နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘောလုံးကွင်းလာပြီး အသင်းကို အားမပေးရပဲ၊ လောဘကြီးတဲ့ ပိုင်ရှင်ကို ဆန္ဒပြခဲ့ရတဲ့ ယူနိုက်တက် ပရိသတ်တွေရဲ့ ပရီးမီးယားလိဂ် ညနေခင်း

ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး၊ လူကြိုက်အများဆုံး အားကစားနည်းက တစ်ခုပဲ ရှိပါတယ်။ ဘောလုံးပါ။ အမေရိကန်မှာ ဘတ်စကတ်ဘော၊ အမေရိကန်ဖွတ်ဘော၊ ဘေ့စ်ဘော၊ အာရှနဲ့ ဩစတြေးလျမှာ ခရစ်ကတ်တို့ ဘယ်လောက်ပဲ လူကြိုက်များ အောင်မြင်နေပါစေ ဘောလုံးအပေါ် စိတ်ဝင်စားမှုကိုတော့ ဘယ်လိုမှယှဉ်လို့ မရပါဘူး။ ဒါကိုသိတဲ့ ၂၁ ရာစု ဘီလျံနာတွေက နာမည်ကြီး ဘောလုံးအသင်းတွေကို ဝယ်ယူပြီး စီးပွားရေးအရ အမြတ်ထုတ်ဖို့ ပစ်မှတ်ထားလာကြပါတော့တယ်။ နောက်ပြီး ဘီလျံနာတွေ အချင်းချင်းဟာ ချမ်းသာကြွယ်ဝမှု ပြိုင်ဆိုင်ပြီးတဲ့ နောက်မှာ ဂုဏ်သိက္ခာပိုင်း ပြိုင်ဆိုင်ဖို့ အတွက်လည်း ဘောလုံး ကလပ်တွေကို အသုံးချလာကြတာလည်း ဖြစ်ပါတယ်။

အဲ့ထဲမှာမှ အမေရိကန် လုပ်ငန်းရှင်တွေနဲ့ ရေနံတွင်းတွေ ခုထိုင်ထားတဲ့ အရှေ့အလယ်ပိုင်းက စော်ဘွားတွေဟာ အဆိုးဆုံးပါပဲ။ ကမ္ဘာအနှံ့ ဘောလုံး ကလပ်တွေကို လိုက်လံဝယ်ယူပြီး အတိုင်းအတာ တစ်ခုအထိ ရင်းနှီးမြှုပ်နှံပေး‌ နေပေမယ့် မန်ချက်စတာယူနိုက်တက်ရဲ့ ပိုင်ရှင် ဂလေဇာ မိသားစု အပါအဝင် တချို့သော အသင်းပိုင်ရှင်တွေရဲ့ ငွေကြေးမက်မောမှု၊ ကိုယ်ပိုင်အကျိုးစီးပွားအတွက် ရည်ရွယ်ပြီး အမြတ်ထုတ်မှုတွေကတော့ ပရိသတ်တွေ အတွက် သည်းခံနိုင်စွမ်း ကုန်သွားလောက်အောင်ကို ရုပ်ပျက်ဆင်းပျက် နိုင်နေတာ တွေ့ရပါလိမ့်မယ်။

အခုဆိုရင်ပဲ ဂလေဇာ မိသားစု ကို ယူနိုက်တက် ပရိသတ်တွေရဲ့ ဆန့်ကျင် ဆန္ဒပြမှုတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာပဲ ပြန်ပြီး ကျယ်လောင်ခဲ့သလို “အသင်းကို အကြွေးနွံထဲ ဆွဲသွင်းပြီး ကျရှုံးအောင် လုပ်နေတာကို လက်မခံ၊ ဂလေဇာ မိသားစု ထွက်သွား” ဆိုတဲ့ စာတမ်းတွေကိုလည်း အိုးထရက်ဖို့ဒ်ရဲ့ ရှေ့မှာသာမက၊ ကွင်းအတွင်းက မျက်ခင်းစိမ်းပေါ်မှာပါ မြင်တွေ့လာခဲ့ရပါတယ်။ ဒါကြောင့်လည်း မနေ့က ကစားရမယ့် ယူနိုက်တက်နဲ့ လစ်ဗာပူးလ်တို့ရဲ့ အခုတစ်ပတ် ပရီးမီးယားလိဂ် စူပါဆန်းဒေး အကောင်းဆုံး ပွဲစဉ်ကို တရားဝင် ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ပရီးမီးယားလိဂ် ကြီး ၆ ကြီးရဲ့ တာဝန်ရှိသူတွေ အနေနဲ့ ESL မှာ ဝင်မပြိုင်ဖို့ ဆုံးဖြတ်ခဲ့ရပြီး ပရိသတ်တွေကို သေသေချာချာ ပြန်လည် တောင်းပန်ခဲ့ရပါတော့တယ်။
ဥရောပစူပါလိဂ်မှာ ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ကြီး ၆ကြီး ဝင်ပြိုင်ဖို့ ကြိုးပမ်းခဲ့

