အတွက် အမှားခံမယ် မထင်ပါဘူး။

ဖူလ်ဟမ်တို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ပေမယ့် ခြေစွမ်းကောင်းပြီး ခံစစ်က တော်တော်လေး မာကျောတာ တွေ့ရပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးကို အရေးနိမ့်ထားတဲ့ ဖူလ်ဟမ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

၂၀၁၀ နောက်ပိုင်း ဖူလ်ဟမ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ကို ပြန်ကြည့်မယ်ဆိုရင် ယူနိုက်တက်တို့က ၉ ကြိမ် အနိုင်ရပြီး ၂ ပွဲသရေကျကာ ရှုံးပွဲလုံးဝ မရှိထားတာတွေ့ရပါတယ်။ ၂၀၁၈-၁၉ ပရီးမီးယားလိဂ် ရာသီက နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာ‌တော့ ယူနိုက်တက် က ၄-၁၊ ၀-၃ တို့နဲ့ အနိုင်ရထားပါတယ်။
 

လောင်းကြေးဆိုင်ရာအကြံပြုချက်များ

??
ဖူလ်ဟမ် vs မန်ချက်စတာယူနိုက်တက် 1X2 မန်ချက်စတာ ယူနိုက်တက်း @ 1.55
ဇန်နဝါရီလ ၂၁ ရက်, မနက် ၂:၄၅ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၆.၀၀ ဆနဲ့ ဧည့်သည်အသင်းအတွက် ၁.၅၃ ဆကြေးဖွင့် ပြီး သရေအတွက် ၄.၃၃ ဆကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်တို့ ခြေစွမ်း ထက်မြတ်နေတယ် ဆိုပေမယ့် ဖူလ်ဟမ်ကလည်း ခံစစ်ကစားပုံ မာကျောနေလို့ ဂိုးရဖို့တော့ ခက်ခဲပါလိမ့်မယ်။ ယူနိုက်တက်တို့ နိုင်ရင်တောင် ဂိုးပြတ်မှာ မဟုတ်ပါဘူး။ ခန့်မှန်းရလဒ် ၀-၁ ပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်