နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရစ်ချာလီဆင်ရဲ့ အစောပိုင်း သွင်းဂိုး ၁ ဂိုးတည်းနဲ့ နိုင်ပွဲ ဆက်တဲ့ အဲဗာတန် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

အဲဗာတန် ၁ – ၀ ဆောက်သမ်တန်

ဒီနေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ လက်ကျန်ပွဲစဉ် တစ်ပွဲမှာတော့ အဲဗာတန်တို့ ဆောက်သမ်တန်ကို ရစ်ချာလီဆင်ရဲ့ အစောပိုင်းသွင်းဂိုး တစ်ဂိုးတည်းနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် နှစ်ပွဲဆက် နိုင်ပွဲ ရှာဖွေနိုင်ခဲ့တဲ့ အဲဗာတန်တို့ အခုပွဲအပြီးမှာ ရမှတ် ၄၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နိုင်ခဲ့သလို ဆောက်သမ်တန်ကတော့ ၉ ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့လို့ အဆင့် ၁၄ နေရာမှာပဲ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။

အခုပွဲမှာ အိမ်ရှင် အဲဗာတန် ဘက်က အဓိက နောက်ခံလူ မီနာ တစ်ဦးတည်း ပါဝင်လာနိုင်ခြင်း မရှိခဲ့ပဲ တိုက်စစ်မှာ ဒေါမနစ် ကလဲဗက်လီဝင်း၊ ရစ်ချာလီဆင်တို့ကို ဦးဆောင်စေပြီး ကွင်းလယ်မှာ ဒူကိုရေး၊ အဲလန်၊ ဂိုမက်စ်၊ နောက်တန်းမှာ ဟောလ်ဂိတ်၊ ကိန်း၊ ဂေါ့ဖရေး၊ ဒစ်ဂနေး၊ ဂိုးမှာ ပစ်ခ်ဖို့ဒ်တို့နဲ့ ပွဲထွက်လာပါတယ်။ ဆောက်သမ်တန် ဘက်မှာတော့ ဒိုင်ယာလို၊ အိုဘာဖေမီတို့က စလို့ ရိုမီယူ၊ မီနာမီနို၊ ဝဲလ်ကော့တ်၊ စမောဘုန်း တို့လို ကစားသမားတွေ ဒဏ်ရာ ပြသနာရင်ဆိုင်နေရလို့ တော်တော်လေး အားနည်းခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ပွဲစပြီး ၉ မိနစ် အကြာမှာတင် အိမ်ရှင် အသင်းရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။ ဒီဂိုးကိုတော့ အဲဗာတန် တိုက်စစ်မှူး ရစ်ချာလီဆင်  အနေနဲ့ အဲဗာတန် ကွင်းလယ်က ဆီဂတ်ဆန်ရဲ့ ဖန်တီးပေးမှုကနေ လူကျွံထောင်ချောက်ကို အကောင်းဆုံး ဖောက်ထွက်ပြီး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ပွဲချိန် ၂၆ မိနစ် မိုက်ကယ်ကိန်းက အဲဗာတန် အတွက် ဒုတိယမြောက်ဂိုး ရယူပေးခဲ့ပေမယ့် VAR ပြန်ကြည့်ပြီး လူကျွံဘောအဖြစ် သတ်မှတ်ပေးခဲ့လို့ အိမ်ရှင်တို့ နစ်နာခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ဧည့်သည်တို့ ချေပဂိုးရဖို့ အားစိုက်ကစားလာခဲ့ပြီး လူစားလဲလှယ်မှု တချို့ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဗာတန် ကွင်းလယ်နဲ့ နောက်တန်းရဲ့ စွမ်းဆောင်ရည် ကောင်းမွန်မှုကြောင့် ဆောက်သမ်တန် တို့ ချေပဂိုးနဲ့ ဝေးခဲ့ရပြီး ၁-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဆောက်သမ်တန်ကတော့ ပရီးမီးယားလိဂ် ၉ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး အဆင့် ၁၄ နေရာအထိ ကျဆင်းခဲ့ပြီဖြစ်လို့ တန်းဆင်းဇုန် အန္တရာယ်တောင် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ဆက်လက်ရပ်တည်နေတဲ့ ဆောက်သမ်တန်

 
 

ပွဲပြီးသုံးသပ်ချက်

အဲဗာတန်တို့ ပြီးခဲ့တဲ့ မာဆေးလ်ဆိုဒ် ဒါဘီပွဲစဉ်မှာ လစ်ဗာပူးလ်ကို အန်ဖီးလ်မှာ ရစ်ချာလီဆင်နဲ့ ဆီဂတ်ဆန်တို့ရဲ့ သွင်းဂိုးတွေနဲ့ နှိပ်ကွပ်နိုင်ခဲ့ပြီး အခုပွဲမှာလည်း ဆောက်သမ်တန်ကို ရစ်ချာလီဆင်ရဲ့ ခြေစွမ်းပြမှုနဲ့ အတူ အလဲထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန်တို့ ဖူလ်ဟမ်နဲ့ မန်ချက်စတာစီးတီး တို့ကို မထင်မှတ်ပဲ အရေးနိမ့်ခဲ့ပေမယ့် နောက်ဆုံး ၂ ပွဲဆက် ခြေစွမ်းပြန်ပြပြီး နိုင်ပွဲတွေလည်း ပြန်လည်ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ခြေစွမ်းနဲ့သာဆိုရင် အဲဗာတန်တို့ ရာသီအကုန်မှာ ပရီးမီးယားလိဂ် ထိပ်ဆုံး ၆ သင်း စာရင်းဝင်ဖို့ မျှော်လင့်လို့ ရနိုင်လောက်ပါတယ်။ ဆောက်သမ်တန်ကတော့ ပရီးမီးယားလိဂ် ၉ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး အဆင့် ၁၄ နေရာအထိ ကျဆင်းခဲ့ပြီဖြစ်လို့ တန်းဆင်းဇုန် အန္တရာယ်တောင် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အဲဗာတန်တို့ လာမယ့် မတ်လ ၅ ရက်နေ့မှာ ဝက်စ်ဘရွန်း အိမ်ကွင်းကို သွားပြီး ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိသလို ဆောက်သမ်တန်ကတော့ ၆ ရက်နေ့မှာ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ကစားဖို့ ရှိနေပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်