ပွဲချိန်မတိုင်ခင် ယူနိုက်တက် ဝန်ထမ်းတွေ သန့်ရှင်းရေး လုပ်နေချိန်မှာ ပရိသတ်တွေဟာ ကွင်းထဲအထိ ဝင်ရောက်ပြီး အကြီးအကျယ် ဆန္ဒထုတ်ဖော်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ယူနိုက်တက် ဘက်ကစပြီး နှစ်ဖက်အသင်း ပရိသတ်တွေ၊ တာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေ အန္တရာယ် မဖြစ်စေဖို့ ဆိုတဲ့ အကြောင်းပြချက်ကို သုံးပြီး လစ်ဗာပူးလ်နဲ့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေဆီု ပွဲရွှေ့ပေးဖို့ အတွက် ကမ်းလှမ်းခဲ့ရတယ်လို့လည်း သိရပါတယ်။

ဒါဆိုရင် ယူနိုက်တက် ပရိသတ်တွေဆီက မကြားရတာကြာပြီ ဖြစ်တဲ့ ဆန္ဒထုတ်ဖော်သံတွေ ဘာ့ကြောင့် အခုလို အချိန်တိုအတွင်းမှာ ကျယ်လောင်လာခဲ့တာလဲ။ ပြသနာက ဥရောပစူပါလိဂ် ပြိုင်ပွဲ ကျင်းပဖို့ စီစဉ်ခဲ့ရာက စတာပါပဲ။ ဂလေဇာ မိသားစုက သားဖြစ်သူ ဂျိုဝဲလ် ဂလေဇာဟာ ရီးရဲယ်မက်ဒရစ် ဥက္ကဌ ပီးရက်ဇ် စပြီး အကြံရတဲ့ ESL မှာ ဒုဥက္ကဌ ရာထူးကို ယူခဲ့သလို အသင်းကိုလည်း အဲ့ဒီပြိုင်ပွဲမှာ တခြား ထိပ်သီး ၅ သင်းနဲ့အတူ ဝင်ရောက်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပုံမှန်အတိုင်း UEFA ကကျင်းပေးနေတဲ့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ဥရောပစူပါဖလား စတဲ့ ပြိုင်ပွဲတွေကိုတောင် သပိတ်မှောက်ပြီး ဥရောပစူပါလိဂ် ကို ဝင်ကစားဖို့ ဂျိုဝဲလ်ဂလေဇာ အပါအဝင် ပရီးမီးယားလိဂ် ကြီး ၆ ကြီး တာဝန်ရှိသူတွေ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကို တစ်ကမ္ဘာလုံးမှာ ရှိတဲ့ သက်ဆိုင်ရာ ကလပ်အသင်း အသီးသီးရဲ့ ပရိသတ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသလို ဆုံးဖြတ်ချက်ကို အမြန်ဆုံး’ ပြန်ပြင်ဖို့ အတွက်လည်း ဖိအားပေးခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ပရီးမီးယားလိဂ် ကြီး ၆ ကြီးရဲ့ တာဝန်ရှိသူတွေ အနေနဲ့ ESL မှာ ဝင်မပြိုင်ဖို့ ဆုံးဖြတ်ခဲ့ရပြီး ပရိသတ်တွေကို သေသေချာချာ ပြန်လည် တောင်းပန်ခဲ့ရပါတော့တယ်။

