မန်ချက်စတာစီးတီး ကတော့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာတော့ လိဂ်ဝမ်း ကလပ် အိတ်စ်တာစီးတီးကို ဂိုးသွင်း လေ့ကျင့်ခဲ့ပါတယ်။ မန်စီးတီးက မတူညီတဲ့ ကစားသမား ၆ ဦးရဲ့ သွင်းဂိုးတွေနဲ့ အသင်းငယ်လေးကို အညှာတာ ကင်းမဲ့စွာ ၁၀-၁ ရလဒ်နဲ့ အနိုင်ယူခဲ့တာ ဖြစ်ပြီး ကစားသမားသစ် အန်တိုနီယို ဆီမီညို ကလည်း ပွဲဦးထွက်မှာပဲ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဒီနေ့ပွဲမှာ နည်းပြ ပပ် ဂွါဒီယိုလာက ပွဲပယ် ပြစ်ဒဏ်ကြောင့် စင်ပေါ် ကနေ လှမ်းကွပ်ကဲခဲ့ရပါတယ်။ လူစာရင်း အနေနဲ့ ဆိုရင်လည်း မန်စီးတီးက ဟာလန်း၊ ချာကီ၊ ရိုင်ဒါးစ်၊ ရိုဒရီ၊ ဆီမီညို၊ အေခီ တို့နဲ့ အတူ လူငယ် ကစားသမားတွေကို တွဲဖက်ပေးကာ ပွဲထုတ်လာခဲ့ပါတယ်။ မန်စီးတီး အတွက် အဖွင့်ဂိုး ကိုတော့ ပွဲအစ ၁၁ မိနစ်မှာပဲ လူငယ်နောက်ခံလူ အယ်လေနီက သွင်းယူပေးခဲ့ပြီး အဲဒီနောက် မှာတော့ မန်စီးတီးတို့ ဆက်တိုက်ကို ဂိုးသွင်း လေ့ကျင့်ခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ မန်စီးတီး အတွက် ဂိုးတွေ ကိုတော့ ရိုဒရီ၊ ရီကို လီဝစ် (၂ ဂိုး)၊ ဆီမီညို၊ ရိုင်ဒါးစ်၊ အိုရိုင်လီ၊ မက်အီဒိုတို့ သွင်းခဲ့ကြသလို အိတ်စ်တာစီးတီး ကစားသမား ၂ ဦး ကလည်း ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိခဲ့ကြပါတယ်။ အိတ်စ်စတာစီးတီး အတွက် တစ်လုံးတည်းသော ချေပဂိုး ကိုတော့ ပွဲချိန် မိနစ် ၉၀ မှာ ဘရစ်ချ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

၁၉၈၆ ခုနှစ်တုန်းက ဖူလ်ဟမ်နဲ့ လိဂ်ဖလားပွဲမှာ လစ်ဗာပူးလ်က ၁၀-၀နဲ့ အနိုင်ရပြီး နောက်ပိုင်း နှစ်ပေါင်း ၃၉ နှစ် အကြာမှာ မန်စီးတီးက ပြည်တွင်း ရှုံးထွက်ဖလား ပွဲစဉ် တစ်ပွဲမှာ ပြိုင်ဘက်ကို ၁၀ ဂိုး အထိ သွင်းနိုင်တဲ့ ပထမဦးဆုံး ကလပ် အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးက ၁၉၆၀ ခုနှစ် ဖေဖော်ဝါရီလက တော့တင်ဟမ်ဟော့စပါးတို့ ခရီဝီ အလက်ဇန္တားကို ၁၃-၂ နဲ့ အနိုင်ရရှိခဲ့ပြီး နောက်ပိုင်း အက်ဖ်အေဖလားမှာ ၁၀ ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး အင်္ဂလိပ် ထိပ်တန်း အသင်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် မန်ချက်စတာစီးတီးဟာ ၂၀၁၅ ခုနှစ် ကနေ လက်ရှိအချိန်ထိ အက်ဖ်အေဖလားရဲ့ အိမ်ကွင်း ပွဲစဉ်တွေမှာ ၁၆ ပွဲ ဆက်တိုက် အနိုင်ရခဲ့တာကြောင့် ၁၉၃၉ ကနေ ၁၉၅၅ ခုနှစ် အတွင်း လစ်ဗာပူးလ်တို့ တင်ထားတဲ့ စံချိန်ကိုလည်း လိုက်မီခဲ့ပါတယ်။ မန်စီးတီးဟာ အက်ဖ်အေဖလားမှာ ၂၀၂၃ ခုနှစ်က နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ထားပြီး ပြီးခဲ့တဲ့ နှစ်ရာသီဆက် ဗိုလ်လုပွဲ တက်ရောက်ထားနိုင်ပါတယ်။
ဒါ့အပြင် မန်စီးတီး အတွက် ပထမဦးဆုံး အကြိမ် ပွဲထွက် ကစားခွင့်ရခဲ့တဲ့ ဂါနာသား အန်တိုနီယို ဆီမီညိုဟာ ပွဲချိန် ၆၄ မိနစ် အတွင်း အောင်မြင်တဲ့ ဘောလုံးပေးပို့မှု ၃၈ ကြိမ်၊ အခွင့်အရေး ဖန်တီးနိုင်မှု ၂ ကြိမ်၊ ဂိုးပေါက်တည့်မှု ၁ ကြိမ်၊ ဂိုးဖန်တီးမှု ၁ ကြိမ်နဲ့ ကိုယ်တိုင်လည်း ၁ ဂိုး သွင်းခဲ့ပါတယ်။ မန်စီးတီး အတွက် ပွဲဦးထွက်မှာပဲ ကိုယ်တိုင် ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တဲ့ နောက်ဆုံး ကစားသမားက အသင်းရဲ့ ဂန္ထဝင် အာဂျင်တီးနား တိုက်စစ်မှူး ဆာဂျီယို အဂွဲရိုး (၂၀၁၁ ခုနှစ် ဆွမ်ဆီးစီးတီးနဲ့ ပွဲ) ဖြစ်ပြီး လက်ရှိမှာတော့ ဆီမီညိုက ဒုတိယမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးဟာ အက်ဖ်အေဖလား ဂိုးပြတ် နိုင်ပွဲရအပြီး ၃ ရက် အကြာမှာပဲ နယူးကာဆယ်နဲ့ ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


