နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖူလ်ဟမ်ကို အနိုင်ရပြီး ရာသီဝက်ချန်ပီယံဖြစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ဖူလ်ဟမ် ၁ – ၂ မန်ချက်စတာယူနိုက်တက်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်တို့ အဝေးကွင်းမှာ ၁-၂ ရလဒ်နဲ့  ဖူလ်ဟမ်ကို ပွတ်ကာသီကာအနိုင်ရသွားခဲ့ပါတယ်။ အသင်းကြီးတွေ ခက်ခက်ခဲခဲ ကစားနေရလေ့ရှိတဲ့ ဖူလ်ဟမ်ကို အနိုင်ရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တို့ အနေနဲ့ ပရီးမီးယားလိဂ် ရာသီဝက်ချန်ပီယံလည်း ဖြစ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်တို့ အခုပွဲမှာ ကစားရခက်တဲ့ ဖူလ်ဟမ်ကို အသာစီးရယူနိုင်ဖို့ အတွက် တိုက်စစ်မှာ ကာဗာနီ၊ တောင်ပံနှစ်ဖက်မှာ မာစီရယ်နဲ့ မေဆင်ဂရင်းဝုဒ်၊ ကွင်းလယ်မှာ ဘရူနိုဖာနန်ဒက်စ်၊ ပေါ့ဘာ၊ ဖရက်ဒ်၊ နောက်တန်းမှာ လုခ်ရှော၊ မက်ဂွိုင်းယား၊ ဘိုင်ယီ၊ အာရွန်ဝမ်ဘစ်ဆာခါ၊ ဂိုးမှာ ဒါးဗစ် ဒက်ဟဲယား တို့ကို ပွဲထွက်ကစားစေခဲ့ပါတယ်။ ဖူလ်ဟမ် မှာတော့ ကာဗယ်လီရို၊ လော့ဖ်တပ်စ်ချိခ်၊ လွတ်ခ်မန်း၊ တီတီ၊ ရိဒ်၊ အာရီယိုလာ တို့လို ကစားသမားကောင်းတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ သရေများရှင်လို နာမည်ကြီးနေတဲ့ ဖူလ်ဟမ်တို့ အနေနဲ့ မန်ချက်စတာယူနိုက်တက် ဘက်ကို အကောင်းဆုံး ပြန်လည် ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမား မပါဝင်ခဲ့လို့ ယူနိုက်တက်ကို အိမ်ကွင်းမှာ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက် ညာနောက်ခံလူတွေရဲ့ လူကျွံဖမ်းကစားမှု အားနည်းချက် ကတစ်ဆင့် ပွဲချိန် ၅ မိနစ်မှာ ဖူလ်ဟမ်တို့ အဖွင့်ဂိုး စတင်ရရှိသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ အန်ဂစ်ဆာရဲ့ ဖန်တီးပေးပို့မှုကနေ လွတ်ခ်မန်းက ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲချိန် ၂၁ မိနစ်မှာတော့ ကာဗာနီက ချေပဂိုးသွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ ၁-၁ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ယူနိုက်တက်တို့ အိမ်ရှင်အသင်းဘက်ကို ပိုမိုဖိအားပေး ကစားနိုင်ခဲ့ပြီး ၆၅ မိနစ်မှာတော့ ပေါ့ဘာက ဧရိယာထိပ်ကနေ အဝေးကန်ချက်နဲ့ အနိုင်ဂိုးကို လှလှပပ သွင်းယူပေးသွားခဲ့ပါတယ်။ မိနစ် ၉၀ မပြည့်ခင်အချိန်ထိ ဖူလ်ဟမ်တို့ ချေပဂိုးရဖို့ ကြိုးပမ်းခဲ့ပေမယ့် ဂိုးသမား ဒါးဗစ်ဒက်ဟဲယားရဲ့ ကာကွယ်မှုတွေကြောင့် သရေတစ်မှတ်နဲ့တောင် ဝေးကွာခဲ့ရပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲရလဒ်ကြောင့် ဖူလ်ဟမ်တို့ အနေနဲ့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ ဖူလ်ဟမ်

ဖူလ်ဟမ်တို့ အခုပွဲမှာ မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်းမှာ အကောင်းဆုံး ဒုက္ခပေးနိုင်ခဲ့ပေမယ့် ကစားသမား အင်အားချင်း မယှဉ်နိုင်ခဲ့လို့ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲရလဒ်ကြောင့် ဖူလ်ဟမ်တို့ အနေနဲ့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် ကတော့ ကွင်းလယ်က ပေါလ်ပေါ့ဘာရဲ့ တောက်ပမှုနဲ့ အတူ ၁-၂ ဆိုတဲ့ ရလဒ်က အနိုင်ရဖို့ လုံလောက်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်ခွင့်နဲ့လည်း ထိုက်တန်ခဲ့ပါတယ်။ ဒီပွဲမှာ သက်ဆိုင်ရာ နေရာအလိုက် ကစားသမားတွေ အားလုံး အမှားနည်းခဲ့ပေမယ့် ဘရူနိုဖာနန်ဒက်စ်ကတော့ ဒီပွဲမှာ သူ့ပရိသတ်တွေအတွက် ကျေနပ်လောက်စရာ ခြေစွမ်းမျိုး မပြသနိုင်ခဲ့ပါဘူး။
 

လာမယ့်ပွဲစဉ်များ

မန်ချက်စတာယူနိုက်တက်တို့ လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ လစ်ဗာပူးလ်နဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ် ကစားဖို့ရှိပြီး ဖူလ်ဟမ်ကတော့ ဘန်လေနဲ့ ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်