 
ကျန်အသင်း ပရိသတ်တွေ အနေနဲ့ သူတို့ရဲ့ အသင်းပိုင်ရှင်တွေ အပေါ်မှာ မကျေနပ်ချက် ကိုယ်စီ ရှိကြတာ မှန်ပေမယ့် ပိုင်ရှင်တွေ ဆီကနေ ကျေနပ်လောက်တဲ့ တောင်းပန်မှုကို ပြန်ရပြီးချိန်မှာတော့ ဆန္ဒပြမှုတွေ ပြန်လည် ငြိမ်သက်သွားခဲ့ ပါတယ်။ ဒါပေမယ့် အဲ့ဒီထဲမှာ ယူနိုက်တက် ပရိသတ်တွေ မပါခဲ့ပါဘူး။ ဂလေဇာ မိသားစုကို မချစ်သော်လည်း အောင့်ကာနမ်းနေရတဲ့ ယူနိုက်တက် ပရိသတ်တွေ ဒေါသူပုန်ထဖို့ ESL က မီးစာ ဖြစ်ခဲ့ပြီး အသင်းပိုင်ရှင် မိသားစုရဲ့ ကြွေးမြီထူတဲ့ ပြသနာ၊ အသင်းကို လုံလောက်တဲ့ ပံ့ပိုးမှုတွေ မလုပ်ပေးတဲ့ ပြသနာတွေ အပေါ်မှာ မကျေနပ်ချက်တွေက ဆက်တိုက် လောင်ကျွမ်းသွားခဲ့ရတာ ဖြစ်ပါတယ်။ အဆိုးဆုံးကတော့ ဂလေဇာ မိသားစုဟာ ကလပ်အသင်း ကနေ သောက်သောက်လဲ ဝင်နေတဲ့ ငွေကြေး အကျိုးအမြတ်တွေကို အသင်းအတွက် မဟုတ်ပဲ ကိုယ်ပိုင် လုပ်ငန်းတွေ အတွက် အသုံးချနေတယ် ဆိုတဲ့ အချက်ပါပဲ။ ဒီအချက်ကြောင့်ပဲ ဂလေဇာ မိသားစုကို ယူနိုက်တက် ပရိသတ်တွေ အနေနဲ့ ခါးခါးသီးသီး မုန်းတီးနေကြတာ ဖြစ်ပါတယ်။ တချို့သတင်းတွေမှာ ဆိုရင် ဂလေဇာ မိသားစုဟာ အသင်းရဲ့ တန်ကြေးကို ၄ ဘီလီယံကျော် သတ်မှတ်ပြီး ရောင်းချတော့မယ် လို့‌တောင် ဖော်ပြနေကြပါပြီ။ လက်တလောမှာတော့ ပရိသတ်တွေ ဘက်က ပိုင်ရှင်ဆီကို တောင်းဆိုချက် ၄ ချက်ပါတဲ့ အိတ်ဖွင့်ပေးစာ ပို့ထားပြီး ဂလေဇာတို့ ဘက်က တုန့်ပြန်မှု လုံးဝ မရှိခဲ့ရင်တော့ မမျှော်လင့်ထားတဲ့ ဆန္ဒထုတ်ဖော်မှုတွေ အများကြီး ဖြစ်လာစေရမယ်လို့ သတိပေးထားခဲ့ပါတယ်။

လာမယ့် ကာလမှာ ယူနိုက်တက်တို့ ပိုင်ရှင် တကယ်ပဲ အပြောင်းအလဲ ဖြစ်သွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပေမယ့် တစ်ဦးတစ်ယောက်ချင်း အမြင်အရ ဆိုရင်တော့ ကမ္ဘာပေါ်က အအောင်မြင်ဆုံး ကလပ်ကို ပိုင်ဆိုင်ထားတဲ့သူ ဘယ်သူ့ဘယ်သူကမှ အလွယ်တကူ ရောင်းထုတ်မယ် မထင်ပါဘူး။ ၄ ဘီလီယံကျော်ဆိုတဲ့ ပမာဏဟာ ဂလေဇာတို့ ၂၀၀၆ ခုနှစ်က ပရီးမီးယားလိဂ် ထိပ်သီးကို စတင် ဝယ်ယူခဲ့စဉ်တုန်းကထက် အဆပေါင်းများစွာ မြတ်နေခဲ့ပြီလို့ ဆိုရမှာပါ။ ဒါပေမယ့် ယူနိုက်တက်ဟာ ရေရှည်မှာ အဲ့ထက်များတဲ့ ပမာဏကို ရှာဖွေပေးနိုင်တယ် ဆိုတာ ဂလေဇာတို့ ကောင်းကောင်း သိနေတာကြောင့် ပရိသတ်တွေရဲ့ ဖိအားလောက်ကို ခေါင်းထဲထည့်နေလိမ့်မယ် မထင်ပါဘူး။ အချိုလေး ပြန်ကျွေးပြီး လိုချင်တာကို ရသလောက် ယူနေဦးမယ်လို့ပဲ ထင်နေပါတယ်။

မည်သို့ပင်ဆိုပါစေ မနေ့က ပွဲကို ရွှေ့လိုက်ရလို့ အကျိုးရှိသွားခဲ့တာက နှစ်သင်းစလုံးပဲ ဖြစ်ပါတယ်။ ယူနိုက်တက်တို့ ဒီပွဲ မကစားဖြစ်ခဲ့တာကြောင့် ကြားရက်မှာ ကစားမယ့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် အတွက် အနားရခဲ့ပြီး လစ်ဗာပူးလ် အတွက် ကလည်း ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အရေးကြီးနေချိန်မှာ တခြားပြိုင်ဘက်တွေရဲ့ ရလဒ်ကို စောင့်ကြည့်လို့ ရသွားခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ အားကစားများ STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်