နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အက်စတွန်ဗီလာနဲ့ ကစားမယ့် အိုးထရက်ဖို့ဒ်ညမှာ ရုန်းကန်ရဦးမယ့် မန်ချက်စတာယူနိုက်တက် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

မန်ချက်စတာယူနိုက်တက် vs အက်စတွန်ဗီလာ

လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂  ရက်နေ့ မနက် အစောပိုင်းမှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ အက်စတွန်ဗီလာတို့ ကစားမယ့် ပွဲကောင်းတစ်ပွဲ ရှိနေပြီး SBOTOP ပရိသတ်တွေ အတွက် အထောက်အကူ ဖြစ်စေမယ့် ပွဲကြို ခန့်မှန်းသုံးသပ်ချက် တချို့ကို ဖော်ပြပေးချင်ပါတယ်။ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည် အားရစရာ မကောင်းတဲ့  မန်ချက်စတာယူနိုက်တက်တို့ ခြေစွမ်းထက်မြတ်နေတဲ့ အက်စတွန်ဗီလာနဲ့ ကစားရမှာဖြစ်လို့ ကျိန်းသေပေါက် ရုန်းကန် ရဖို့ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်တို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ ပွဲဆက်တိုက် ရှုံးပွဲလုံးဝမရှိတာ တွေ့ရပါတယ်။ လက်စတာစီးတီးနဲ့ မန်ချက်စတာစီးတီး နှစ်သင်းတည်းကို သရေကျပြီး ကျန်ပွဲစဉ်တွေ အားလုံးကိုတော့ အနိုင်ရထားပါတယ်။ ယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ လူထုတ်ပုံနဲ့ နည်းစနစ်ပိုင်း မှန်ကန်နေပြီး နောက်ပိုင်းကစားတဲ့ ပွဲစဉ်တွေမှာ အမှားနည်းနည်းနဲ့ အနိုင် ၃ မှတ်အပြည့်ရအောင် ကစားထားနိုင်တာ တွေ့ရပါတယ်။ ကွင်းလယ်က ဘရူနို ဖာနန်ဒက်စ်ရဲ့ စွမ်းဆောင်ရည်တွေကြောင့် ယူနိုက်တက်တို့ တော်တော်လေး အဆင်ပြေနေပြီး နောက်ဆုံးကစားခဲ့တဲ့ ဝုဗ်နဲ့ ပွဲစဉ်မှာလည်း ဖာနန်ဒက်စ်ရဲ့ အကွက်မြင်မှုတွေက ယူနိုက်တက် ကို ခက်ခဲနေတဲ့ ကြားက နိုင်ပွဲ တစ်ပွဲ ရှာတွေ့စေခဲ့ပါတယ်။ ယူနိုက်တက်တို့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၄ ပွဲနိုင်ပြီး ၁ ပွဲသရေကျထား ပါတယ်။ အိမ်ကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၈ ပွဲကစားရာမှာ ၃ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲရှုံးနိမ့်ထားပါတယ်။ မားကို့စ် ရိုဟို၊ ဖီးလ်ဂျုံးစ်၊ လင်ဒီအော့ဖ် တို့ကတော့ ဒဏ်ရာပြသနာတွေကြောင့် အခုပွဲမှာ ပါဝင်လာနိုင်ဖို့ မရှိပါဘူး။

အက်စတွန်ဗီလာတို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး ရှုံးပွဲလုံးဝမရှိတာ တွေ့ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ အက်စတွန်ဗီလာ

