နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နာကျင်အချိန်ပိုမှ ၂ ဂိုးဆက်သွင်းပြီး ရွိုင်းဟော့ဆန်ကို နှုတ်ဆက်တဲ့ အာဆင်နယ် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ခရစ္စတယ်ပဲလေ့စ် ၁ – ၃ အာဆင်နယ်

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၇)ရဲ့ လက်ကျန်ပွဲစဉ်တွေ မှာတော့ တော့တင်ဟမ်ဟော့စပါးက လွဲလို့ အသင်းကြီး အားလုံး နိုင်ပွဲရခဲ့ကြပြီး အာဆင်နယ် ဟာလည်း ဆဲလ်ဟတ်စ်ပါ့ခ်မှာ ခရစ္စတယ်ပဲလေ့စ်ကို အကြိတ်အနယ် ကစားခဲ့ရပေမယ့် နာကျင်အချိန်ပို သွင်းဂိုးတွေကြောင့် အဖိုးတန် အနိုင် ၃ မှတ် ရရှိသွားခဲ့ပါတယ်။ ဒီပွဲမှာ ပဲလေ့စ်တို့ အာဆင်နယ်ကို အကောင်းဆုံး ပုံစံနဲ့ ရင်ဆိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှ မထင်မှတ်ပဲ အရှုံးပေးလိုက်ရတာကြောင့် အသက် ၇၃ နှစ်အရွယ် နည်းပြကြီး ရွိုင်းဟော့ဆန်ရဲ့ နှုတ်ဆက်ပွဲ ကတော့ ပျော်ရွှင်စရာ အဆုံးသတ် မဟုတ်ခဲ့ပါဘူး။

