နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အနိုင်အရှုံးထက် သွင်းဂိုးအများကို ပိုပြီး စိတ်ဝင်စားတယ် | (မန်ချက်စတာယူနိုက်တက်-လိဒ်စ်ယူနိုက်တက်) ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

မန်ချက်စတာစီးတီး – လိဒ်စ်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်နဲ့ လိဒ်စ်ယူနိုက်တက်တို့ရဲ့ တွေ့ဆုံမှု ကလည်း ပရီးမီးယားလိဂ် ပွဲစဉ်(၁)ရဲ့ စိတ်ဝင်စားစရာ ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။တွေ့ဆုံချိန်တိုင်မှာ အကြိတ်အနယ် ရှိခဲ့ပေမယ့်အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ နောက်ပိုင်း ပွဲစဉ် တော်တော်များများ လိဒ်စ်ယူနိုက်တက်တို့ ဂိုးပြတ် ရှုံးနိမ့်ထားတာ တွေ့ရပါတယ်။ ဒီပွဲ ကတော့ စနေနေ့၊ မြန်မာစံတော်ချိန် ည ၆ နာရီမှာ ကစားမှာ ဖြစ်လို့ SBOTOP ပရိသတ်တွေ ကျိန်းသေပေါက် စောင့်ကြည့်သင့်တဲ့ ပွဲလို့လည်း ဆိုချင်ပါတယ်။

 
ဖာဂူဆန် အနားယူပြီး နောက်ပိုင်း ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်မှာ ပထမဦးဆုံး အကြိမ် ခေါင်းပြန်ထောင်နိုင်ခဲ့တဲ့ သရဲနီတို့ ပုံစံကောင်း တစ်ခုကို ဆက်ထိန်းထားပြီး ဝေးကွာနေတဲ့ ဆုဖလား အောင်မြင်မှု တွေကို ပြန်လည် ရှာဖွေနိုင်ဖို့ ရည်ရွယ်ထားပါလိမ့်မယ်။ တကယ်တမ်း ယူနိုက်တက်တို့ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ဆုဖလား အောင်မြင်မှုတွေနဲ့ ဝေးကွာနေတာ ၄ နှစ် အထိ ရှိလာခဲ့ပါပြီ။ အဓိက ပြသနာက နှစ်စဉ် ငွေကြေးအမြောက်အမြား သုံးစွဲပြီးဆုဖလား မကိုင်မြှောက်နိုင်သေးလို့ ဆိုးလ်ရှားရဲ့ စွမ်းဆောင်ရည်ကို ပရိသတ် အများစုက မနှစ်သက်ပေမယ့် ကလပ် အသင်းဘက် ကတော့ အပြည့်အဝ ယုံကြည်နေပုံရပြီး ပြီးခဲ့တဲ့ လပိုင်းလောက်ကပဲ နော်ဝေသား နည်းပြကို နှစ်ရှည် စာချုပ်သက်တမ်း တိုးထားခဲ့ပါတယ်။ပြီးခဲ့တဲ့ ရာသီကပရီးမီးယားလိဂ်မှာ ဒုတိယရခဲ့သလို ယူရိုပါလိဂ် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် ရလဒ်ပိုင်းရော၊ ခြေစွမ်းပိုင်းမှာပါ ယူနိုက်တက်တို့ အပေါင်း လက္ခဏာဆောင်တဲ့ အခြေအနေ တစ်ခုကို ပိုင်ဆိုင်ထားပြီလို့ ပြောလို့ရပါတယ်။

ဖာဂူဆန်အနားယူပြီးနောက်ပိုင်းပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်မှာပထမဦးဆုံးအကြိမ်ခေါင်းပြန်ထောင်နိုင်ခဲ့တဲ့သရဲနီတို့ပုံစံကောင်းတစ်ခုကိုဆက်ထိန်းထားပြီးဝေးကွာနေတဲ့ဆုဖလားအောင်မြင်မှုတွေကိုပြန်လည်ရှာဖွေနိုင်ဖို့ရည်ရွယ်ထားပါလိမ့်မယ်။
ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၂ နေရာ ရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