အက်စတွန်ဗီလာတို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး ရှုံးပွဲလုံးဝမရှိတာ တွေ့ရပါတယ်။ ဝုဗ်ကို ၀-၁၊ ဘန်လေနဲ့ ၀-၀၊ ဝက်စဘရွန်းကို ၀-၃၊ ခရစ္စတယ်ပဲလေ့စ်ကို ၃-၀ နဲ့ ချဲလ်ဆီးကို ၁-၁ ရလဒ်တွေနဲ့ ကစားထားခဲ့ပါတယ်။ အက်စတွန်ဗီလာတို့ ပွဲစဉ် ၆ ကနေ ၁၀ လောက်အထိ ခြေစွမ်းအနည်းငယ် ယိမ်းယိုင်ခဲ့ ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာတော့ ခြေစွမ်းပြန်မှန်နေတာတွေ့ရပါတယ်။ နည်းပြ ဒင်းန်စမစ်ရဲ့ အက်စတွန်ဗီလာတို့ တစ်ချိန်က ပရီးမီးယားလိဂ်အောင်မြင်မှုတွေ ပြန်လည်ရရှိဖို့ အတွက် တစ်သင်းလုံး စည်းလုံးမှု ရှိရှိနဲ့ ကစားနေတာ တွေ့ရပြီး စုဖွဲ့မှုကောင်းနေသလို ခြေစွမ်းအတက်အကျလည်း မှန်နေပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ ၁၄ ပွဲကစား၊ ၈ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၄ ပွဲရှုံးပြီး ရမှတ် ၂၆ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတာ တွေ့ရပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ၇ ပွဲကစားရာမှာ ၅ ပွဲနိုင်၊ ၁ ပွဲသရေကျပြီး ဝက်စ်ဟမ်း တစ်သင်းတည်းကို ရှုံးနိမ့်ထားပါတယ်။ အက်စတွန်ဗီလာရဲ့ ဒဏ်ရာရကစားသမား စာရင်းမှာတော့ ထရက်ဇီဂတ်၊ ရော့စ်ဘာကလီ၊ ဝက်စ်လီမိုရေးစ်တို့ ပါဝင်နေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

မန်ချက်စတာယူနိုက်တက်နဲ့ အက်စတွန်ဗီလာတို့ရဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၂၅ ကြိမ်မှာ မန်ချက်စတာယူနိုက်တက် က အပြတ်အသတ်အသာရထားတွေ့ရပါတယ်။ ယူနိုက်တက်တို့ အနေနဲ့ ၁၉ ပွဲနိုင်၊ ၅ ပွဲသရေကျပြီး ၁ ပွဲသာ ရှုံးနိမ့်ထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာ အိုးထရက်ဖို့ဒ်မှာ ၂-၂ နဲ့ သရေကျထားပြီး ဗီလာပါ့ခ်မှာတော့ ယူနိုက်တက်က ၀-၃ နဲ့ အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
မန်ချက်စတာ ယူနိုက်တက် vs အက်စတန် ဗီလာ 1X2 မန်ချက်စတာ ယူနိုက်တက် @ 1.77
ဇန်နဝါရီလ ၂ ရက်, ည ၁၂:၀၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၆၉ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၄.၃၀ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၁၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာ မန်ချက်စတာ ယူနိုက်တက်တို့ အဘက်ဘက်က အသာရခဲ့တာတွေ့ရပါတယ်။ သွင်းဂိုးတွေလည်း  များလေ့ရှိတာ တွေ့ရပါတယ်။ ၂၀၁၀ နောက်ပိုင်းမှာဆိုရင် ယူနိုက်တက်တို့ အက်စတွန်ဗီလာကို တစ်ကြိမ်တစ်ခါမှ မရှုံးထားပါဘူး။ လက်ရှိ ခြေစွမ်းပိုင်းအရ  တော့ အက်စတွန်ဗီလာတို့ ခြေတက်နေတယ်ဆိုပေမယ့် ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအနေနဲ့ နိုင်ပွဲ ဘယ်လို ရှာရမယ်ဆိုတာ သိနေပါလိမ့်မယ်။ ဒီတစ်ကြိမ်တော့ အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ကို ယုံကြည်ကြရအောင်။ ၂-၁ လောက်နဲ့ ယူနိုက်တက်တို့ အနိုင်ရသွားလောက်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်