နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူရို ၂၀၂၀ မှာ ဖလားမရ၊ စံချိန်ချိုးပြန်ဖို့ မျှော်လင့်နေတဲ့ ခရစ္စတီယာနို ရော်နယ်ဒို

ယူရို ၂၀၂၀ ရဲ့ မရဏအုပ်စုလို့ သတ်မှတ်ထားကြတဲ့ အုပ်စု (F) မှာ ပေါ်တူဂီတို့ ဂျာမနီ၊ ပြင်သစ်၊ ဟန်ဂေရီ တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေလို့ လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ ဆိုတာ တော်တော်လေး ခက်ခဲမယ့် သဘော ရှိပါတယ်။ သို့ပေမယ့်  နာမည်ကျော် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ဦးဆောင်မှု နောက်မှာ ဘရူနိုဖာနန်ဒက်စ်၊ ရူဘင် ဒီးရာ့စ်၊ ဂျာအို ဖီးလစ် တို့လို ကစားသမားတွေရဲ့ ခြေစွမ်းက တဖိတ်ဖိတ် တောက်ပနေလို့ ချန်ပီယံဆု အတွက် ရေပန်းအစားဆုံး အသင်းတွေထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၀ စုနှစ် နှစ်ခု အတွင်း ပေါ်တူဂီ အကြောင်း ပြောရင် ခရစ္စတီယာနို ရော်နယ်ဒိုက အမြဲတမ်း မပါမဖြစ် ဆိုတာ အားလုံးလည်း သိကြပြီး ဖြစ်မှာပါ။ မန်ချက်စတာယူနိုက်တက်၊ ရီးရဲယ်မက်ဒရစ် အသင်းတို့နဲ့ ရွှေအိုရောင် ကာလတွေကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့ပြီး လက်ရှိ ဂျူဗင်တပ်စ်နဲ့ အတူ မျှော်လင့်ထား သလောက် မအောင်မြင်ခဲ့ဘူး ဆိုပေမယ့် တစ်ချိန်က နာမည်ကျော် ကစားသမားကြီးတွေ တင်ထားခဲ့တဲ့ စံချိန်ဟောင်းတွေကို လိုက်လံ ချိုးဖျက်ထားနိုင်ခဲ့သလို စံချိန်သစ်တွေလည်း ထပ်ပြီး တင်ထားနိုင်ဆဲ ဖြစ်ပါတယ်။ အနီးစပ်ဆုံး ပြီးခဲ့တဲ့ ရာသီက ဂျူဗင်တပ်စ်နဲ့ စီးရီးအေ ချန်ပီယံဆု မကိုင်မြှောက်နိုင်ခဲ့ပေမယ့် အီတလီစူပါဖလားနဲ့ ကိုပါအီတလီယာဖလားတို့ ရရှိခဲ့တဲ့ ရော်နယ်ဒိုဟာ မတူညီတဲ့ ဥရောပထိပ်တန်း ကလပ် ၃ သင်းနဲ့ ပြည်တွင်းဆုဖလား အားလုံး ရရှိခဲ့တဲ့ ကမ္ဘာပေါ်က တစ်ဦး တည်းသော ဘောလုံးသမား ဖြစ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ရော်နယ်ဒိုဟာ အသက် ၃၆ နှစ် ရှိပြီ ဖြစ်တာကြောင့် နိုင်ငံ့ လက်ရွေးစင်အသင်း အတွက် နောက်ဆုံး အကြိမ် ကစားပေးနိုင်မယ့် ပြိုင်ပွဲ ဖြစ်လာဖို့ များပါတယ်။ ဒါ့ကြောင့် အခုပြိုင်ပွဲ ကနေ သူမပိုင်ဆိုင်ရသေးတဲ့ စံချိန်သစ်တွေ ကို အရယူဖို့ အားတင်းထားပုံပါပဲ။ တကယ်တမ်းလည်း ရော်နယ်ဒို အနေနဲ့ သူ့ရဲ့ မျှော်လင့်ချက်တွေ အကောင်အထည် ဖော်နိုင်ဖို့ အခြေအနေ တော်တော်လေး ကောင်းနေပါတယ်။ နိုင်ငံ့လက်ရွေးစင်နဲ့ နောက်ဆုံးပြိုင်ပွဲ ဖြစ်သွားနိုင်တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ပေါ်တူဂီဟာ မထင်မှတ်ပဲ ကမ္ဘာ့အဆင့်ရှိတဲ့ လူငယ်ကြယ်ပွင့် ကစားသမားတွေနဲ့ တောင့်တင်းလွန်း နေပါတယ်။ ဒါ့အပြင် ဂျူနီယာ ကစားသမားတွေ ကလည်း သူ့အတွက် စံချိန်သစ်တွေ ရှာဖွေရာမှာ အကောင်းဆုံး ပံ့ပိုးပေးဖို့ အသင့်ရှိနေလို့ ရော်နယ်ဒို ကတော့ ကံကောင်းလွန်းသူလို့ပဲ ဆိုရပါမယ်။