ဒီရာသီ မှာတော့ကာလရှည်ကြာ ကြိုးပမ်းခဲ့ရတဲ့ ဒေါ့မန် ကြယ်ပွင့် ဂျေဒန် ဆန်ချိုကို ပေါင် ၇၃ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သလို တရားဝင် မိတ်မဆက်ရသေးပေမယ့် ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူ တစ်ဦး ဖြစ်တဲ့ ဗာရန်း ကိုလည်း ခေါ်ယူထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် လိဒ်စ်နဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် ပထမပွဲထွက် လူစာရင်းမှာ ဗာရန်းနဲ့ ဆန်ချိုတို့ ပါဝင်လာဖို့ မသေချာသေးသလို ရက်ရှ်ဖို့ဒ်၊ ကာဗာနီ၊ ဘိုင်ယီ၊ ဒင်းန်ဟန်ဒါဆန်၊ ဖီးလ်ဂျုံးစ် အပြင် ကိုဗစ် ၁၉ ကူးစက်ခံထားရတဲ့ ဂျက်ဆီ လင်ဂတ်လည်း လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ထုံးစံအတိုင်း ၄-၃-၁-၂ ကစားကွက် ကိုမှ ဂရင်းဝုဒ်နဲ့ မာစီရယ်ကို တိုက်စစ်မှာ တွဲဖက်ကစားစေပြီး ကွင်းလယ်မှာ ဘရူနို ဖာနန်ဒက်စ်၊ ဖရက်ဒ်၊ ပေါ့ဘာ၊ မားတစ်၊ နောက်တန်းမှာ မက်ဂွိုင်းယား၊ ဘစ်ဆာခါ၊ လုခ်ရှော၊ လင်ဒီအော့ဖ် တို့နဲ့ ပွဲထွက်လာမယ့် သဘော ရှိပါတယ်။ ခြေစွမ်းပိုင်းအရ အများကြီး ခန့်မှန်းထားလို့ မရသေးပေမယ့် ဒဏ်ရာရ ကစားသမားများနေတဲ့ ယူနိုက်တက် အနေနဲ့ အနည်းငယ်တော့ ရုန်းကန်ရဦးမယ့် သဘော ရှိပါတယ်။ ရာသီကြို ခြေစမ်းပွဲ ၄ ပွဲ မှာတော့ ဒါဘီကောင်တီနဲ့ အဲဗာတန်ကို အနိုင်ရထားပေမယ့် ကျူပီအာကို ၄-၂ နဲ့ရှုံးပြီး ဘရန့်ဖို့ဒ်နဲ့ ၂ ဂိုးစီ သရေ ကျခဲ့တာ တွေ့ရပါတယ်။ အဲဗာတန်ကို ၄ ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ ယူနိုက်တက်ရဲ့ ခြေစွမ်းက တော်တော်လေး အားရစရာ ကောင်းခဲ့ပြီး လူစုံကစားနိုင်ရင်တော့ ဘယ်လို ပြိုင်ဘက်ကို မဆို အနိုင်ယူဖို့ မခက်လောက်ဘူးလို့ ထင်ပါတယ်။
 
လိဒ်စ်ယူနိုက်တက် ကလည်း ပထမဦးဆုံး တန်းပြန်တက်လာတဲ့ ရာသီ မှာတင် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ရာသီသိမ်းချိန်မှာ အဆင့် နေရာ ၁၀ အတွင်း ဝင်အောင် စွမ်းဆောင် ထားခဲ့ပါတယ်။ဒါပေမယ့် လိဒ်စ်တို့ရဲ့ ရာသီကြို ခြေစမ်းပွဲ ရလဒ်တွေ ကတော့ စိတ်ပျက်စရာ ကောင်းခဲ့ပြီး ဖလိဝုဒ်၊ ရီးရဲယ်ဘက်တစ် တို့ကို ရှုံးနိမ့်ခဲ့သလို အေဂျက်စ်ကို နှစ်ကျော့လုံး ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။ ဗီလာရီးရဲယ်နဲ့ နောက်ဆုံးပွဲမှာ သရေကျခဲ့ပေမယ့် ပုံမှန် ခြေစွမ်းတော့ ပြန်မရသေးတာ တွေ့ရပါတယ်။ ဒါပေမယ့် မာဆယ်လို ဘီရဲယ်ဆာရဲ့ ပြင်းထန်တဲ့ နည်းစနစ်နဲ့ အသားကျနေတဲ့ လိဒ်စ်တို့ တိုက်ပွဲဝင်စိတ် အပြည့်ရှိသလို ပွဲချိန်ပြည့် ပြိုင်ဘက်ကို ဖိအားပေး ကစားနိုင်တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ လျှော့တွက်လို့ မရတဲ့အသင်း တစ်သင်းလို့ ဆိုနိုင်ပါတယ်။ လိဒ်စ်ယူနိုက်တက်ရဲ့ ဒီရာသီ ရည်မှန်းချက်က ပရီးမီးယားလိဂ်ထိပ်ဆုံး ၆ သင်း နေရာနဲ့ ဥရောပပြိုင်ပွဲဝင်ခွင့်ရဖို့ ဖြစ်လို့ ထုံးစံအတိုင်း ဘီရဲယ်ဆာရဲ့ အသင်းက အစ၊ အလယ်၊ အဆုံး ခြေကုန်ထုတ်၊ အားကုန်ထုတ် ကစားလာဦးမှာ သေချာပါတယ်။ ၄-၁-၄-၁ ကစားကွက်နဲ့ပဲ ပွဲထွက်လာဖို့ ရှိပြီး ဂိုးမှာတော့ မက်စ်လေယာ၊ နောက်တန်းမှာ ဖီယာပို၊ ကူပါး၊ ကော့ချ်၊ အေးလင်း၊ ကွင်းလယ်မှာ ဒါးလက်စ်၊ တောင်ပံတွေမှာ ဟာရစ်ဆင်၊ ရာဖင်ညာ၊ အလယ် မှာတော့ ရိုဒရီဂို၊ ကယ်ဗင်ဖီးလစ်နဲ့ တိုက်စစ် မှာတော့ ဘမ်းဖို့ဒ်ပဲ ပါဝင်လာဖို့ ရှိနေပါတယ်။ ဗဟိုကွင်းလယ်နေရာ သာမက ကွင်းလယ် တိုက်စစ်မှာပါ ယူရို ၂၀၂၀ တုန်းက အကောင်းဆုံး ကစားပြနိုင်ခဲ့တဲ့ ကယ်ဗင်ဖီးလစ် ကိုတော့ ဘယ်နေရာမှာ သုံးမလဲ ဆိုတာ စောင့်ကြည့်ရပါမယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

