နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အုပ်စု ထိပ်ဆုံး ၅ သင်း နေရာ အတွက် အားစိုက်လာကြမယ့် ပါရာဂွေးနဲ့ ချီလီ (၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်)

ပါရာဂွေး – ချီလီ

ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန် အုပ်စု ပွဲစဉ်တွေ ထဲက ပါရာဂွေးနဲ့ ချီလီတို့ ကစားမယ့်ပွဲ ကလည်း အကြိတ်အနယ် ရှိလာဦးမှာ သေချာပါတယ်။ အုပ်စု ထိပ်ဆုံး ၅ နေရာ ဝင်ရေး အတွက် မျှော်လင့်ချက် ကိုယ်စီ ရှိနေကြသလို ထိပ်တိုက်တွေ့ဆုံမှု အရလည်း သိပ်မကွာတဲ့ အသင်းတွေ ဖြစ်နေလို့လည်း ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေတာ ဖြစ်ပါတယ်။

ပါရာဂွေး ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု ပွဲစဉ် ၁၂ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲသာ အနိုင်ရထားပြီး ၆ ပွဲသရေ၊ ၄ ပွဲ ရှုံးနိမ့်ထားပါတယ်။ ကိုပါ အမေရိကဖလား ပွဲစဉ်တွေ အပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၆ ပွဲ ကစားထားရာမှာ ဗင်နီဇွဲလား တစ်သင်း ထဲကို အနိုင်ရထားပြီး ကျန်ပွဲစဉ် ၅ ပွဲမှာ ၃ ပွဲရှုံးပြီး ၂ ပွဲ သရေကျထားပါတယ်။ ပါရာဂွေးရဲ့ ခြေစွမ်းနဲ့ ပတ်သတ်လို့ ပြောရမယ် ဆိုရင် တစ်ပွဲနဲ့ တစ်ပွဲ အတက်အကျ မညီဘူးလို့ ဆိုနိုင်ပြီး အာဂျင်တီးနားနဲ့ ကိုလံဘီယာလို အသင်းတွေကို သရေ ကစားထားနိုင်ပေမယ့် ချီလီ၊ ဘိုလစ်ဗီယား တို့ကို ဂိုးပြတ် ရှုံးနိမ့်ထားတာ တွေ့ရပါတယ်။ ချီလီကို ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ပါရာဂွေးရဲ့ တိုက်စစ်က ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိခဲ့တဲ့ အထိ စိတ်ပျက်စရာ ဖြစ်ခဲ့သလို နောက်ဆုံး ကစားခဲ့တဲ့ ဘိုလစ်ဗီးယားနဲ့ ပွဲမှာ တိုက်စစ် ကစားပုံ တိုးတက်လာခဲ့ပေမယ့် ၄ ဂိုးပြတ် ရလဒ်နဲ့ ရှုံးနိမ့်ထားခဲ့လို့ ပိုပြီး စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ လက်ရှိ အနေအထား အရ ပါရာဂွေးတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ရေး မျှော်လင့်နိုင်သေးမယ့် အခုပွဲ မှာသာ ရလဒ် မကောင်းခဲ့ရင် မျှော်လင့်ချက်တွေ တဖြည်းဖြည်း ဝေဝါးသွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် ရှကယ်လော့တိုရဲ့ အသင်းက အခုပွဲမှာ ကျိန်းသေပေါက် အားစိုက် လာဖို့ ရှိပြီး တတ်နိုင်သမျှတော့ ရမှတ် ရှာဖွေဖို့ ကြိုးပမ်းလာပါလိမ့်မယ်။

ကိုပါအမေရိကဖလား ပြီးချိန်မှာ ချီလီတို့ ၄ ပွဲဆက် ရလဒ်တွေ ဆိုးရွားခဲ့သမျှ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲ ဆက်တိုက် နိုင်ပွဲ ပြန်လည် ရှာဖွေထားနိုင်ခဲ့ပါတယ်။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ တောင်အမေရိကဇုန် အုပ်စု အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ ချီလီ

ကိုပါအမေရိကဖလား ပြီးချိန်မှာ ချီလီတို့ ၄ ပွဲဆက် ရလဒ်တွေ ဆိုးရွားခဲ့သမျှ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲ ဆက်တိုက် နိုင်ပွဲ ပြန်လည် ရှာဖွေထားနိုင်ခဲ့ပါတယ်။ ပါရာဂွေးကို ၂ ဂိုးပြတ်၊ ဗင်နီဇွဲလားကို ၃ ဂိုးပြတ်နဲ့ အနိုင်ရထားတဲ့ ချီလီတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တောင်အမေရိကဇုန် အုပ်စု အဆင့် ၆ နေရာ အထိ ပြန်လည် တက်လှမ်းထားနိုင်ပါတယ်။ လက်ရှိ ကွင်းလယ်က ဖီအိုရင်တီးနား ကွင်းလယ်လူ အဲရစ်ခ် ပဲလ်ဂါ ခြေစွမ်းပြနေပြီး ဗီဒယ်၊ အလက်ဆစ် ဆန်းချက်ဇ်၊ ဗဲလ်ဒက်စ်၊ အစ်ဆလာတို့ အကောင်းဆုံး ဆွဲတင်ပေးနေတာ တွေ့ရပါတယ်။ အခု ပွဲမှာတော့ ခြေချင်းဝတ် ဒဏ်ရာကြောင့် ပဲလ်ဂါ ပါဝင်လာနိုင်မှာ မဟုတ်ဘူးလို့ သိရပြီး ကျန် အဓိက ကစားသမား အစုံအလင်နဲ့ပဲ ပွဲထွက်လာဖို့ ရှိနေတယ်လို့ သိရပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

??
ပါရာဂွေး – ချီလီ အချိန်ပြည့် ဂိုးပေါ် ၁.၇၅ @ ၁.၆၇ ဆ
နိုဝင်ဘာလ ၁၂ ရက် , ည ၅:၃၀ နာရီ (GMT + ၆:၃၀)

ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၁၀ ကြိမ် မှာတော့ သရေ ၁ ပွဲသာ ရှိခဲ့ပြီး ပါရာဂွေးမှာ ၄ ပွဲနိုင်၊ ချီလီ က ၅ ပွဲ အနိုင်ရထားခဲ့ပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပထမအကျော့ မှာတော့ ချီလီတို့ ဘရီရီတန်၊ အစ်ဆလာ တို့ရဲ့ သွင်းဂိုးတွေနဲ့ ၂ ဂိုးပြတ် အနိုင်ရထားခဲ့ပါတယ်။

1×2 ရဲ့ ပေါက်ကြေးအရ ပါရာဂွေး အတွက် ၂.၄၇ ဆနဲ့ ဟန်ဂေရီ အတွက် ၂.၉၃ ဆ ကြေးဖွင့်ထားပြီး သရေ အတွက် ၂.၉၉ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဒီနှစ်သင်း ကလည်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရေး အတွက် မျှော်လင့်ချက် ရှိနေတဲ့ အတွက် အမှတ်ပြည့်ရရေး အားစိုက် ကစားလာမှာ မို့လို့ ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်လာနိုင်ပေမယ့် သွင်းဂိုးတွေ အများကြီးတော့ မြင်တွေ့ရဖို့ မရှိပါဘူး။ သရေရလဒ်ကို မျှော်လင့်ထားချင်ပြီး ဂိုးပေါင်း အောက်ကိုလည်း သဘောကျနေပါတယ်။

ခန့်မှန်းရလဒ် (၁-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်