မီခယ်အာတေးတားရဲ့ အသင်းက ဒီနေ့ပွဲမှာ အနိုင် ၃ မှတ်ရမှ ဥရောပဝင်ခွင့်အတွက် ဆက်ပြီး မျှော်လင့်နိုင်မှာ ဖြစ်လို့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာပါတယ်။ ၄-၂-၃-၁ ကစားကွက်ကို ပြောင်းလဲ အသုံးပြုခဲ့တဲ့ အာဆင်နယ်ရဲ့ ပွဲထွက်လူစာရင်းမှာ တိုက်စစ်က အော်ဘာမီယန်း၊ ကွင်းလယ်နဲ့ တောင်ပံမှာ ဆာကာ၊ ပေပေ၊ စမစ်ရိုးဝ်၊ အဲလ်နီနီ၊ ပါတေး၊ နောက်တန်းမှာ တီယာနေး၊ ဂါဘရီရယ်၊ ဟိုးလ်ဒင်း၊ ချမ်ဘာစ်၊ ဂိုးမှာတော့ ဘန်လန်နို တို့ပါဝင်လာပါတယ်။ ရွိုင်းဟော့ဆန်ရဲ့ ခရစ္စတယ် ပလေ့စ် ဘက်မှာလည်း ဘန်တီကီ၊ ဇာဟာ၊ တောင်ဆန်၊ ရှလော့ပ်၊ ကိုယာတေး၊ ကာဟေးလ် တို့လို အဓိကကစားသမားတွေ တော်တော်များများနဲ့ အာဆင်နယ်ကို ရင်ဆိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာတော့ အိမ်ရှင်တို့ ဂိုးပေါက် ခြိမ်းခြောက်မှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့တာက လွဲရင် အာဆင်နယ်တို့ပဲ အသာစီးရယူ ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပွဲချိန် ၃၅ မိနစ်မှာ အာဆင်နယ်တို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ ထူးထူးခြားခြား ဘယ်သန် ကစားသမား ၃ ဦးဖြစ်တဲ့ ဆာကာ၊ တီယာနေး၊ ပေပေ အတွဲအဖက် ကနေ တစ်ဆင့် နီကိုလာစ် ပေပေက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ကစားပုံ သိသိသာသာ လေးလံသွားတဲ့ အာဆင်နယ်တို့ ပဲလေ့စ်ရဲ့ ထိန်းချုပ်မှုအောက် ပြန်ရောက်သွားပြီး ဂိုးမပေးရဖို့ သတိထားပြီး ကစားလာခဲ့ရပါတယ်။ အာဆင်နယ်တို့ ပွဲကို အတတ်နိုင်ဆုံး ပြန်လည် ထိန်းကစားဖို့ ကြိုးစားနေရင်းက ပွဲချိန် မိနစ် ၆၀ ကျော်မှာ ချေပဂိုးပေးလိုက်ရပြီး အလွတ်တည်ကန်ဘောက တစ်ဆင့် တောင်ဆန် တင်ပေးလိုက်တဲ့ ဘောလုံးကို ဘန်တီကီက အာဆင်နယ် ခံစစ်ကစားသမားတွေရဲ့ လူကပ်ပုံ အားနည်းမှုကို အခွင့်ကောင်းယူပြီး အားပါတဲ့ ခေါင်းတိုက်ချက်နဲ့ အတူ အဆုံးသတ်ပေးသွားတာ ဖြစ်ပါတယ်။ ချက်ချင်းဆိုသလိုပဲ နည်းပြ အာတေးတား အနေနဲ့ နည်းစနစ် အပြောင်းအလဲ တချို့ပြုလုပ်ခဲ့ပြီး ဆာကာ နေရာမှာ အိုဒဂတ်၊ တီယာနေး နေရာမှာ ဂရန်းနစ် ရှာကာ၊ ပါတေး နေရာမှာ မာတင်နယ်လီတို့ကို ဝင်ရောက် ကစားခိုင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း သွင်းဂိုးတွေ ထပ်မရတဲ့  အပြင် အိမ်ရှင်တို့ရဲ့ တိုက်စစ်ကို ပြန်လည် ထိန်းချုပ်နေရတာနဲ့ မိနစ် ၉၀ ပြည့်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ကြာလာတာနဲ့အမျှ အာဆင်နယ်တို့ ခရစ္စတယ်ပဲလေ့စ် ဂိုးပေါက်ကို ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြန်လည် ပြုလုပ်လာနိုင်ခဲ့ပြီး နာကျင်အချိန်ပို ၁ မိနစ်မှာ အိုဒီဂတ်ရဲ့ ပေးပို့မှုကနေ ဂါဘရီရယ် မာတင်နယ်လီက အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် အချိန်ပို နောက်ဆုံးမိနစ်မှာလည်း ဦးဆောင်ဂိုး သွင်းယူပေးခဲ့တဲ့ နီကိုလာစ်ပေပေ ကပဲ တစ်ကိုယ်တော် ခြေစွမ်းပြပြီး တတိယဂိုး သွင်းယူပေးခဲ့လို့ ၁-၃ ရလဒ်နဲ့ အာဆင်နယ် တို့ ဆဲလ်ဟတ်စ်ပါ့ခ်မှာ အဖိုးတန် နိုင်ပွဲ တစ်ပွဲ ပိုင်ဆိုင်သွားခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ် ကတော့ ၄ နှစ်တာ လက်တွဲခဲ့တဲ့ ငယ်မွေးခြံပေါက် နည်းပြကြီး ရွိုင်းဟော့ဆန်ရဲ့ အနားယူသွားတဲ့ အပြင် အိမ်ကွင်း ပရိသတ်တွေ ရှေ့မှောက် ပြန်လည် ကစားခွင့်ရတဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ ရှုံးနိမ့်ခဲ့လို့ စိတ်မကောင်းစရာတွေနဲ့ပဲ ရာသီသိမ်းခဲ့ရတာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်နောက်ပိုင်း အာဆင်နယ်ကို ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်

 