အထက်မှXာ ပြောခဲ့သလိုပဲ ထိပ်တိုက်တွေ့ဆုံချိန်တိုင်း အကြိတ်အနယ် ရှိခဲ့ပေမယ့် လိဒ်စ်ယူနိုက်တက် အတွက်  အိုးထရက်ဖို့ဒ်ဟာ အောင်မြေ တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်နဲ့ ပွဲတော်တော်များများ ဂိုးပြတ် အရှုံးပေးထားရပြီး ပြီးခဲ့တဲ့ ၂ ပွဲမှာ ဆိုရင် ၄-၀၊ ၆-၂ စတဲ့ ဂိုးပြတ် ရလဒ်တွေနဲ့ကို ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက် တွေ့ဆုံခဲ့တဲ့ ၁၀၉ ကြိမ်မှာ ယူနိုက်တက်က ၄၇ ပွဲနိုင်၊ လိဒ်စ်က ၂၆ ပွဲနိုင်ပြီး သရေကတော့ ၃၆ ပွဲ ရှိထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
မန်ချက်စတာ ယူနိုက်တက် -လိဒ်စ်ယူနိုက်တက် ၃ ဂိုးနဲ့ အထက် @ ၂.၀၈ဆ
ဩဂုတ်လ ၁၄ရက် ,ည ၆:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အတွက်၁.၅၇ ဆနဲ့ဧည့်သည်အတွက်၆.၀၀ ဆကြေးဖွင့်ပြီးသရေအတွက် ၄.၆၀ ဆကြေးဖွင့်ထားပါတယ်။ အစဉ်အလာ၊ လက်ရှိ စုဖွဲ့မှု၊ ခြေစွမ်း အဘက်ဘက်မှာ သာနေတဲ့ ယူနိုက်တက် ကိုပဲ ရွေးချယ်ရမှာ ဖြစ်ပေမယ့် အားလုံးသိတဲ့အတိုင်း ဘီရဲယ်ဆာရဲ့ လိဒ်စ်ဟာ ပြီးခဲ့တဲ့ ရာသီက ဆိုရင် ပရီးမီးယားလိဂ် ရဲ့ လုပ်အားနှုန်း အကောင်းဆုံး အသင်း ဖြစ်ပါတယ်။ Agressive ဆန်တဲ့ နည်းဗျူဟာကြောင့် လိဒ်စ်ဟာ ဂိုးသွင်းတတ်ဖို့ အသင်း ဖြစ်သလို ဂိုးပေးရဖို့လည်း ဝန်မလေးတဲ့ အသင်း ဖြစ်ပါတယ်။ ယူနိုက်တက်ကို ရွေးချယ်တာက အဆ နည်းပြီး အရလည်း နည်းမယ့် အတူတူ နှစ်သင်းပေါင်း ၃ ဂိုးနဲ့ အထက်ကို ရွေးချယ်တာက ပိုပြီး ပျော်ရွှင်ရမယ် ထင်ပါတယ်။ ခန့်မှန်း ရလဒ် အနည်းဆုံး ၂-၁ လောက် ဖြစ်သွားပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်