နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နည်းစနစ်ပိုင်း အမှားတွေကြောင့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ရှုံးခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ ဂွာဒီယိုလာ | အက်ဖ်အေဖလား

အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းကို ရှုံးနိမ့်ခဲ့ခြင်းဟာ သူ့ရဲ့ နည်းဗျူဟာ အမှားကြောင့် ဖြစ်တယ်လို့ မန်စီးတီး နည်းပြ ဂွာဒီယိုလာက ဝန်ခံသွားခဲ့ပါတယ်။ ဒါကြောင့် ဂွာဒီယိုလာက ရှုံးနိမ့်ခဲ့မှု အတွက် သူ့အပေါ်မှာသာ တာဝန်ရှိကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ 

မန်စီးတီးဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဂါနာချို၊ ကိုဘီ မိန်းနူး တို့ရဲ့ ဦးဆောင်ဂိုးတွေ ကို ခွင့်ပြုခဲ့ရပြီး နောက်ကနေ လိုက်ကစားခဲ့ပေမယ့် ဒိုခုရဲ့ ချေပဂိုး တစ်ဂိုးသာ ပြန်လည် ရရှိခဲ့တာကြောင့် ၂-၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ မန်စီးတီးဟာ ယူနိုက်တက်ကို အနိုင်ရပြီး ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားခဲ့ပေမယ့် မထင်မှတ်ပဲ ရှုံးပွဲ ကြုံကာ ဖလား နှစ်လုံး ချန်ပီယံ ဖြစ်မယ့် အခြေအနေကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ယူနိုက်တက်နဲ့ ပြီးခဲ့တဲ့ ပြည်တွင်း တွေ့ဆုံမှု နှစ်ကြိမ်စလုံးမှာ အနိုင်ရခဲ့သလို မနှစ်က အက်ဖ်အေဖလား ဗိုလ်လုပွဲမှာလည်း ယူနိုက်တက်ကို အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂွာဒီယိုလာဟာ ပြည်တွင်း ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲစဉ်တွေမှာ သူ့ကို အလဲထိုးနိုင်တဲ့သူ မရှိခဲ့ပေမယ့် တန်ဟက်ဂ်က သူ့ကို အနိုင်ရခဲ့တဲ့ ပထမဦးဆုံး နည်းပြလည်း ဖြစ်လာခဲ့ပါတယ်။ 

မန်စီးတီးဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဂါနာချို၊ ကိုဘီ မိန်းနူး တို့ရဲ့ ဦးဆောင်ဂိုးတွေ ကို ခွင့်ပြုခဲ့ရပြီး နောက်ကနေ လိုက်ကစားခဲ့ပေမယ့် ဒိုခုရဲ့ ချေပဂိုး တစ်ဂိုးသာ ပြန်လည် ရရှိခဲ့တာကြောင့် ၂-၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
ပြည်တွင်းဆုဖလား တစ်လုံးနဲ့သာ ကျေနပ်ခဲ့ရတဲ့ မန်စီးတီး

မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တာနဲ့ ပတ်သတ်လို့ ဂွာဒီယိုလာက “ကျနော့်ရဲ့ ဆုံးဖြတ်ချက်တွေကြောင့် သူတို့ အသင်းကို ရင်ဆိုင်ဖို့ မှန်ကန်တဲ့ အနေအထားမှာ မရှိခဲ့ပါဘူး။ ကျွန်တော့်ရဲ့ အမှားပါ။ ကျွန်တော့်ရဲ့ ဂိမ်း Plan က မကောင်းခဲ့ပါဘူး။ သူတို့ဟာ ဂိုးပေါက်ကန်ချက် တစ်ကြိမ် ကနေ တစ်ဂိုး ရသွားခဲ့ပြီး အဲ့ထက်လည်း မပိုခဲ့သင့်ပါဘူး။ ကျွန်တော်တို့ ယူနိုက်တက်နဲ့ ကစားတိုင်းမှာ အမြဲတမ်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာလည်း ကျွန်တော်တို့ ဒုတိယပိုင်းမှာ ဖန်တီးမှုတွေ လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းက မလုံလောက်ခဲ့ပါဘူး။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြိုင်ဘက် အသင်းရဲ့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကိုလည်း ဂွာဒီယိုလာက နှစ်လိုဖွယ်ကောင်းပြီး ထူးခြားဆန်းပြားတဲ့ နည်းပြ တစ်ဦး အဖြစ် ချီးကျူးသွားခဲ့ပါသေးတယ်။ ဂွာဒီယိုလာနဲ့ တန်ဟက်ဂ် တို့ဟာ ဘေယန်မြူးနစ် အသင်းမှာ အလုပ်တွဲလုပ်ခဲ့ဖူးသူတွေလည်း ဖြစ်ပါတယ်။

မန်စီးတီးဟာ ဒီပွဲမှာ ဘောလုံး ပိုင်ဆိုင်မှု ၇၄ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခဲ့သလို ဂိုးပေါက် ကန်ချက် ၁၉ ကြိမ် အထိ ပြလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က ဂိုးပေါက်တည့်ကန်ချက်မှာ တစ်ကြိမ်တောင် ပိုသာခဲ့ပြီး ထိုက်တန်တဲ့ နိုင်ပွဲနဲ့ အတူ အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့တာပါ။

ဒီရှုံးပွဲကြောင့် မန်စီးတီးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ဖလား တစ်လုံးတည်းနဲ့သာ ကျေနပ်ခဲ့ရပြီး အခြားသော ပြည်တွင်း ဆုဖလား နှစ်လုံးနဲ့လည်း လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီး အနေနဲ့ ရာသီ အစောပိုင်းမှာ ဖီဖာ ကလပ် ကမ္ဘာ့ဖလားနဲ့ ယူအီးအက်ဖ်အေ စူပါဖလားတို့ ရရှိထားခဲ့လို့ အောင်မြင်တဲ့ ဘောလုံးရာသီ တစ်ခုတော့ ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်