ဆာအဲလက်စ် ဖာဂူဆန် ကစလို့ နည်းပြတွေ အများကြီးရဲ့ လက်အောက်မှာ ကစားခဲ့ပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည် ကောင်းတွေ ကတော့ ဘယ်တော့မှ လျော့သွားခြင်း မရှိခဲ့ပါဘူး။ ပရော်ဖက်ရှင်နယ် ဘောလုံးသမား သက်တမ်း တစ်လျှောက် ကစားခဲ့တဲ့ ကလပ်အသင်းတိုင်းနဲ့ အမြင့်ဆုံး အောင်မြင်မှု ရရှိခဲ့သူ ရော်နယ်ဒိုဟာ ပေါ်တူဂီ အတွက် အပြည့်အဝ ပေးဆပ် ကစားခဲ့ပြီး ပေါ်တူဂီတို့ရဲ့ သမိုင်းမှာ မှတ်ကျောက် တင်ခွင့်ရမယ့် ပထမဦးဆုံး ဆုဖလားကြီးကို ပြင်သစ် ယူရို ၂၀၁၆ မှာ ရယူပေးနိုင်ခဲ့သလို နောက်ပြိုင်ပွဲ ဖြစ်တဲ့ နေးရှင်းလိဂ်မှာ ချန်ပီယံဆုကို အရယူပေး နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ် အတွင်း အဓိက ဆုဖလား ၂ လုံး ရယူနိုင်ခဲ့ရာမှာ ရော်နယ်ဒို က အဓိကကျခဲ့တာ မှန်ပေမယ့် နည်းပြ ဖာနန်ဒို ဆန်းတို့စ်နဲ့ တစ်သင်းလုံးရဲ့ အားထုတ်မှုကိုလည်း မမေ့သင့်ပါဘူး။

ဒါဆို ယူရို ၂၀၂၀ ကနေ ရော်နယ်ဒို ရှာဖွေမယ့် စံချိန်သစ်တွေက ဘာတွေဖြစ်မလဲ ဆိုတာ ဆက်ကြည့်ရအောင်။
 

ယူရိုပြိုင်ပွဲ အများဆုံး ကစားထားသူ

၃၆ နှစ် ဆိုတာနဲ့ မလိုက်အောင် လူငယ်ကစားသမားတွေ ငေးရလောက်အောင် ပုံစံကောင်းတစ်ခုကို ထိန်းထားနိုင်ဆဲ ရော်နယ်ဒို ကတော့ အခု ယူရို ၂၀၂၀ ပြိုင်ပွဲ မှာလည်း လူငယ်ကြယ်ပွင့်လေး တစ်ဦးလို တောက်ပပြဦးမှာ သေချာပါတယ်။
ပေါ်တူဂီ အတွက် ၁၇၄ ပွဲကစားပြီး ၁၀၃ ဂိုး သွင်းထားတဲ့ ခရစ္စတီယာနို ရော်နယ်ဒို

၃၆ နှစ် ဆိုတာနဲ့ မလိုက်အောင် လူငယ်ကစားသမားတွေ ငေးရလောက်အောင် ပုံစံကောင်းတစ်ခုကို ထိန်းထားနိုင်ဆဲ  ရော်နယ်ဒို ကတော့ အခု ယူရို ၂၀၂၀ ပြိုင်ပွဲ မှာလည်း လူငယ်ကြယ်ပွင့်လေး တစ်ဦးလို တောက်ပပြဦးမှာ သေချာပါတယ်။ အခုနှစ် ယူရိုပြိုင်ပွဲဟာ သူ့အတွက် နိုင်ငံအသင်းနဲ့ ၅ ကြိမ်မြောက် ကစားရမယ့် ပြိုင်ပွဲဖြစ်ပြီး ဘောလုံးလောက တစ်ခုလုံး ဘယ်သူမှ မတင်နိုင်သေးတဲ့ စံချိန်ကို ပြိုင်ပွဲမစခင်မှာတင် ရရှိဖို့ သေချာနေတာ ဖြစ်ပါတယ်။
 