ပွဲပြီးသုံးသပ်ချက်

အာဆင်နယ်တို့ ဒီနေ့ပွဲ အပြီးမှာလည်း ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာမှာပဲ ဆက်လက် ရပ်တည်နေပေမယ့် ယူရိုပါလိဂ် ခြေစစ်ပွဲ ဝင်ခွင့် ရဖို့ မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။ အစောပိုင်း ပွဲမှာ တော့တင်ဟမ်ဟော့စပါးတို့ အိမ်ကွင်းမှာ အက်စတွန်ဗီလာကို ရှုံးနိမ့်ခဲ့တာကြောင့် အာဆင်နယ် အတွက် မျှော်လင့်ချက် ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဗာတန်နဲ့ ဝက်စ်ဟမ်းတို့ နိုင်ပွဲကိုယ်စီ ရခဲ့တာကြောင့် ဂန်းနားတို့ နောက်ဆုံး ပွဲစဉ်မှာ ဘရိုက်တန်ကို အနိုင်ရဖို့ လိုအပ်နေတဲ့အပြင် လက်စတာစီးတီးနဲ့ တော့တင်ဟမ် ပွဲရလဒ်၊ မန်စီးတီးနဲ့ အဲဗာတန် ပွဲရလဒ်တွေကို စောင့်ကြည့်ပြီးမှပဲ ဥရောပဝင်ခွင့်ရမရ အဖြေထွက်မှာ ဖြစ်ပါတယ်။ ဘာပဲပြောပြော ခြေစွမ်း မကောင်းပေမယ့် ကံကောင်းခဲ့တဲ့ အာဆင်နယ်တို့ မီခယ်အာတေးတား လက်ထက် ပထမဆုံးအကြိမ်  ပရီးမီးယားလိဂ် ၄ ပွဲဆက် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အာတေးတားရဲ့ နည်းစနစ်ပိုင်း၊ ကစားသမား အများစုရဲ့ စွမ်းဆောင်ရည်တွေဟာ အခုချိန်ထိ အားရစရာမရှိသေးပေမယ့် ၂ ဂိုးသွင်းပေးခဲ့တဲ့ နီကိုလာစ်ပေပေရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုရပါမယ်။ ပေပေအနေနဲ့ ပရီးမီးယားလိဂ် ကို စရောက်လာတဲ့ အချိန်မှာ ပြည်တွင်း ပရိသတ်တွေက ထုံပေပေလို့ နာမည်ပြောင် ပေးရတဲ့အထိ ခြေစွမ်းက အားရစရာ မရှိခဲ့သူ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ကစားခွင့်ရတဲ့ ပွဲတိုင်းမှာ အသင်းအတွက် ပွဲချိန်ပြည့် ကြိုးစားကစားနေသလို ဒီရာသီမှာ အာဆင်နယ် ရရှိခဲ့တဲ့ သွင်းဂိုး ၂၀ လောက် ပါဝင် ပတ်သတ်နိုင်ခဲ့တာကြောင့် လာမယ့်ရာသီ အာဆင်နယ် တောင်ပံအတွက် မျှော်လင့်လို့ ရနိုင်မယ့်သူ ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရပါမယ်။ ခရစ္စတယ်ပဲလေ့စ် ကတော့ ၄ နှစ်တာ လက်တွဲခဲ့တဲ့ ငယ်မွေးခြံပေါက် နည်းပြကြီး ရွိုင်းဟော့ဆန်ရဲ့ အနားယူသွားတဲ့ အပြင် အိမ်ကွင်း ပရိသတ်တွေ ရှေ့မှောက် ပြန်လည် ကစားခွင့်ရတဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ  ရှုံးနိမ့်ခဲ့လို့ စိတ်မကောင်းစရာတွေနဲ့ပဲ ရာသီသိမ်းခဲ့ရတာ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ အခုနှစ် ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ်မှာ အစဉ်အလာအရ တွေ့ဆုံချိန်တိုင်း ရုန်းကန်ရလေ့ရှိတဲ့ ဘရိုက်တန်နဲ့ ကစားရမှာ ဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ် ကတော့ လစ်ဗာပူးလ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်