ယူရိုပြိုင်ပွဲရဲ့ ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမား

ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူခဲ့တဲ့ ပြင်သစ် က မစ်ချယ် ပလာတီနီရဲ့ စံချိန်ကို လိုက်မှီထားတဲ့ ရော်နယ်ဒို ဟာ လက်ရှိ ယူရို ၂၀၂၀ မှာ အနည်းဆုံး သွင်းဂိုး ၁ ဂိုး သွင်းယူနိုင်တာနဲ့ စံချိန်သစ် တင်နိုင်မှာ ဖြစ်ပါတယ်။ ရော်နယ်ဒို အနေနဲ့ ယူရိုပြိုင်ပွဲမှာ အခုထက် ပိုပြီး ဂိုးတွေ သွင်းထားခဲ့ပေမယ့်  ခြေစစ်ပွဲ အဆင့် သွင်းဂိုးတွေကို ထည့်သွင်း တွက်ချက်ခြင်း မရှိလို့ ၉ ဂိုး ဆိုတဲ့ စံချိန်သာ တရားဝင် ဖြစ်နေတာပါ။
 

ယူရိုပြိုင်ပွဲ အုပ်စုအဆင့်နဲ့ ရှုံးထွက်အဆင့် ပွဲအများဆုံး ကစားထားသူ

ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ၅ ကြိမ်မြောက် ကစားခွင့်ရမယ့် ရော်နယ်ဒိုဟာ အုပ်စု အဆင့်နဲ့ နောက်ဆုံးအဆင့် ပွဲစဉ်တွေ အများဆုံး ကစားထားသူ ဖြစ်လာဦးမှာပါ။ အီတလီ ဂိုးသမားကြီး ဘူဖွန်ဟာ ၅၈ ပွဲကစားပြီး ယူရိုပြိုင်ပွဲ သမိုင်းမှာ ပွဲအများဆုံး ကစားထားတဲ့ စံချိန်ကို ပိုင်ဆိုင်ထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘူဖွန်အနေနဲ့ ကစားသမား ဘဝက အနားယူသွားပြီ ဖြစ်လို့ ၅၆ ပွဲ ကစားထားတဲ့  ရော်နယ်ဒို အတွက် အလွယ်တကူ ကျော်ဖြတ်နိုင်မယ့် စံချိန်ဆိုရင်လည်း မမှားပါဘူး။
 

ယူရို ဗိုလ်လုပွဲရဲ့ အသက်ကြီးဆုံး ဂိုးသွင်းရှင်

တစ်ဦးတစ်ယောက် အမြင်အရတော့ ရော်နယ်ဒို အနေနဲ့ ဒီစံချိန်ကို ရရှိဖို့ မလွယ်ကူနိုင်ပါဘူး။ ဘောလုံးအသင်း တစ်သင်း အနိုင်ရဖို့ ဆိုတာ တစ်ဦးတစ်ယောက်ထဲ စွမ်းဆောင်လို့ မရတာကြောင့် ဗိုလ်လုပွဲ ရောက်ဖို့ဆိုတာ အရမ်းကို ခက်ခဲလွန်းပါတယ်။ ဗိုလ်လုပွဲ ရောက်ရင်လည်း ဂိုးသွင်းနိုင်ဖို့ ကလည်း အရေးကြီး ရော်နယ်ဒို အတွက် မဖြစ်နိုင်တဲ့ စံချိန်လို့ပဲ ထင်ပါတယ်။
 

နိုင်ငံတကာသွင်းဂိုး အများဆုံး ကစားသမား

ရော်နယ်ဒို အတွက် သူကိုယ်တိုင် ကြိုးစားရင် ဒါမှမဟုတ် အသင်းဖော်တွေရဲ့ ဖန်တီးမှု ကောင်းရင် ပွဲနည်းနည်း ကစားပြီးလည်း ချိုးဖျက်လို့ ရနိုင်ပါတယ်။ ရော်နယ်ဒို အနေနဲ့ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ဂိုးအများသွင်းထားတဲ့ အလီဒါယေးရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ ဆိုရင် ၇ ဂိုးနဲ့ အထက် သွင်းယူနိုင်ဖို့တော့ လိုအပ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်